• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

.

သူရူး

နှင်းဆီဆူး

နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲတဲ့လေ။

မော်စကို …….. သို့ ………. ချစ်သူ

ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ စိတ်ကူးထားတဲ့အတွေးတွေ ဒီရင်ဘတ်နဲ့ အပြည့်။ အခွံဖြစ်သွားတဲ့ ပုလင်းထဲက အခါးရည်တွေကလဲ ခုတော့ ဒီဗိုက်ထဲမှာအပြည့်။ ဒီလိုနဲ့ပဲ ညပေါင်းများစွာ ဒီရင်ဘတ်မှာ ရီဝေတယ် မူးတယ် မေ့တယ် မောတယ်။

7 VIPs

တောင်စွယ်မှာ နေမကွယ်သေးပါဘူး။ လျှပ်စစ်မီးတို့ မပြတ်တောက်ပါဘူး။ ဘယ်သူမှ အမှောင်မချပါဘူး။ ခပ်ပါးပါး နှင်းတို့လဲ ဖြူဖြူဖွေးဖွေးကျနေဆဲ။ ဒါပေမယ့် ဒီနေ့ ကျနော်တို့ရဲ့ စိတ်တွေ မည်းမှောင်နေခဲ့တယ်။ တနည်းအားဖြင့် မဲနက်သော အမှတ်တံဆိပ်ကို ရင်ဘတ်မှာ ကပ်ပြီး အပြုံးမျက်နှာတို့နဲ့ ဖြတ်သန်းကြတဲ့နေ့။ Black Label နဲ့ ဝိုင်းဖြစ်ကြတဲ့နေ့။

သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ

စီးကရက်တစ်ဗူးစာ ကျော်ရုံပဲရှိသေးတဲ့အသက် နောက်တစ်ဗူးစာမှ နေရပါ့မလား နောက်နှစ်ဗူးစာမှ နေရပါ့မလား ဒါ ငါ့အလုပ်မဟုတ်ဘူး ငါသေမယ့်ရက်စွဲ ငါကိုယ်တိုင် မဖြည့်ရရင်တော်ပြီ။

တခါက တို့ကျောင်းဆောင်လေး

မခိုင်မခံ့ပတ္တာတို့မှာ လေတိုးဒဏ်ကြောင့် တကျွိကျွိမြည်လျှက်။ တံခါးရွက်တို့မှာလည်း တဂျောက်ဂျောက်အော်နေဆဲ။ ကြောက်စိတ်ဖြင့် ငြိမ်သက်နေသော ကျနော်တို့ကြားမှာတော့ ဆရာမ၏ အားပေးသံနှင့် လေပြင်းတို့ စီးချင်းထိုးသံများ ကြီးစိုးလျှက်။

ဒီလမ်းလေးမှ အစချီ

ငါ့ဘဝမှာ တတ်မြောက်လာတဲ့ ကောင်းမှု မကောင်းတွေကြောင့် ငါဟာ ဆရာကောင်းတပည့် ပန်းကောင်းပန် ဖြစ်ဖူးသလို ငါကိုယ်ငါ ဆရာမှားခဲ့လို အင်္ဂုလိမာလလို လက်ညိုးတစ်ထောင် လိုက်ဖြတ်ဖူးတယ်။ မကောင်းမှုတွေ တတ်လာခဲ့ရတဲ့ ငါ့ကိုယ်ငါလဲ မုန်းမိပါရဲ့။

ဆီးဆောစိတ်ကူး

ဒီလိုအတွေးပေါင်းများစွာနဲ့ပဲ ဒီမြို့လေးမှာ ငါ့ကိုယ်ငါ ပြုတ်ကျလိုက် ဆွဲထူလိုက် ငါ့ကိုယ်ငါ ပျောက်သွားလိုက် ပြန်ရှာလိုက်နဲ့ ငါ့ကိုယ်ငါ ပြန်တွေ့တဲ့တစ်နေ့တော့ မင်းနဲ့ ပြန်တွေ့ချင်သေးတယ် မော်စကိုမြို့လေးရေ...

အနုပညာလမ်းလေး (၁)

ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။

အိုဘယ့် မိုးကြိုး

မိုးကြိုးပစ်ခံရခြင်းသည် တဒင်္ဂ လျှပ်စစ်ဓါတ်လိုက်ခြင်းကို ကြုံရစေသည်။ တစ်စက္ကန့်မျှသာရှိသော တဒင်္ဂဖြစ်သည်။ ကြုံတောင့်ကြုံခဲ့ တဒင်္ဂဖြစ်သည်။ ထူးခြားသောစွမ်းအင်ကို ရစေနိုင်သော တဒင်္ဂဖြစ်သည်။ တစ်ဘဝကို အဆုံးသတ်သွားစေနိုင်သော တဒင်္ဂလည်းဖြစ်လေသည်….

အာ… ဂလူ

ဘီယာသောက်ဖို့ အိပ်ကပ်ထဲမှာ Qualify မဖြစ်တာထက် အရက်ကျဲကျဲသောက်ဖို့တောင် အောင်မှတ်မသေချာတဲ့ကောင်။ “မင်းကဘာကောင်လဲ”လို့ မေးမေးပြီး “ငါကတော့ အကောင်မဟုတ်ဘူး လူ အာ..ဂလူ” လို့ ပြောလေ့ရှိတဲ့ကောင်။

သင်္ကြန်လေသွေး (၁)

ညငှက်တို့မျက်ရည်

စကားဝိုင်းလေးဖန်တီးခြင်း

Tuesday, December 15, 2009 13:36
ကဏ္ဍခွဲအမျိုးအစား နည်းပညာစာပေ
1 ယောက်ရဲ့အမြင်

သူငယ်ချင်းတွေ ကျွန်တော့်ဆိုက်ဒ်ထဲမှာ လမ်းကြုံတုန်းဖြစ်ဖြစ် သီးသီးသန့်သန့်လေးဖြစ်ဖြစ်  အလွယ်တကူ စကားဝိုင်းဖွဲ့နိုင်ဖို့ Chatroom လေးတစ်ခု ဖန်တီးထားလိုက်ပါပြီဗျာ။ Menu Bar မှ စကားဝိုင်း ကို Click ပြီး အင်တာနက်မဆွဲပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ စကားဝိုင်းလေးဖွဲ့နိုင်ပါတယ်။ နာမည်ပုံသေနဲ့ Chat ချင်သူများအတွက် Sign Up လုပ်ပြီး ဝင်နိုင်သလို အလွယ်တကူ ဝင်ချင်သူများအတွက် Guest ကို Click ပြီး မိမိနှစ်သက်ရာ နာမည်ပေးပြီး စကားဝိုင်းဖွဲ့နိုင်ပါတယ်။ သူငယ်ချင်းအားလုံး ကျွန်တော့်ရဲ့ စကားဝိုင်းလေးမှ ဖိတ်ခေါ်သလို စကားဝိုင်းမှတဆင့် သူငယ်ချင်းများရဲ့ ခင်မင်မှုများ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Diverse Group Of Colorful Business People Seated At A Round Conf

စာအညွှန်း- Chatroom, စကားဝိုင်း

ညငှက်တို့မျက်ရည်

Sunday, December 13, 2009 7:01
ကဏ္ဍခွဲအမျိုးအစား ကဗျာ
8 ယောက်ရဲ့အမြင်များ

crying-girl တစ်နေသေလို့ မှောင်ရီပြိုးပြ
ခပ်ကြွကြွလေး မာယာခြယ်
ဘဝတူသူငယ်ချင်းတွေနဲ့
သူတို့ပဲ ညကစားထွက်ကြတယ်…

အကြောင်းပြချက်အမျိုးမျိုး
တိုးပြီးရင်းတိုးတတ်လွန်းတယ်
ငွေကြေးကိုလမ်းတိုအလိုက်မှာ
ခပ်မိုက်မိုက်လေးအရဲစွန့်ရတော့
ဟိုတယ်ကားဂိတ်ဘူတာတံတား
ချောင်ကြိုချောင်ကြားအားလုံး
သူတို့နေရာတွေချည်း…..

ဗန်းစကားအခေါ်ဝေါ်စုံအောက်မှာ
ပြုသမျှနုပေးရမယ့် အငှားခန္ဒာအတွက်
ငွေရွှင်သူတို့ တဏှာကိုဂျိုတပ်တော့
သူမတို့ဘဝကို တန်ဖိုးဖြတ်ကြတယ်….

ပြုံးနေရလဲ မပျော်ဘူး
သူတို့ရင်ဘတ်မှာ ရှိုက်သံထပ်နေလိမ့်မယ်
ထောင်နှုတ်ခမ်းကိုနင်း အလှပန်းကိုရင်းပြီး
ဒါလား “ဘဝ”လို့ ဟားတိုက်အရယ်
အမှန်သိပြီး မပြင်နိုင်တဲ့ မျက်ရည်အကျမှာ
အဆိပ်နံ့တွေပဲ လှိုင်လှိုင်ဝေသွားလိမ့်မယ်……

စာအညွှန်း- ကဗျာ

သူရူး

Friday, December 11, 2009 6:10
ကဏ္ဍခွဲအမျိုးအစား ကဗျာ
7 ယောက်ရဲ့အမြင်များ
crazy-heart

မင်းမေးချင်မှာပေါ့
ဘဝအမှားတွေ ချေဖျက်နိုင်ဖို့
ခဲဖျက်ဘယ်နှစ်တောင့်များပါခဲ့လဲလို့…

မင်းနဲ့အတွေ့မှာ မင်းအငွေ့သက်လေးတောင်
ထုပ်သိမ်းထားနိုင်တဲ့ ဝိညဉ်တစ်ကောင်အဖြစ်
မိုက်မိုက်မဲမဲ တွယ်ငြိပစ်လိုက်မယ်
ဘယ်တရားနဲ့မှ မကျွတ်စတမ်း
ဘယ်တော့များမှ သာဓုမခေါ်စတမ်းပေါ့…

နတ်ရူးကို ဗုံမြှောက်သတဲ့
ရူးလောက်တဲ့ မင်းမနက်စာတွေမှာ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ကဗျာ

Collection of Paper Art Album

Thursday, December 10, 2009 12:35
ကဏ္ဍခွဲအမျိုးအစား Art
3 ယောက်ရဲ့အမြင်များ

ဝါသနာပါရာ စိတ်ကူးနဲ့ တီထွင်ဆန်းသစ်ပြီး တစ်မျိုးစီ ရူးသွပ်မှုတွေထဲက လက်ဝင်လှတဲ့ One Paper Art ကို စုမိထားသလောက် အဟောင်းတွေရော အသစ်တွေပါ အားလုံးစုပြီး တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ Download နိုင်ပါတယ်။

[View with PicLens]
P9
P8
P7
P6
P5
P4
P2
P11
P10
P1
L9
L8
L7
L6
L5
L4
L25
L24
L23
L22
123►
စာအညွှန်း- Art, Paper Art

7 VIPs

Monday, December 7, 2009 18:10
ကဏ္ဍခွဲအမျိုးအစား ဘ၀မှအမှတ်တရများ
6 ယောက်ရဲ့အမြင်များ

တနေ့ တချိန်တုန်းက အူနံရံပါးပါးတွေကို တွန်းကန်ထွက်လာလိုက်တာ မွေးနေ့အဖြစ် တည်နေခဲ့တယ်။ ကျောင်းအပ်မယ့် နေ့ရောက်သည်အထိ အဖေနဲ့ အမေ နာမည်ရွေးလို့ မပြီးသေးတာ မှတ်မိသေးတယ်။ ကစားဝိုင်းထဲ အနိုင်ကျင့်ခံရတဲ့နေ့တွေ နာကျဉ်းနေတတ်သေးတယ်။ မုန့်လုစားဖက် ရှိလာမယ့်နေ့တွေ မျှော်လင့်ခဲ့ဖူးတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ အိမ်ပြေးဖြစ်တဲ့နေ့ကို လွမ်းဆွတ်နေတတ်သေးတယ်။

အဟောင်းတွေ အသစ်တွေ များစွာသော နေ့များထဲက အဲဒီနေ့လေး တစ်နေ့က………

အမိဝမ်းတွေမတူခဲ့ဘူး
ခြေချခဲ့တဲ့ မြေအရောင်တွေ မတူခဲ့ဘူး
ထမ်းခဲ့ရတဲ့ ဒုက္ခအိုးတွေ မတူခဲ့ဘူး
ဒါပေမယ့်
တစ်ယောက်လက်ကို တယောက်ဆွဲမိချိန်
သွေးကြောထဲက ခံယူချက်တွေ
ရင်ဘတ်ထဲက သံယောဇဉ်တွေ
တူညီနေခဲ့ရင် ပုခုံးဖက်ရင်းပြောလိုက်မယ်
မင်းဟာ ငါ့ရဲ့ သူငယ်ချင်း…

တောင်စွယ်မှာ နေမကွယ်သေးပါဘူး။ လျှပ်စစ်မီးတို့ မပြတ်တောက်ပါဘူး။ ဘယ်သူမှ အမှောင်မချပါဘူး။ ခပ်ပါးပါး နှင်းတို့လဲ ဖြူဖြူဖွေးဖွေးကျနေဆဲ။ ဒါပေမယ့် ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ဘဝမှအမှတ်တရများ

မော်စကို …….. သို့ ………. ချစ်သူ

Wednesday, November 18, 2009 5:02
ကဏ္ဍခွဲအမျိုးအစား ဝတ္ထုတို, ဟာသ
10 ယောက်ရဲ့အမြင်များ

ချစ်သူရေ… လွမ်းလိုက်ရတာကွာ။ ခုများဆို ဝေးနေကြရတာ ဘယ်လောက်တောင် ရှိပြီပဲ။ အင်းလေ… ဝေးနေကြရတယ်ဆိုတာထက် မနီးကြရသေးတာပေါ့။ ကမ္ဘာတခြမ်းဆီမှာနေရင်း လေထုတွေကတဆင့် ဝါယာတွေကတဆင့် ရုပ်ဝတ္ထုတွေကတဆင့် မင်းနဲ့ ဆုံခဲ့ကြတာမဟုတ်လား။ ရှေးကုသိုလ် ရေစက် သံသရာစက်ဝန်းရဲ့ ဆုံမှတ်တနေရာမှာ ချစ်နေကြရတဲ့ချစ်သူ… တနည်းအားဖြင့်… အင်တာနက်ချစ်သူ။

အပြင်မှာမမြင်ဖူးပေမယ့်

ရင်မှာအချစ်ထူးတယ်

အရူးမလေးရယ်…

မင်းနဲ့ တွေ့ကြရမယ့် အချိန်လေးတွေကို မျှော်လင့်မိပါရဲ့။ တွေ့ရမယ့် အချိန်တွေ ဝေးနေပြန်သေးတော့လဲ အချိန်မတိုင်မီ တွေ့ချင်တဲ့ စိတ်လေးဖြစ်မိသေးတယ်။ စိတ်ကူးယဉ်ရင်း လွမ်းတယ်။ လွမ်းရင်း မျှော်တယ်။ ကိုယ်က သူ့ဆီ မသွားနိုင်သေးတော့ သူအလာကို မျှော်မိတယ်။ ဒီလိုနဲ့ပဲ အခက်ခဲတွေကြားမှာ လွမ်းစိတ်ကို အပေါင်းသင်းနဲ့ ဖြေသိမ့်တယ်။ ဆိုတယ် ကတယ် တီးတယ် သောက်တယ်။ ဆိုကရေးတီး(Socrates)ကို  ဂုဏ်ပြုနေသည့်အလား။ ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ စိတ်ကူးထားတဲ့အတွေးတွေ ဒီရင်ဘတ်နဲ့ အပြည့်။ အခွံဖြစ်သွားတဲ့ ပုလင်းထဲက အခါးရည်တွေကလဲ ခုတော့ ဒီဗိုက်ထဲမှာအပြည့်။ ဒီလိုနဲ့ပဲ ညပေါင်းများစွာ ဒီရင်ဘတ်မှာ ရီဝေတယ် မူးတယ် မေ့တယ် မောတယ်။

နေရာတခြားဆီပေမယ့်

မင်းအနားခြေရာချချင်တယ်

သေနာမလေးရယ်…

ဒီနေ့ …. လွမ်းမောမှုတွေ ခဏတာ ချွေးသိပ်မယ့်နေ့။

လေညှင်းတခုတည်းကို အတူရှုရှိုက်ရမယ့်နေ့။

တနည်းအားဖြင့်… မော်စကို ….. သို့ ….. ချစ်သူ ခေတ္တရောက်လာမယ့်နေ့။

ရှိသမျှထဲက အလိုက်ဖက်ဆုံးလေးတွေ ရွေးဝတ်ပြီး ချပ်ချပ်ရပ်ရပ် မရှိတော့တဲ့ ရင်ခုန်သံတွေနဲ့ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- Moscow, ဝတ္ထုတို

ကမ္ဘာကျော်ပုဂ္ဂိုလ်များ

Thursday, November 12, 2009 17:24
ကဏ္ဍခွဲအမျိုးအစား တွေ့ကြုံမိရာ
4 ယောက်ရဲ့အမြင်များ

တွေ့မိသမျှနဲ့ သတိထားမိသမျှ ပုဂ္ဂိုလ်တွေသာကို စုပြီး တင်လိုက်တာပါ။ တခြား ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ ကျန်အုံးမှာပါ။

မေတ္တာဖြင့်

TGRmg

[View with PicLens]
image001
image002
image003
image004
image005
image006
image007
image008
image009
image010
lenin-in-1922
lord-mountbatten
sun-yat-sen
winston-churchill
mahatma-gandhi
ho-chi-minh
စာအညွှန်း- famous people

လွဲမှားနေတဲ့ စကားပုံများ

Wednesday, November 4, 2009 1:59
ကဏ္ဍခွဲအမျိုးအစား တွေ့ကြုံမိရာ
8 ယောက်ရဲ့အမြင်များ

စကား စကား စရင်းနဲ့ကားလေသလားပဲမသိဗျာ။ တဆင့်စကား တဆင့်နားနဲ့ ပျက်လာရတဲ့ စကားပုံလေးတွေကို ကြုံတာနဲ့ သိခွင့်ရလိုက်တာလေး ပြန်ပြီး မျှဝေချင်ပါတယ်။ ဒါလေးတွေ စသိသိချင်း ကျနော်ကိုယ်တိုင်ပဲ လက်ခံထားတဲ့ ဒီစကားတွေ တဆင့် တဆင့် မှားယွင်းစွာ လက်ခံလာတဲ့ စကားပုံတွေ ဘယ်လောက်တောင် ရှိလိမ့်အုံးမလဲ သိချင်လာမိတယ်။

ထားဝယ်ယိုကြပ်ခိုး >> ထားဝယ်ရိုးကြက်ခိုး

စကားပုံရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ထားဝယ်ယိုဟာ ကြပ်ခိုးလို မဲပါတယ်။ ထားဝယ်သူ ထားဝယ်သားတွေလဲ အသားညိုပေမယ့် စိတ်ထား ဖြူစင်ရိုးသားကြပြီး စကားချိုသာတာကို တင်စားတဲ့ သဘောနဲ့ပါ။ အချိန်တွေ ကြာလာတော့ ဖြစ်လာပုံက ထားဝယ်တွေ ရိုးတယ်ဆိုတာ အနည်းဆုံး ကြက်တော့ ခိုးတတ်သလို ပြောဆိုလာကြ ၊ နားလည်လာကြရပါတော့တယ်။

ရှမ်းရိုးလင်ကိုး >> ရှမ်းရိုးလင်ခိုး / လင်ကိုး(ယောက်)

ရှမ်းရိုးရာ ရှမ်းသူတို့ဟာ သူတို့ရဲ့ လင်ယောက်ျားကို ကိုးကွယ်ကြတယ်။ လင်ယောက်ျားကို ရှမ်းမများက ကိုင်တိုင် အလုပ်အကျွေးပြုကြတယ်။ ဒီဓလေ့လေးကို ဆိုလိုတာပါ။ ဒီကနေ ပြောင်းလာလိုက်တာက ရှမ်းသူများ ရိုးတဲ့သူတောင် သူများလင်ခိုးတတ်သလိုလို ၊ အနည်းဆုံး လင်ကိုးယောက်ပဲ ရှိသလိုလို ပြောင်းလဲပစ်ကြတယ်။ တိုင်းရင်းသားတွေရဲ့ ချစ်စရာအလေ့အထနဲ့ စကားပုံတွေ ညစ်ညမ်းသွားတာ စိတ်မကောင်းစရာပါ။

ပန်းပဲတူငြိမ် >> ပန်းပဲလူလိမ်

မူရင်းက ပန်းပဲဆရာတို့ဟာ သူတို့ရဲ့ လက်မှုထည် ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- စကားပုံ

သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ

Friday, September 11, 2009 3:11
ကဏ္ဍခွဲအမျိုးအစား ကဗျာ, ဘ၀မှအမှတ်တရများ
15 ယောက်ရဲ့အမြင်များ

သေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။

ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။

ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။

ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- Birthday, ကဗျာ

မယုံရင်ကြည့်ပေါ့

Thursday, September 10, 2009 8:34
ကဏ္ဍခွဲအမျိုးအစား ဟာသ, တွေ့ကြုံမိရာ
13 ယောက်ရဲ့အမြင်များ

ဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….

“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”

“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”

“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”

“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။  ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”

“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”

“ဘာမှ စဉ်းစားစရာမလိုဘူး ကိုယ့်လူ။ သတင်းကြေညာမလို့ လုပ်ကတည်းက ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ဟာသ, ပြက္ခဒိန်
« စာစုအဟောင်းများသို့

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 8 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
  • Taurus: ကျေးဇူးတင်ပါတယ် ..အသိဥာဏ်လေးတိုးပွားတာပေါ့  ... :)...
  • Rainbow: အထူးအဆန်းတွေ အမြဲရှာဖွေထားတတ်တဲ့ ဖိုးဆိတ်ဖြူလေးရေ... သူငယ်ချင်းတွေနဲ့ ပျော်ရွင်စွာ နောင်နှစ်ပေါင်းများစွာအထိ စာပေးကောင်းတွေ ရေးသားနေနိုင်ပါစေ..... :)...
  • ဆိုးသွမ်း: ဟ ဟ ဟ ... ဟုတ်ပါ့ကွာ... ရေခွက်မှန်း အရက်ခွက်မှန်း မသိအောင် ဖြစ်နေတာတော့... တော်တော် ဆိုးတယ် ဆရာကျန်ရေ ... :P...
  • ခိုင်ခိုင်: တကယ်ကိုရင်နာစရာကောင်းတဲ့အဖြစ်တွေပါ။ ဘ၀အမောတွေပြေနိုင်ကြပါစေ။ ကဗျာလေးက လှတယ်။ သူတိုဘ၀လေးကို ခံစားတင်ပြထားတာ အရမ်းကိုကောင်းပါတယ်။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  • အမှာစကားပါးရန်

  • Random Gallery

    SANYO DIGITAL CAMERA 1paper art (2) 1paper art (7) 1paper art (12)
  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • နေ့စဉ်နဲ့အမျှ ဖတ်နေသူများ

    • 8Visitors today:
    • 10Visitors yesterday:
    • 14Visitors per day:
    • December 10, 2009Counter starts on:
  • ယခုလအတွင်း ရေးသောရက်များ

    February 2010
    M T W T F S S
    « Dec    
    1234567
    891011121314
    15161718192021
    22232425262728
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts