Archive for the ‘နည်းပညာစာပေ’ Category
စကားဝိုင်းလေးဖန်တီးခြင်း
Tuesday, December 15, 2009 13:36 1 Commentသူငယ်ချင်းတွေ ကျွန်တော့်ဆိုက်ဒ်ထဲမှာ လမ်းကြုံတုန်းဖြစ်ဖြစ် သီးသီးသန့်သန့်လေးဖြစ်ဖြစ် အလွယ်တကူ စကားဝိုင်းဖွဲ့နိုင်ဖို့ Chatroom လေးတစ်ခု ဖန်တီးထားလိုက်ပါပြီဗျာ။ Menu Bar မှ စကားဝိုင်း ကို Click ပြီး အင်တာနက်မဆွဲပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ စကားဝိုင်းလေးဖွဲ့နိုင်ပါတယ်။ နာမည်ပုံသေနဲ့ Chat ချင်သူများအတွက် Sign Up လုပ်ပြီး ဝင်နိုင်သလို အလွယ်တကူ ဝင်ချင်သူများအတွက် Guest ကို Click ပြီး မိမိနှစ်သက်ရာ နာမည်ပေးပြီး စကားဝိုင်းဖွဲ့နိုင်ပါတယ်။ သူငယ်ချင်းအားလုံး ကျွန်တော့်ရဲ့ စကားဝိုင်းလေးမှ ဖိတ်ခေါ်သလို စကားဝိုင်းမှတဆင့် သူငယ်ချင်းများရဲ့ ခင်မင်မှုများ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Password အကြောင်း သိကောင်းစရာ
Sunday, August 30, 2009 19:36 4 CommentsPassword နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။
တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ [...]
Video, Mp3 အတွက် Download နည်းများ
Friday, August 8, 2008 23:25 6 Commentsအရှုပ်တွေလုပ်ပြီး အလုပ်ရှုပ်နေတာနဲ့ ကလိစရာ အကြောင်းလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီမို့ ရေးလိုက်ဦးမယ်ဗျာ။ သိပြီးသားဖြစ်သူများလဲ ရှိမှာပါ။
အပိုင်း(က) Youtube, metacafe video ဖိုင်တွေ Download ချဖို့ သိသမျှ နည်းလမ်းများ နဲ့
အပိုင်း(ခ) webpage ပေါ်ရှိ imeem, MySpace, eSnips, iJigg, MOG စတဲ့ Mp3 player မှ Mp3 သီချင်းများကို Download ချဖို့ ဖြစ်ပါတယ်။
(က) အရင်ဆုံး Youtube video ဖိုင်တွေ Download ချဖို့ နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။
(၁) Youtuber Downloader Software ကို အသုံးပြုပြီး Download ယူတဲ့ နည်းကတော့
မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Wikipedia)
Friday, August 1, 2008 8:44 9 Commentsမြန်မာပညာရေး လောကကို အနာဂါတ်မှာ အတော်လေးကို အထောက်အကူ ပေးမယ့် ၊ မြန်မာများအတွက် အသုံးဝင်မယ့် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ဝဒ်ဆိုက်တစ်ခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ တစ်ကမ္ဘာလုံးက အားထားတဲ့ ၊ ဘာသာစကား တော်တော်များများနဲ့ အင်တာနက်ရဲ့ Search Engine မှာ ရှာဖွေနိုင်တဲ့ Wikipedia မှာ ကျနော်တို့ရဲ့ မြန်မာဘာသာနဲ့ ရှာလို့ မရသေးတာ အခက်အခဲတစ်ခုပါပဲ။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ သိချင်တဲ့ အကြောင်းအရာကို မြန်မာလို ရှာဖွေနိုင်ဖို့ ၊ အချက်အလက် ပြည့်စုံစွာ ရရှိနိုင်ဖို့ မြန်မာဝီကီပီဒိယာ ကို ဖွဲ့စည်းထားခဲ့ပါတယ်။ မြန်မာ ၀ီကီပိဒိယ ပေါ်လာတာ အတော်လေးတော့ ကြာခဲ့ပါပြီ။ သိရသလောက်ကတော့ 2005 ဒီဇင်ဘာ မတိုင်ခင်လောက် ကတည်းက [...]
ရှေးသမိုင်းက စက်ရုပ်များ
Tuesday, April 22, 2008 2:51 9 Commentsကျောင်းကပွဲအတွက် တီးဝိုင်းတိုက်နေရလို့ မအားဘူး ဖြစ်နေတယ်ဗျာ။ နိုင်ငံအနှံ့က လူမျိုးအလိုက် တီးက ကကြမှာဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်အောင် အားလုံး ဝိုင်းပြီး ကြိုးစားနေကြရတယ်။ ဆုလေး ဘာလေး ပေးမလားတော့ မသိရသေးဘူးဗျ။ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ကို ဦးရွှေရိုး ဒေါ်မိုးနဲ့ တွဲပြီး တီးမှုတ်မှာ ဖြစ်ပါတယ်။ ကျနော်ကတော့ တတ်သည့်ပညာ မနေသာ ဆိုသလို ဝင်ရှုပ်လိုက်တာကတော့ ဘာဂျာမှုတ်မလို့ဗျို့။ ဒါ့ကြောင့် အသစ်မရေးဖြစ်ဘူး ဖြစ်နေရတာ။ လာကြည့်ပြီး အသစ်မတွေ့ရမှာ အားနာလို့ ဖွဲ့တည်ရာမဂ္ဂဇင်းမှာ ပါပြီးသားဖြစ်တဲ့ ရှေးသမိုင်းက စက်ရုပ်များကို မဂ္ဂဇင်းမှာ မဖတ်ရသေးတဲ့ သူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်ဗျာ။
ရှေးသမိုင်းက စက်ရုပ်များ
သာမာန်အားဖြင့် စက်ရုံများစတင် တီထွင်လာချိန်ကို နှစ်ဆယ်ရာစုလို့ပဲ ထင်မိကြမှာပါ။ တကယ်တော့ ပေလေးပင် ရှင်လေးပါးမှ ရှင်မဟာရဌသာရ ရေးသားထားသော [...]
စွယ်စုံသုံးNotepad နဲ့ TimerShutdown
Saturday, April 19, 2008 0:51 4 Commentsနှစ်သစ်မှာ အားလုံးရွှင်လန်းချမ်းမြေ့ပါစေဗျာ။ သင်္ကြန်တွင်းမှာ ပျော်ခဲ့ရွှင်ခဲ့ရသူတွေရှိသလို သာမာန်ရက်တွေအတိုင်း ဖြတ်သန်းရသူတွေလဲ ရှိကြမှာပါ။ ကျနော်ကတော့ မြန်မာသင်္ကြန်မှာ လောက် မပျော်ရပေမယ့် မနှစ်ကထက်တော့ ပိုပျော်ခဲ့ရပါတယ်။ သင်္ကြန်ရက်တွေ ကျော်တော့လဲ လွမ်းတဲ့စိတ်တွေကို မေ့ထားလိုက်ပြီး ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကြိုးစားရ အုံးမှာပေါ့ဗျာ။
နှစ်သစ်အတွက် လက်ဆောင်လေးတွေ ပေးလိုက်အုံးမယ်ဗျာ။ တခြားတော့ ဟုတ်ပါဘူး။ စွယ်စုံသုံးလို့ ရနိုင်မယ့် Notepad နဲ့ TimerShutdown ဆော့ဖ်ဝဲလေးတွေပါ။ အရင်ဆုံး စွယ်စုံသုံး Notepad အကြောင်းကို အရင် ရှင်းပြပါမယ်။
Bloggerများနဲ့ ကွန်ပျူသုံးသူများအတွက်
Sunday, December 16, 2007 4:59 3 Commentsကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဘလော့လုပ်ချင်ပြီး ကွန်ပျူတာ ကောင်းကေင်း မသုံးတတ် သူတွေ ၊ HTML နားမလည်သေးသူတွေလဲ ရှိနေကြပါတယ်။ ကျနော်လဲ အရမ်းသိနေလို့ မဟုတ်ပါဘူး။ လေ့လာဆဲ လူတယောက်ပါပဲ။ သူတို့ အကူအညီ တောင်းသလောက်ကိုလဲ အားတိုင်း တတ်နိုင်သလောက် ပြောပေး ၊ လုပ်ပေးခဲ့ပါတယ်။ အားတဲ့အခါ လုပ်ပေးလိုက်လို့ အဆင်ပြေသွားရင် ကျွန်တော်လဲ ကြည်နူးပါတယ်။ ဒါပေမယ့် ကျွန်တော် မအားလို့ မလုပ်ပေးနိုင်ရင် အဆင်မပြေဖြစ်နေမှာကို စိုးရိမ်မိတယ်။ သူတို့ကိုလဲ တတ်စေချင်တယ်။ ဘလော့အတွက် အခြေခံစာအုပ်ကို ပေးထားပြီးမို့ ခုဘလော့မှာ စာရေးရာမှာနဲ့ အလှဆင်တဲ့ အခါမှာ အဆင်ပြေအောာင် HTMLနားလည်ထားရင် ပိုကောင်းနိုင်ပါတယ်။ ဒါကြောင့်နီးစပ်ရာ HTML စာအုပ်ကို scan ဖတ်ပြီး သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ ဒီစာအုပ်ကို အခြေခံပြီး [...]

