• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

Archive for the ‘ဟာသ’ Category

မော်စကို …….. သို့ ………. ချစ်သူ

Wednesday, November 18, 2009 5:02 12 Comments

ချစ်သူရေ… လွမ်းလိုက်ရတာကွာ။ ခုများဆို ဝေးနေကြရတာ ဘယ်လောက်တောင် ရှိပြီပဲ။ အင်းလေ… ဝေးနေကြရတယ်ဆိုတာထက် မနီးကြရသေးတာပေါ့။ ကမ္ဘာတခြမ်းဆီမှာနေရင်း လေထုတွေကတဆင့် ဝါယာတွေကတဆင့် ရုပ်ဝတ္ထုတွေကတဆင့် မင်းနဲ့ ဆုံခဲ့ကြတာမဟုတ်လား။ ရှေးကုသိုလ် ရေစက် သံသရာစက်ဝန်းရဲ့ ဆုံမှတ်တနေရာမှာ ချစ်နေကြရတဲ့ချစ်သူ… တနည်းအားဖြင့်… အင်တာနက်ချစ်သူ။
အပြင်မှာမမြင်ဖူးပေမယ့်
ရင်မှာအချစ်ထူးတယ်
အရူးမလေးရယ်…
မင်းနဲ့ တွေ့ကြရမယ့် အချိန်လေးတွေကို မျှော်လင့်မိပါရဲ့။ တွေ့ရမယ့် အချိန်တွေ ဝေးနေပြန်သေးတော့လဲ အချိန်မတိုင်မီ တွေ့ချင်တဲ့ စိတ်လေးဖြစ်မိသေးတယ်။ စိတ်ကူးယဉ်ရင်း လွမ်းတယ်။ လွမ်းရင်း မျှော်တယ်။ ကိုယ်က သူ့ဆီ မသွားနိုင်သေးတော့ သူအလာကို မျှော်မိတယ်။ ဒီလိုနဲ့ပဲ အခက်ခဲတွေကြားမှာ လွမ်းစိတ်ကို အပေါင်းသင်းနဲ့ ဖြေသိမ့်တယ်။ ဆိုတယ် ကတယ် တီးတယ် သောက်တယ်။ ဆိုကရေးတီး(Socrates)ကို  ဂုဏ်ပြုနေသည့်အလား။ ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ [...]

This was posted under category: ဝတ္ထုတို, ဟာသ Tags: Moscow, ဝတ္ထုတို

မယုံရင်ကြည့်ပေါ့

Thursday, September 10, 2009 8:34 13 Comments

ဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။  ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး [...]

This was posted under category: ဟာသ, တွေ့ကြုံမိရာ Tags: ဟာသ, ပြက္ခဒိန်

သင်္ချာတွက်နည်း

Friday, July 24, 2009 1:15 No Comments

သင်္ချာပုစ္ဆာများကို အဖြေမြန်မြန်ရအောင် အောက်ပါနည်းများအတိုင်း တွက်ချက်ပါ……..

ကိုင်း… အဲလို တွက်ပစ်တော့ မမြန်ဘူးလား ခုရက်ပိုင်းအတွင်း ဖွဲ့တည်ရာမဂ္ဂဇင်း ဖတ်နေလို့ အသစ်မရေးဖြစ်နိုင်တာနဲ့ ဓါတ်ပုံတွေကိုပဲ ဆားချက်ချက်လိုက်တယ်ဗျာ။ သင်္ချာမှာ ခုလို ထူးချွန်နိုင်ပါစေ…

This was posted under category: ဟာသ Tags: ဟာသ

နှစ်ပေါက်အကြွေး

Monday, October 27, 2008 5:57 9 Comments

ဘလော့ဂ်ကို ပြန်ဝင်ပြီမို့ Gtalk လေး ပြန်ဝင်ပြီး သူငယ်ချင်းတွေနဲ့ ဟိုပွား ဒီပွားလေး လုပ်ကာစရှိသေး တုံ! တုံ! ဆိုပြီး တက်လာလိုက်တဲ့ message က မရွှန်းမီရဲ့ “Tag… Tag” တဲ့။ တစ်လကျော်ပြီမို့ မေ့ချင်ယောင်ဆောင်နေတာ သူက မမေ့ပဲ တွေ့တွေ့ချင်း ချက်ချင်း အကြွေးတောင်းတော့တာ။ သူ့ဆီက ပိုက်ပိုက်ချေးဖို့ ဘယ်တော့မှ စိတ်ကူးတော့ဘူး (အကြွေးတောင်း သန်လွန်းလို့ ဟိ)။ ဒါနဲ့ပဲ မျက်နှာချိုသွေးပြီး “ခုညပဲ ရေးပေးပါမယ် ညကတည်းက မအိပ်ရသေးလို့ ခုနေ့လည် ခဏအိပ်လိုက်အုံးမယ်” ပေါ့။
“တကယ်လား” တဲ့။ ကဲကြည့် ! မေးပုံကိုက မယုံမကြည်နဲ့
“တကယ်ပေါ့” ဘာညာဘာညာ ရွှီးပေးလိုက်တာ တကယ်ယုံသွားတယ်နဲ့ တူပါတယ်။
“ဒါဆို စောင့်နေပြီ” တဲ့။
“သု သု” [...]

This was posted under category: သူငယ်ချင်းတို့ တက်သမျှ, ဟာသ Tags: tag, ဟာသ

ရယ်ရွှင်ပြုံး

Saturday, October 25, 2008 8:24 1 Comment

Avast Anitvirus အကြောင်း လေ့လာရင်းနဲ့ တွေ့မိတဲ့ ဗီဒီယိုလေး တစ်ခု တင်ပေးလိုက်တယ်ဗျာ။ ဒီလို ဆိုးသွမ်းနေတဲ့ကောင်ကို နောက်ဆုံး Avast ကပဲ ထိမ်းလိုက်နိုင်တယ်ဆိုတဲ့ သဘောပေါ့။ အပျင်းပြေ ပြုံးပျော်နိုင်ပါစေဗျာ။

This was posted under category: For computer, ဟာသ Tags: Avast, ဟာသ

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်

Saturday, September 20, 2008 3:02 14 Comments

ဟိုတခါတုန်းက တက်တာတွေ ခေတ်စားလိုက်တုန်းက ဘလော့တွေမှာ ပြဿနာ နည်းနည်းဖြစ် ပြီးကတည်းက တက်တာတွေ ရပ်သွားလိုက်တာ ခုပြန်ပေါ်လာပြန်ပီပေါ့။ ရှေ့တစ်လကျော်လောက် ကတည်းက မအားဖြစ်လို့ ဘလော့ကို ပစ်ထားမိတာ တက်ကြွေးရေးပေးဖို့လဲ တော်တော်ကို နောက်ကျသွားတယ်။ နောက် – မွေးနေ့တုန်းကလဲ ပွဲလုပ်ပေမယ့် ဘာမှမရေးဖြစ်တာ ဘာရယ်မဟုတ် ပါဘူး မအားတာရယ် နောက် ဘလော့ဘက်မှာ ကွာနေတာကြာပြီး ခုရက်မှ ထမရေးတယ်ဖြစ်မှာ စိုးလို့ပါ။ သိသွားလို့ လာနှုတ်ဆက်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို အားနာနာနဲ့ ကျေးဇူးတင်မိပါတယ်။ ကဲ … တက်ဂိမ်းစလိုက်တဲ့ မီးငယ် နဲ့ ဘော့ဒကာကြိမ်း ကြိမ်းနေတဲ့ မောင်ငယ် ရေ …. စပြီကွ။
နာမည် ——– မင်းကျန်စစ် (ဘာလို့ ပေးမိလိုက်လဲတော့ နောက်မှ ရေးတော့မယ်)
သူငယ်ချင်းတွေက [...]

This was posted under category: သူငယ်ချင်းတို့ တက်သမျှ, ဟာသ Tags: ဟာသ

ထားဝယ်သားရယ်…

Tuesday, August 12, 2008 15:16 18 Comments

ထားဝယ်သား သူငယ်ချင်းတစ်ယောက် အိပ်သို့လာလည်သောအခိုက် …
“အောင်ကျော်ထွင်းရာ …… မင်းအတွက် ထားဝယ်ကနေ ပုဆိုး ခွင်နထည် ဝယ်လာတာ တစ်ထည်က တွင့်ကျေနေလို့ မီးပူထိုးလိုက်တာ မီးကျွင်းသွားလို့ ခြောက်ထည်ပဲ ပါလာရ တော့တယ်”
အောင်ကျော်ထွန်းက လဖက်သုတ်စားနေရင်း နားလည်အောင် မနည်းနားထောင်နေ၏။
“အောင်ကျော်ထွင်းရာ ဧည့်သည်ကို ဧည့်ခံတဲ့ လဖက်သုတ် မင်းပဲစားနေတယ်။ ငါ့လဲ ဇွင်းပေးပါအုံးကွ”
“မင်းစကားနားထောင်ရတာလဲ မျက်စိလည်လိုက်တာကွာ။ ဇွန်းတော့ ပီအောင်ပြောပါဟ။”
“ထားဝယ်သား ထားဝယ်သံပဲ ထွက်မှာပေါ့ အောင်ကျော်ထွင်းရ”
“မြန်မာလို မပီရင် အင်္ဂလိပ်လို ပြောကွာ။ ပီအောင် ပြောနိုင်မှ ပေးမယ်”
“စပွင်းးးးး”
တက္ကသိုလ်တက်တုန်းက ထားဝယ်သားတွေကို နောက်ခဲ့တာကို သတိရလို့ ပြန်ရေးမိတာဗျာ။ ထားဝယ်သားတွေ လာဖတ်မိရင် ခွင့်လွှင့်ပေးကြပါ

This was posted under category: ဟာသ Tags: ဟာသ

ကျွန်မသိပြီ

Friday, August 8, 2008 16:47 7 Comments

ဂီတပညာရှင်ကြီး မစ္စတာထင်ပေါ် နှင့် မစ္စစ်ထင်ပေါ်တို့၏ အိမ်ထောင်သက် အနှစ် လေးဆယ်ပြည့် မင်္ဂလာပွဲသို့ မစ္စတာ ထုံပေတို့ ဇနီးမောင်နှံလာရောက်ကြသည်။ ဧည့်ခံပွဲတွင် စားသောက်ကြပြီးနောက် မစ္စတာထုံပေမှာ အတော်လေး မူးနေပြီဖြစ်သည်။ အပေါ့သွားချင် သဖြင့် မစ္စတာ ထင်ပေါ်အား ရေအိမ်ရှိရာကို မေးမြန်းပြီး တယိမ်းတယိုင်ဖြင့် သွားခဲ့ရသည်။
ဧည့်ခံပွဲမှ အပြန်တွင် မစ္စတာထုံပေက သူ့၏ဇနီး မစ္စစ်ထုံပေအား
“ထင်ပေါ်တို့ ချမ်းသာလိုက်ပုံများ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်ကွာ။ အံ့ရောပဲ”
“ဟုတ်ပမလားရှင်…။ ရှင်မူးနေခဲ့လို့ အမြင်မှားတာ နေမှာပါ။ ကျွန်မတော့ မယုံဘူး”

This was posted under category: ဟာသ Tags: ဟာသ

သူမနဲ့ အဟောင်းများ

Friday, June 27, 2008 20:42 32 Comments

ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။
လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။
အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။

This was posted under category: ကဗျာ, ဟာသ Tags: ကဗျာ, ဟာသ

မန်းနေးဂျင်းသို့ …

Tuesday, May 20, 2008 1:46 20 Comments

သို့ /
မန်နေးဂျင်း ဒါရိုက်တာ (သို့) ဘော့စ်
အကြောင်းအရာ။ ။ လစာမဲ့ခွင့် ခံစားခွင့်တောင်းခံခြင်း။
ကျွန်တော် အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ် ကိုကျန်သည် ယခုရက်ပိုင်းအတွင်း ဇနီးသည် မပရိုဂရမ်မှာ ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည်ကတစ်ကြောင်း ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကတစ်ကြောင်း ၊ ( 0 နှင့် 1 ) နှစ်လုံးတည်းသာသိကာ ဥာဏ်ရည်မမှီဖြစ်နေသော သားကြီး မောင်ဒစ်ဂျစ်တယ်ကို သွန်သင် ဖြောင့်ဖြပေးနေရသည်က တစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းများကြောင့် ရုံးတက်ချိန်မမှန် ၊ စာရင်းစစ်များ လာသော်လည်း စာရင်းရှင်းတမ်းများ ထုတ်မပေးနိုင် ၊ နယ်လက်ခွဲများလို့ ဖြန့်ဖြူးရာတွင်လည်း လစ်ဟင်း နှောင့်နှေးခဲ့သည်များကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ယုတ်လျော့ခဲ့ရသည်။ မန်းနေးဂျင်းတို့၏ နားလည် ခွင့်လွှတ်ပေးမှုများကြောင့်သာ [...]

This was posted under category: ဟာသ Tags: ဟာသ
« Older Entries

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 9 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • ခန့်မိုးခက်: ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။ ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်...
  • သိ င်္ဂါ ရ: တကယ်ရောက်လာတာများလား လို့ ... :)...
  • သိ င်္ဂါ ရ: ဟုတ်ပ ဗျာ ... သနားစရာပေပေါ့ ... တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ ......
  • Sai: ကောင်းတယ်ညီရေ..ကလောင် ရည် ကတော့ ရှယ်ပဲ၊ မရောက်တာကြာလို့ ဘာတွေရေးထားလဲ လာကြည့်တာ၊...
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  •  

  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • ယခုလအတွင်း ရေးသောရက်များ

    September 2010
    M T W T F S S
    « Dec    
     12345
    6789101112
    13141516171819
    20212223242526
    27282930  
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts