Archive for the ‘ဘ၀မှအမှတ်တရများ’ Category
7 VIPs
Monday, December 7, 2009 18:10 6 Commentsတနေ့ တချိန်တုန်းက အူနံရံပါးပါးတွေကို တွန်းကန်ထွက်လာလိုက်တာ မွေးနေ့အဖြစ် တည်နေခဲ့တယ်။ ကျောင်းအပ်မယ့် နေ့ရောက်သည်အထိ အဖေနဲ့ အမေ နာမည်ရွေးလို့ မပြီးသေးတာ မှတ်မိသေးတယ်။ ကစားဝိုင်းထဲ အနိုင်ကျင့်ခံရတဲ့နေ့တွေ နာကျဉ်းနေတတ်သေးတယ်။ မုန့်လုစားဖက် ရှိလာမယ့်နေ့တွေ မျှော်လင့်ခဲ့ဖူးတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ အိမ်ပြေးဖြစ်တဲ့နေ့ကို လွမ်းဆွတ်နေတတ်သေးတယ်။
အဟောင်းတွေ အသစ်တွေ များစွာသော နေ့များထဲက အဲဒီနေ့လေး တစ်နေ့က………
အမိဝမ်းတွေမတူခဲ့ဘူး
ခြေချခဲ့တဲ့ မြေအရောင်တွေ မတူခဲ့ဘူး
ထမ်းခဲ့ရတဲ့ ဒုက္ခအိုးတွေ မတူခဲ့ဘူး
ဒါပေမယ့်
တစ်ယောက်လက်ကို တယောက်ဆွဲမိချိန်
သွေးကြောထဲက ခံယူချက်တွေ
ရင်ဘတ်ထဲက သံယောဇဉ်တွေ
တူညီနေခဲ့ရင် ပုခုံးဖက်ရင်းပြောလိုက်မယ်
မင်းဟာ ငါ့ရဲ့ သူငယ်ချင်း…
တောင်စွယ်မှာ နေမကွယ်သေးပါဘူး။ လျှပ်စစ်မီးတို့ မပြတ်တောက်ပါဘူး။ ဘယ်သူမှ အမှောင်မချပါဘူး။ ခပ်ပါးပါး နှင်းတို့လဲ ဖြူဖြူဖွေးဖွေးကျနေဆဲ။ ဒါပေမယ့်
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ
Friday, September 11, 2009 3:11 15 Commentsသေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။
ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။
ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။
ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
အနုပညာလမ်းလေး (၂)
Thursday, September 3, 2009 17:11 2 Commentsဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။
ဒီလမ်းလေးရဲ့ ဘေးဘယ်ညာတစ်လျောက်မှာ မော်စကိုရောက် အမှတ်တရလက်ဆောင် ရောင်းတဲ့ဆိုင်တွေ ပြည့်နှက်နေတယ်။ နိုင်ငံခြားသား အလာများတဲ့ ဒီလမ်းလေးမို့ အရောင်းစာရေးမလေးတွေက အင်္ဂလိပ်လိုလဲ နည်းနည်းပြောတတ်ကြတယ်။ သာမန်နေရာထက် ဒီနေရာက ရုရှားမလေးတွေကို ပိုပျူငှာကြအောင် ဒီလမ်းလေးက သင်ပေးထားသလိုပဲ။ ဆိုင်ထဲမှာလဲ မြန်မာနိုင်ငံရဲ့ ယွန်းထည်တွေလို သူတို့ အနုပညာ သူတို့လက်ရာနဲ့ လက်ဆောင်တွေ ခင်းကျင်းထားလေရဲ့။ ရုရှားလက်ဆောင်မှာ နာမည်အကြီးဆုံးကတော့ ဆိုတဲ့ ရုရှားမအရုပ်ပါပဲ။ မြန်မာ့ ပစ်တိုင်းထောင် နဲ့ နီး၂စပ်၂တူပါတယ်။ သူ့ထူးခြားချက်ကတော့
အနုပညာလမ်းလေး (၁)
Thursday, August 27, 2009 23:40 6 Commentsဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။
ခုလိုပွင့်လင်းရာသီမှာ မော်စကိုမြို့ရဲ့ အထင်ကရနေရာတွေက သာမန်အချိန်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။ တစ်သက်တာမှာ ရောက်ဖူးခဲ့တဲ့ လမ်းလေးထဲမှာ ဒီလမ်းလေးကတော့ အမှတ်တရအရှိဆုံး။ ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။
မြေအောက်ရထား ဘူတာထဲက ထွက်လိုက်လို့ ဒီလမ်းလေးရဲ့ အဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ လူတွေမျက်နှာဟာ သာမန်လူတွေမှာ မြင်ရတဲ့ ဘဝအမောတွေ ပြေပျောက်နေတာကို တွေ့ရတယ်။ လမ်းလေးထဲကို စရောက်တာနဲ့ မျက်လှည့်ပြပွဲလေး တစ်ခုက ဆီးကြိုနေတတ်တယ်။ အင်တာနက်မှာ မြင်ရတဲ့ [...]
Blogger Gathering (Moscow)
Friday, July 25, 2008 19:02 6 Commentsဇူလိုင်လ (၁၆) ရက်နေ့ ၊ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသား ဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် (သင်္ကြန် အကျနေ့) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ကျောင်းတော်အပြန်
Friday, June 20, 2008 16:26 17 Commentsငယ်ငယ်ကတည်းက ခုလိုအချိန် ဒီအဝန်းအဝိုင်းထဲက ထွက်လာတိုင်း ပျော်ရွှင်နေစမြဲပါ။ ခုတော့ ငါ့ပျော်ရွှင်မှုတွေ သိပ်အရောင်မလက်သလိုပဲ။ ငါသိပါတယ်လေ။ ငါ့ပျော်ရွှင်မှုမှာ လွမ်းမောမှုတွေ စွက်နေလို့ထင်ပါရဲ့။
ကျောင်းဝင်းအထွက် ကားဂိတ်မှာ ငေးငေးငိုင်ငိုင်နဲ့ပဲ စီးရမယ့် ကားနံပါတ်ကို စောင့်ရင်း စီးကရက်တစ်လိပ်ကို ခပ်ပြင်းပြင်း တချက်ရှိုက်လိုက်တော့ မိန်းမောမှုတွေ ပိုပြီး စီးဝင်လာတယ်။ ခဏကြာလို့ ကားရောက်လာတော့ စီးကရက်ကို ထိုးချေရင်း ခြေလှမ်းတွေကို အားယူပြီး ကားပေါ်တက်လိုက်တော့ မနက်နဲ့ ညနေဆို လူရှုပ်နေတတ်တဲ့ ဒီကားပေါ်မှာ ခုတော့ နေ့လည်မို့ လူကျဲနေလေရဲ့။ ထိုင်နေရင်း ကားလမ်းတလျှောက် မြင်ကွင်းကိုကြည့်ပြီး ငါ့အတွေးတွေ ဆက်မိပြန်တယ်။
ဒီနေ့ ဘာလို့ မပျော်သလဲလို့ အဖြေရှာကြည့်တော့ ငါ့ကို နှုတ်ဆက်သွားတဲ့ အတန်းထဲက
တခါက တို့ကျောင်းဆောင်လေး
Friday, May 9, 2008 3:36 16 Comments“ ဖောက် ! ”
“ ဖောက် ! ”
“ ဖောက် ! ”
“ဟာ သွားပြီ။ ဟေ့ကောင် ငါ့စာအုပ်ပေါ် မိုးရေတွေ စိမ့်ကျလာပြီ။”
“အေးကွ ငါ့စာအုပ်ပေါ်လဲ ကျလာပြီ။”
“ကဲ တပည့်တို့ စာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး အတန်းနောက်မှာ စုပြီး ထိုင်နေကြနော်။”
ကျောင်းဆောင်အိုလေးရဲ့ သက်ကယ်မိုးတို့ မိုးရွာသည့်အခါတိုင်း မိုးစက်တို့ကို သူ့ရဲ့ မလုံမလဲ အကာအရံအောက်မှာ စာသင်နေသော ကျနော်တို့ဆီ လက်လျှော့ စွန့်လွှတ်လိုက်မြဲ။ မိုးပေါက်တို့ စာအုပ်ကျလာသည်ကို စာသင်နေဆဲ ဆရာမကလည်း သတိထားမိသွား သည်ထင်။ စာသင်ဆောင်ရဲ့ နောက်နားက မိုးအနည်းငယ်လုံသော မြေကွက်လပ်လေးဆီ စုထိုင်ခိုင်းလိုက်လေသည်။ ရေးလက်စ စာအုပ်ကို အမြန်လွယ်အိတ်ထဲ ထိုးထည့်ပြီး အတန်းနောက်လေးမှာ စုထိုင်နေလိုက်ကြသည်။ စာသင်ခုံတွေပေါ်မှာ မိုးရေတို့ တဖြည်းဖြည်း ရွှဲစိုလာသည်ကိုသာ ထိုင်၍ကြည့်နေရတော့သည်။
ဒုတိယသင်္ကြန်အကျနေ့ရဲ့ သင်္ကြန်ပွဲ
Tuesday, April 15, 2008 15:44 7 Commentsသင်္ကြန်အကြိုနေ့မှာ သူငယ်ချင်း ဘလော့ဂါတွေနဲ့ လည်ခဲ့ပြီး ဒီနေ့လို နှစ်တိုင်းမကြုံနိုင်တဲ့ သင်္ကြန်ဒုတိယအကျနေ့မှာတော့ ကျနော်တို့ ကျောင်းမှ မြန်မာနိုင်ငံတော် သံရုံးမှ လူကြီးများနဲ့ ရုရှားဆရာ ဆရာမများကို ဖိတ်မဏ္ဍကပြုကာ သူငယ်ချင်း ညီအကိုတစ်တွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ ဒီနိုင်ငံသားများမှ မြန်မာတို့ရဲ့နှစ်သစ်လို့ အသိအမှတ်ပြုကြတဲ့ နေ့ရက်လေးတစ်ရက်လဲ ဖြစ်ပါတယ်။ ရောက်စကဆို ဧပြီလမှာမှ နှစ်သစ်ကူးတဲ့ ကျွန်တော်တို့ရဲ့ မြန်မာဓလေ့ကို အထူးအဆန်းမေးလို့ ရှင်းပြခဲ့ရတာလေးကို မှတ်မိပါသေးတယ်။ နောက်တော့ အက်ဆေးရေးရင်လဲ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲအကြောင်းကို အလေးပေးပြီး ရေးခဲ့ကြပါတယ်။ အပိုင်နိုင်ဆုံးဖြစ်အောင် ရေးလာကြတော့ ဒီနိုင်ငံမှ ဆရာ ဆရာမများရဲ့ စိတ်အဝင်စားဆုံး အက်ဆေးတစ်ပုဒ်လဲ ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှုတွေ ဘယ်လိုပင် ကွာခြားပါစေ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို [...]
သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်
Monday, April 14, 2008 22:51 12 Commentsမနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလို ဆုံကြဖို့ စီစဉ်လိုက်ကြတာ ဖြစ်ပါတယ်…။
အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခု တည်းအတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး တည်ထောင်ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေး တိုင်ပင်ကြဖို့လည်း ပါဝင်ပါတယ်။
တခါက မီးလောင်ပြင်မှာ (၂)
Friday, February 29, 2008 3:38 5 Commentsမနေ့က တန်းပလိတ်ပြင်နေလို့ အပြီးသတ်မရေးနိုင်ဖြစ်နေတာ။ Mozilla နဲ့ အဆင်ပြေပေမယ့် IE နဲ့တော့ နည်းနည်း အဆင်မပြေတာတွေ ရှိသေးတယ်။ ခါးနာတော့လဲ ကွန်ပျူတာရှေ့ ကြာကြာမထိုင်နိုင်တာ ပါပါတယ်။ ဒါပေမယ့် ညနေမှာတော့ စိတ်ညစ်တာတွေ ဖြေဖျောက် နိုင်ခဲ့လို့ လန်းလန်းဆန်းဆန်းနဲ့ စာပြန်ရေးနိုင်ခဲ့ပါပြီ။ ကဲ.. ဆက်ပါတော့မယ်။
လေအဝှေ့မှာ ပျော်နေတဲ့ မီးညွန့်တွေက ကျနော်တို့ ပစ်ပေါက်နေတဲ့ ရေသန့်ဗူးတွေ ၊ ပက်နေတဲ့ ရေတွေက သူ့ကို ကြည်စယ်နေတယ် ထင်ပ။ ရေကလည်း မလုံလောက်တော့ ထိထိမိမိ ပက်နိုင်အောင် လူက တောက်နေတဲ့ မီးတောက်နား တိုးသွားချိန်မှာ အသံ ကျယ်ကျယ် တစ်ခုမြည်ပြီး မီးလုံးကြီးတစ်လုံး မြောက်တက်သွားတာကို မြင်လိုက်ရပါတယ်။ လူကို ကြက်သေသေ သွားသလိုပဲ။ ရေတွေ ချွေးတွေ [...]

