Archive for the ‘ကဗျာ’ Category
ညငှက်တို့မျက်ရည်
Sunday, December 13, 2009 7:01 9 Commentsတစ်နေသေလို့ မှောင်ရီပြိုးပြ
ခပ်ကြွကြွလေး မာယာခြယ်
ဘဝတူသူငယ်ချင်းတွေနဲ့
သူတို့ပဲ ညကစားထွက်ကြတယ်…
အကြောင်းပြချက်အမျိုးမျိုး
တိုးပြီးရင်းတိုးတတ်လွန်းတယ်
ငွေကြေးကိုလမ်းတိုအလိုက်မှာ
ခပ်မိုက်မိုက်လေးအရဲစွန့်ရတော့
ဟိုတယ်ကားဂိတ်ဘူတာတံတား
ချောင်ကြိုချောင်ကြားအားလုံး
သူတို့နေရာတွေချည်း…..
ဗန်းစကားအခေါ်ဝေါ်စုံအောက်မှာ
ပြုသမျှနုပေးရမယ့် အငှားခန္ဒာအတွက်
ငွေရွှင်သူတို့ တဏှာကိုဂျိုတပ်တော့
သူမတို့ဘဝကို တန်ဖိုးဖြတ်ကြတယ်….
ပြုံးနေရလဲ မပျော်ဘူး
သူတို့ရင်ဘတ်မှာ ရှိုက်သံထပ်နေလိမ့်မယ်
ထောင်နှုတ်ခမ်းကိုနင်း အလှပန်းကိုရင်းပြီး
ဒါလား “ဘဝ”လို့ ဟားတိုက်အရယ်
အမှန်သိပြီး မပြင်နိုင်တဲ့ မျက်ရည်အကျမှာ
အဆိပ်နံ့တွေပဲ လှိုင်လှိုင်ဝေသွားလိမ့်မယ်……
သူရူး
Friday, December 11, 2009 6:10 7 Commentsမင်းမေးချင်မှာပေါ့
ဘဝအမှားတွေ ချေဖျက်နိုင်ဖို့
ခဲဖျက်ဘယ်နှစ်တောင့်များပါခဲ့လဲလို့…
မင်းနဲ့အတွေ့မှာ မင်းအငွေ့သက်လေးတောင်
ထုပ်သိမ်းထားနိုင်တဲ့ ဝိညဉ်တစ်ကောင်အဖြစ်
မိုက်မိုက်မဲမဲ တွယ်ငြိပစ်လိုက်မယ်
ဘယ်တရားနဲ့မှ မကျွတ်စတမ်း
ဘယ်တော့များမှ သာဓုမခေါ်စတမ်းပေါ့…
နတ်ရူးကို ဗုံမြှောက်သတဲ့
ရူးလောက်တဲ့ မင်းမနက်စာတွေမှာ
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ
Friday, September 11, 2009 3:11 15 Commentsသေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။
ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။
ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။
ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
ဒီလမ်းလေးမှ အစချီ
Tuesday, September 8, 2009 16:50 8 Commentsလျှောက်ခဲ့တဲ့လမ်းလေး
စိုပြေတလှည့် ခြောက်သွေ့တလှည့်
အနှစ်နှစ်တွေ ဖြတ်သန်း
နွမ်းတဲ့အခါ နွမ်းတယ်
လန်းတဲ့အခါ လန်းတယ်
ဒီလျှောက်လမ်းကို ရောက်ခဲ့တဲ့ အချိန်တွေမှာ တောတစ်အုပ်လုံး စိမ်းလန်းနေတာ မြင်ဖူးခဲ့သလို တောတစ်အုပ်လုံး ခြောက်သွေ့နေတာလဲ မြင်ဖူးခဲ့လေရဲ့။ ဒီတခါတော့ ထူးထူးခြားခြားပါပဲ။ လမ်းလေးရဲ့ တစ်ဖက်တောအုပ်က စိမ်းလန်းလို့ တဖက်တောအုပ်မှာတော့ ရိုးတံပြိုင်းပြိုင်းဖြစ်နေချိန်နဲ့ ကြုံခဲ့ရတယ်။ ရာသီစက်ဝန်းတွေ
အာ… ဂလူ
Sunday, August 2, 2009 9:32 8 Commentsငါဆိုတဲ့ကောင်ကလေ
တကယ့်ကို ကန့်လန့်။
လမ်းလျှောက်တိုင်း
ဘယ်ခြေရှေ့ရောက်ရင်
ညာခြေနောက်ရောက်တုန်း။
ညာခြေရှေ့ရောက်ရင်
ဘယ်ခြေနောက်ရောက်တုန်း။
အလကားရတယ်ဆိုရင်
ရပ်ကွက်မီးလောင်တာတောင်
ထိုင်ပြီး မီးလှုံနေမယ့်ကောင်။
ဘယ်သူ့မှ ဒူးမထောက်ဘူးဟစ်ကြွေးနေတဲ့လူကို
မင်းဘယ်ဘာသာကိုးကွယ်လဲမေးချင်တဲ့ကောင်။
ဘီယာသောက်ဖို့ အိပ်ကပ်ထဲမှာ Qualify မဖြစ်တာထက်
ဆီးဆောစိတ်ကူး
Saturday, July 25, 2009 4:41 9 Commentsမချစ်သော်လည်း အောင့်ကာနမ်း…တဲ့
သုံးနှစ်သုံးမိုးတောင် ကျော်ခဲ့ပေါ့
ဒီမြို့လေးကို အောင့်နမ်းရင်းနဲ့ပဲ
တခါတလေ ပျို့အန်မိသလို
တခါတလေလဲ ချိုမြိန်လာတတ်လေရဲ့…
ငယ်ငယ်ကတည်းက စက်ဘီးချောက်ချက်
မီးပျက်ပျက်နဲ့ ငါပျော်ခဲ့တဲ့
တောင်တန်းလေးတွေကြားက
ဒေသလေးကို လွမ်းတဲ့အခါ
ဒီမြို့ကို သိပ်မုန်းတာပဲ…
ငါ့ဒေသက ကျောင်းအဟောင်းလေးရဲ့
တစ်လုံးတည်းသော ကွန်ပျူတာအသစ်လေး
Y2K ပြသနာကြောင့် နယူးရီးယားည၁၂နာရီမှာ
ထပေါက်ကွဲသွားမလား စိုးရိမ်မိတာတွေ
ရယ်စရာကောင်းမှန်း သိလာစေတဲ့အခါ
ချစ်သူသို့ သတိကဗျာ
Thursday, July 23, 2009 23:51 1 Commentချစ်သူရေ….
ကြိုက်သလောက် ချစ်လိုက်စမ်းပါ
နှောင်ကြိုးတော့မဖြစ်စေပါနဲ့
အချစ်ဆိုတာ တို့နှစ်ယောက်ကြားက
လွတ်လွတ်လပ်လပ် သွားလာနေတဲ့
နားလည်မှုတစ်စုံတစ်ရာလေးပဲ ဖြစ်ပါစေ…
ချစ်သူရေ…
ချစ်ခြင်းကို ယုံကြည်မှုတွေနဲ့မွန်းမံလိုက်ပါ
သဝန်တိုစိတ်တွေ မဖြစ်လိုက်ပါနဲ့
လောကကြီးမှာ ဝန်ဆောင်မှုတွေများလို့
အသုံးအဆောင်ပိုလှလာတယ်ဆိုပေမယ့်
အလျော့တွက်လက်ခပိုလာတာမျိုး မဖြစ်ပါစေနဲ့…
မျှားမိတဲ့ကဗျာ
Tuesday, January 27, 2009 6:39 23 Commentsငါးမျှားချိတ်မှာ တီကောင်တပ်တော့
ငါးတချို့ကို မျှားမိတယ်
သိက္ခာတပ်ပြီး မျှားမိတော့
ငွေစတချို့ကို မျှားမိပြန်တယ်
ငွေစတချို့ကို တပ်ပြီးမျှားမိပြန်တော့
မိတ်ဆွေအတုတွေ မျှားမိတယ်
မိတ်ဆွေအတုတွေ တပ်ပြီးမျှားမိပြန်တော့
မှားယွင်းမှုတွေ မျှားမိတယ်……..
ရင်ခုန်ခြင်းတွေတပ်ပြီးမျှားမိတော့
အချစ်တွေကို မျှားမိတယ်
အချစ်တွေကို တပ်ပြီးမျှားမိတော့
အို… မျှော်လင့်မထားတဲ့ ပူလောင်မှုတွေမျှားမိတယ်
ပူလောင်မှုတွေတပ်ပြီးမျှားပြန်တော့
ကြေကွဲမှုတွေ မျှားမိပြန်တယ်
ကြွေကွဲမှုတွေ တပ်ပြီးမျှားမိတော့
ဒီကဗျာကိုပဲ မျှားမိတယ်…….
မင်းအမုန်း
Sunday, October 26, 2008 8:04 9 Commentsရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် စပ်ဖျင်းဖျင်း
မကျက်သေးတဲ့ အနာပေါ်
တုတ် ခဏခဏ အချခံရတယ်။
မင်းအမုန်းတွေကိုကြောက်တယ်ဆိုတာသိရက်နဲ့
ခံနိုင်ရည်မရှိတဲ့ငါ့ကို
ခဏခဏ မုန်းမပြလိုက်ပါနဲ့။
မင်းအမုန်းကြောင့်
နေထွက်နေဝင်မပြောင်းလဲပေမယ့်
ငါ့ထွက်သက်ဝင်သက်တော့ ရပ်တန့်သွားနိုင်တယ်။
ဆန့်ကျင်ဘက်
Wednesday, September 24, 2008 11:29 17 Commentsမင်းနဲ့ငါ
ကွဲပြားလိုက်ပုံများ
ရပ်တည်နေကြတာကိုက
ဆန့်ကျင်ဘက်….
ဆန့်ကျင်ဘက်အရပ်တွေဆီ
ရှေ့ရှုထားတဲ့ မင်းနဲ့ငါ
ကျောချင်းကပ်လျှက်တော့ မဟုတ်ဘူး
မျက်နှာချင်းဆိုင်လျှက် ……
ဆန့်ကျင်ဘက်တွေဆီ
တို့နှစ်ယောက်လျှောက်လှမ်းရင်း
တဖြည်းဖြည်း ဝေးသွားမှာလား
တဖြည်းဖြည်း နီးလာမှာလား
တို့နှစ်ယောက်က
တကယ့်ဆန့်ကျင်ဘက်တွေလား ???

