• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

Archive for the ‘တွေ့ကြုံမိရာ’ Category

ကမ္ဘာကျော်ပုဂ္ဂိုလ်များ

Thursday, November 12, 2009 17:24 4 Comments

တွေ့မိသမျှနဲ့ သတိထားမိသမျှ ပုဂ္ဂိုလ်တွေသာကို စုပြီး တင်လိုက်တာပါ။ တခြား ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ ကျန်အုံးမှာပါ။
မေတ္တာဖြင့်
TGRmg

This was posted under category: တွေ့ကြုံမိရာ Tags: famous people

လွဲမှားနေတဲ့ စကားပုံများ

Wednesday, November 4, 2009 1:59 9 Comments

စကား စကား စရင်းနဲ့ကားလေသလားပဲမသိဗျာ။ တဆင့်စကား တဆင့်နားနဲ့ ပျက်လာရတဲ့ စကားပုံလေးတွေကို ကြုံတာနဲ့ သိခွင့်ရလိုက်တာလေး ပြန်ပြီး မျှဝေချင်ပါတယ်။ ဒါလေးတွေ စသိသိချင်း ကျနော်ကိုယ်တိုင်ပဲ လက်ခံထားတဲ့ ဒီစကားတွေ တဆင့် တဆင့် မှားယွင်းစွာ လက်ခံလာတဲ့ စကားပုံတွေ ဘယ်လောက်တောင် ရှိလိမ့်အုံးမလဲ သိချင်လာမိတယ်။
ထားဝယ်ယိုကြပ်ခိုး >> ထားဝယ်ရိုးကြက်ခိုး
စကားပုံရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ထားဝယ်ယိုဟာ ကြပ်ခိုးလို မဲပါတယ်။ ထားဝယ်သူ ထားဝယ်သားတွေလဲ အသားညိုပေမယ့် စိတ်ထား ဖြူစင်ရိုးသားကြပြီး စကားချိုသာတာကို တင်စားတဲ့ သဘောနဲ့ပါ။ အချိန်တွေ ကြာလာတော့ ဖြစ်လာပုံက ထားဝယ်တွေ ရိုးတယ်ဆိုတာ အနည်းဆုံး ကြက်တော့ ခိုးတတ်သလို ပြောဆိုလာကြ ၊ နားလည်လာကြရပါတော့တယ်။
ရှမ်းရိုးလင်ကိုး >> ရှမ်းရိုးလင်ခိုး / လင်ကိုး(ယောက်)
ရှမ်းရိုးရာ ရှမ်းသူတို့ဟာ သူတို့ရဲ့ [...]

This was posted under category: တွေ့ကြုံမိရာ Tags: စကားပုံ

မယုံရင်ကြည့်ပေါ့

Thursday, September 10, 2009 8:34 13 Comments

ဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။  ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး [...]

This was posted under category: ဟာသ, တွေ့ကြုံမိရာ Tags: ဟာသ, ပြက္ခဒိန်

ဒီလမ်းလေးမှ အစချီ

Tuesday, September 8, 2009 16:50 8 Comments

လျှောက်ခဲ့တဲ့လမ်းလေး
စိုပြေတလှည့် ခြောက်သွေ့တလှည့်
အနှစ်နှစ်တွေ ဖြတ်သန်း
နွမ်းတဲ့အခါ နွမ်းတယ်
လန်းတဲ့အခါ လန်းတယ်
ဒီလျှောက်လမ်းကို ရောက်ခဲ့တဲ့ အချိန်တွေမှာ တောတစ်အုပ်လုံး စိမ်းလန်းနေတာ မြင်ဖူးခဲ့သလို တောတစ်အုပ်လုံး ခြောက်သွေ့နေတာလဲ မြင်ဖူးခဲ့လေရဲ့။ ဒီတခါတော့ ထူးထူးခြားခြားပါပဲ။ လမ်းလေးရဲ့ တစ်ဖက်တောအုပ်က စိမ်းလန်းလို့ တဖက်တောအုပ်မှာတော့ ရိုးတံပြိုင်းပြိုင်းဖြစ်နေချိန်နဲ့ ကြုံခဲ့ရတယ်။ ရာသီစက်ဝန်းတွေ

This was posted under category: ကဗျာ, အတွေးအမြင်, တွေ့ကြုံမိရာ Tags: ကဗျာ

အနုပညာလမ်းလေး (၂)

Thursday, September 3, 2009 17:11 2 Comments

ဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။
ဒီလမ်းလေးရဲ့ ဘေးဘယ်ညာတစ်လျောက်မှာ မော်စကိုရောက် အမှတ်တရလက်ဆောင် ရောင်းတဲ့ဆိုင်တွေ ပြည့်နှက်နေတယ်။ နိုင်ငံခြားသား အလာများတဲ့ ဒီလမ်းလေးမို့ အရောင်းစာရေးမလေးတွေက အင်္ဂလိပ်လိုလဲ နည်းနည်းပြောတတ်ကြတယ်။ သာမန်နေရာထက် ဒီနေရာက ရုရှားမလေးတွေကို ပိုပျူငှာကြအောင် ဒီလမ်းလေးက သင်ပေးထားသလိုပဲ။ ဆိုင်ထဲမှာလဲ မြန်မာနိုင်ငံရဲ့ ယွန်းထည်တွေလို သူတို့ အနုပညာ သူတို့လက်ရာနဲ့ လက်ဆောင်တွေ ခင်းကျင်းထားလေရဲ့။ ရုရှားလက်ဆောင်မှာ နာမည်အကြီးဆုံးကတော့ ဆိုတဲ့ ရုရှားမအရုပ်ပါပဲ။ မြန်မာ့ ပစ်တိုင်းထောင် နဲ့ နီး၂စပ်၂တူပါတယ်။ သူ့ထူးခြားချက်ကတော့

This was posted under category: ဘ၀မှအမှတ်တရများ, တွေ့ကြုံမိရာ Tags: Moscow, Арбат

အနုပညာလမ်းလေး (၁)

Thursday, August 27, 2009 23:40 6 Comments

ဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။
ခုလိုပွင့်လင်းရာသီမှာ မော်စကိုမြို့ရဲ့ အထင်ကရနေရာတွေက သာမန်အချိန်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။ တစ်သက်တာမှာ ရောက်ဖူးခဲ့တဲ့ လမ်းလေးထဲမှာ ဒီလမ်းလေးကတော့ အမှတ်တရအရှိဆုံး။ ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။
မြေအောက်ရထား ဘူတာထဲက ထွက်လိုက်လို့ ဒီလမ်းလေးရဲ့ အဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ လူတွေမျက်နှာဟာ သာမန်လူတွေမှာ မြင်ရတဲ့ ဘဝအမောတွေ ပြေပျောက်နေတာကို တွေ့ရတယ်။ လမ်းလေးထဲကို စရောက်တာနဲ့ မျက်လှည့်ပြပွဲလေး တစ်ခုက ဆီးကြိုနေတတ်တယ်။ အင်တာနက်မှာ မြင်ရတဲ့ [...]

This was posted under category: ဘ၀မှအမှတ်တရများ, တွေ့ကြုံမိရာ Tags: Art, Moscow, Арбат

အောက်တန်းကျတဲ့ အနုပညာ

Wednesday, August 19, 2009 22:00 13 Comments

မြန်မာဖြစ်ရတာ ရှက်ဖို့ မကောင်းပေမယ့် မြန်မာရယ်လို့ မော်ကြွားနိုင်စရာ နည်းပါးလာတာက ရှက်ဖို့ ကောင်းလာတယ်။ တခါက တတန်းတည်း စာသင်ကြတဲ့ ကုလား သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်စပ်မိပြီး သူက သူတို့ ကုလားကားတွေ ပေးကြည့်တယ်။ အကုန်နီးပါ သိပ်ကောင်းပါတယ်။ Kabhi Khushi Kabhie Gham ကားကို မြန်မာက ပြန်ရိုက်တဲ့အခါ သားအကြီး ရှရွတ်ခမ်းက လန်ဒန်ကနေ ဟတ်စကီးနဲ့ ပြန်အလာ ခြေချတဲ့အသံကို မိခင်ရဲ့ စိတ်က သိလိုက်တဲ့နေရာမှာ ဝါဝါဝင်းရွှေက ရန်ကုန်မှာ ကျောင်းတက်နေတဲ့ သူ့သား မန္တလေးကို ပြန်အလာ ခြံစည်းရိုးကို ကျော်ပြီး အိမ်ခြံထဲ ဝင်လာတဲ့ ခြေသံနဲ့ အစားထိုးထားတာ သတိထားမိလိုက်တယ်။ ကိုင်း.. မှတ်ကရော။ မြန်မာကားတစ်ခုခုလဲ သူကို ပြန်ပြပါဆိုတော့ ကင်းကိုက်တာပဲ။ [...]

This was posted under category: တွေ့ကြုံမိရာ Tags: မြန်မာဗွီဒီယို

ချစ်သူ့ဂေဟာ

Saturday, October 25, 2008 5:59 5 Comments

မင်းကိုသိပ်ချစ်တယ်ဆိုတာ သက်သေပြဖို့ မအားလပ်ခဲ့တဲ့ ငါ့ကို တမျိုးပဲ ထင်နေလေမလား။ မင်းကို ယုယတဲ့အခါ ယုယပေမယ့် ပစ်ထားတဲ့အချိန်တွေလည်း နည်းမှ မနည်းပဲ။ နှစ်လနီးပါးတောင် ရှိပြီပေါ့။ အပြစ်ပေးရင်လဲ ကျေနပ်အောင် ခံယူဖို့ အသင့်ပဲလေ။ မင်းအတွက် သီးသန့်နေရာလေးတစ်ခုပေးဖို့ ရည်ရွယ်ထားတာ ကြာပေမယ့် မဖြစ်ခဲ့ရင် မင်းစိတ်မကောင်းဖြစ်မှာစိုးလို့ ငါ့စိတ်ထဲမှာပဲ ကြိတ်ပြီး ကြံစည်နေခဲ့တာ ကြာရောပေါ့။ မင်းစိတ်ထဲမှာတော့ အိုးပိုင် အိမ်ပိုင်လေး မလုပ်ပေးနိုင်တဲ့ ငါ့ကို အထင်သေး အချစ်ပေါ့နေမလား တွေးမိတိုင်း ငါခြောက်ခြားခဲ့ရတယ်။ သိပ်မလုံခြုံတဲ့ ဒီနေရာလေးမှာ မင်းကို တစ်ယောက်တည်း ထားရတာလဲ တခါတလေ ငါ့ညတွေ အိပ်မပျော်နိုင်ခဲ့ဘူး။ ဒီရက်ပိုင်းတော့ အခြေအနေ တိုက်ဆိုင်တာနဲ့ မင်းနဲ့ငါ တူတူနေကြမယ့် ဂေဟာလေးတစ်လုံးကို မင်းမသိအောင် ခိုးဆောက်ခဲ့တာ ငါပဲပေါ့။ [...]

This was posted under category: For blog, တွေ့ကြုံမိရာ Tags: Blog, wordpress

ဖြစ်စေချင်တယ်…

Thursday, April 24, 2008 1:26 9 Comments

ကျောင်းကပွဲအတွက် ဒိုးပတ်ဝိုင်းတိုက်နေလို့ မအားရဘူး ဖြစ်နေတယ်ဗျာ။ ကျောင်းကတဖက် အနားကပ်မှ သိရတာတဖက်ကြောင့် ညဘက်တွေပါ လေ့ကျင့်နေကြရတယ်ဗျာ။ ဒိုးပတ်ဝိုင်းတိုက်ရင်း နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတော်တော်များများမှာ ဖြစ်တတ်တဲ့ အချက်လေး တစ်ခုတွေ့ရလို့ ဒီပို့စ်ကို ရေးလိုက်တာပါ။ တခြားနိုင်ငံတွေမှာကတော့ ကျောင်းတစ်ကျောင်းမှာ အများအားဖြင့် မြန်မာဆိုရင် ကျောင်းသားနဲ့ကျောင်းသူ မျှပြီး ရှိတတ်ကြပါတယ်။ ကျနော်တို့ မော်စကိုမှာလဲ တခြားနိုင်ငံက ပညာသင်သူတွေမှာလဲ ကျောင်းသား ကျောင်းသူတွေ မျှပြီး ရှိတတ်ကြပါတယ်။ ကျောင်းကပွဲတိုင်းမှာလဲ နိုင်ငံအလိုက်က ပြိုင်ပွဲအဖွဲ့မှာ မိန်းကလေးကျောင်းသူတွေရဲ့ အကအဖွဲ့တွေပါ တွဲဖက်ပါတတ်ကြပါတယ်။ ကျနော်တို့ မြန်မာတွေကတော့ မိန်းကလေးဆိုလို့ မူးလို့ပင် ရှုစရာမရှိပေမယ့် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်နဲ့ ဦးရွှေရိုး ဒေါ်မိုး အကတွေ ရှိနေလို့ တော်ပါသေးတယ်ဗျာ။ တခြားနိုင်ငံတွေက ခေတ်ပေါ် ဒစ်စကိုတီးလုံးတွေ ဒီဂျေတွေနဲ့ စုံတွဲအကတွေနဲ့ [...]

This was posted under category: အတွေးအမြင်, တွေ့ကြုံမိရာ

3D Desktop အတွက် Crack

Saturday, April 19, 2008 17:21 No Comments

သူငယ်ချင်းတွေ ပြောလာကြတယ်။ ကျွန်တော်မျှဝေထားတဲ့ 3D Desktop ဟာ expire ဖြစ်သွားလို့ သုံးလို့မရတော့ဘူးလို့ ပြောလာကြပါတယ်။ ဟုတ်ပါတယ်။ ကျနော် Download ပေးလိုက်တဲ့ ဖိုင်ထဲမှာ Crack ပါမသွားတာပါ။ ခု Crack သီးသန့် ပေးလိုက်ပါတယ်။ ဒီမှာ Download ယူနိုင်ပါတယ်။ ရလာတဲ့ Crack ကို copy ယူပြီး C >> Program File >> Deskspace ဖိုင်ထဲမှာ ထည့်ပေးလိုက်ပါ။ ရှိပြီးသား deskspace.exe နေရာမှာ လဲပြီး ထည့်ပေးလိုက်ရင် activate ဖြစ်သွားပါပြီ။ အားလုံး အိုကေသွားပါစေဗျာ

This was posted under category: For computer, Software, တွေ့ကြုံမိရာ Tags: For computer, Software
« Older Entries

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 9 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • ခန့်မိုးခက်: ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။ ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်...
  • သိ င်္ဂါ ရ: တကယ်ရောက်လာတာများလား လို့ ... :)...
  • သိ င်္ဂါ ရ: ဟုတ်ပ ဗျာ ... သနားစရာပေပေါ့ ... တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ ......
  • Sai: ကောင်းတယ်ညီရေ..ကလောင် ရည် ကတော့ ရှယ်ပဲ၊ မရောက်တာကြာလို့ ဘာတွေရေးထားလဲ လာကြည့်တာ၊...
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  •  

  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • ယခုလအတွင်း ရေးသောရက်များ

    September 2010
    M T W T F S S
    « Dec    
     12345
    6789101112
    13141516171819
    20212223242526
    27282930  
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts