Archive for the ‘ဝတ္ထုတို’ Category
မော်စကို …….. သို့ ………. ချစ်သူ
Wednesday, November 18, 2009 5:02 12 Commentsချစ်သူရေ… လွမ်းလိုက်ရတာကွာ။ ခုများဆို ဝေးနေကြရတာ ဘယ်လောက်တောင် ရှိပြီပဲ။ အင်းလေ… ဝေးနေကြရတယ်ဆိုတာထက် မနီးကြရသေးတာပေါ့။ ကမ္ဘာတခြမ်းဆီမှာနေရင်း လေထုတွေကတဆင့် ဝါယာတွေကတဆင့် ရုပ်ဝတ္ထုတွေကတဆင့် မင်းနဲ့ ဆုံခဲ့ကြတာမဟုတ်လား။ ရှေးကုသိုလ် ရေစက် သံသရာစက်ဝန်းရဲ့ ဆုံမှတ်တနေရာမှာ ချစ်နေကြရတဲ့ချစ်သူ… တနည်းအားဖြင့်… အင်တာနက်ချစ်သူ။
အပြင်မှာမမြင်ဖူးပေမယ့်
ရင်မှာအချစ်ထူးတယ်
အရူးမလေးရယ်…
မင်းနဲ့ တွေ့ကြရမယ့် အချိန်လေးတွေကို မျှော်လင့်မိပါရဲ့။ တွေ့ရမယ့် အချိန်တွေ ဝေးနေပြန်သေးတော့လဲ အချိန်မတိုင်မီ တွေ့ချင်တဲ့ စိတ်လေးဖြစ်မိသေးတယ်။ စိတ်ကူးယဉ်ရင်း လွမ်းတယ်။ လွမ်းရင်း မျှော်တယ်။ ကိုယ်က သူ့ဆီ မသွားနိုင်သေးတော့ သူအလာကို မျှော်မိတယ်။ ဒီလိုနဲ့ပဲ အခက်ခဲတွေကြားမှာ လွမ်းစိတ်ကို အပေါင်းသင်းနဲ့ ဖြေသိမ့်တယ်။ ဆိုတယ် ကတယ် တီးတယ် သောက်တယ်။ ဆိုကရေးတီး(Socrates)ကို ဂုဏ်ပြုနေသည့်အလား။ ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ [...]
နှင်းဆီဆူး
Thursday, September 18, 2008 18:26 23 Commentsဒီနေရာကြီးမှာ နေရတာ ကျွန်မ မွန်းကျပ်လှပါပြီ။ အားလုံးက ဝိုင်းဝန်းဂရုစိုက်နေကြပေမယ့် မောင့်ရဲ့ ယုယမှုတွေနဲ့ လုံးဝကို မတူနိုင်တာ ကျွန်မပဲ သိမယ်ထင်ပါရဲ့။ မနက်ခင်းတွေတိုင်း ကျွန်မနှိုးပေးမှသာ မောင်ရဲ့ တစ်နေ့တာကို နိုးထစေချင်ခဲ့တာ ကျွန်မရဲ့ အတ္တတစ်ခုလို့ပဲ ဆိုချင်ဆိုပါစေတော့။ မျက်နှာသစ်ပြီးစ မောင့်မျက်နှာလေးကို ကျွန်မကိုယ်တိုင် ဒီတဘက်လေးနဲ့ သုတ်ပေးနေကျလေ။ ခုလို ကျွန်မ တစ်ယောက်တည်း နိုးထနေရတဲ့ အချိန်တွေကို သိပ်မုန်းမိလာတယ်။
ဟိုး..ရှေ့နားက လမ်းကြားလေးမှာ မြူတွေဆိုင်းနေပါလား။ အညာသူ ကျွန်မအတွက် မြူတွေ နှင်းတွေကြားထဲကို တိုးဝင်တဲ့အချိန် အရမ်းပျော်နေတတ်တာကို မောင်က သတိထားမိခဲ့လို့ မြူဆိုင်းတဲ့ မနက်တွေဆိုရင် နှင်းတွေ မြူတွေ ဆိုင်းနေတတ်တဲ့ နေရာလေးတွေဆီ
တခါက တို့ကျောင်းဆောင်လေး
Friday, May 9, 2008 3:36 16 Comments“ ဖောက် ! ”
“ ဖောက် ! ”
“ ဖောက် ! ”
“ဟာ သွားပြီ။ ဟေ့ကောင် ငါ့စာအုပ်ပေါ် မိုးရေတွေ စိမ့်ကျလာပြီ။”
“အေးကွ ငါ့စာအုပ်ပေါ်လဲ ကျလာပြီ။”
“ကဲ တပည့်တို့ စာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး အတန်းနောက်မှာ စုပြီး ထိုင်နေကြနော်။”
ကျောင်းဆောင်အိုလေးရဲ့ သက်ကယ်မိုးတို့ မိုးရွာသည့်အခါတိုင်း မိုးစက်တို့ကို သူ့ရဲ့ မလုံမလဲ အကာအရံအောက်မှာ စာသင်နေသော ကျနော်တို့ဆီ လက်လျှော့ စွန့်လွှတ်လိုက်မြဲ။ မိုးပေါက်တို့ စာအုပ်ကျလာသည်ကို စာသင်နေဆဲ ဆရာမကလည်း သတိထားမိသွား သည်ထင်။ စာသင်ဆောင်ရဲ့ နောက်နားက မိုးအနည်းငယ်လုံသော မြေကွက်လပ်လေးဆီ စုထိုင်ခိုင်းလိုက်လေသည်။ ရေးလက်စ စာအုပ်ကို အမြန်လွယ်အိတ်ထဲ ထိုးထည့်ပြီး အတန်းနောက်လေးမှာ စုထိုင်နေလိုက်ကြသည်။ စာသင်ခုံတွေပေါ်မှာ မိုးရေတို့ တဖြည်းဖြည်း ရွှဲစိုလာသည်ကိုသာ ထိုင်၍ကြည့်နေရတော့သည်။
သင်္ကြန်လေသွေးအား ဝတ္ထုစာအုပ်အဖြစ်သို့
Monday, April 14, 2008 21:35 3 Commentsဒီနှစ်သင်္ကြန်ကတော့ အမှတ်တရတွေ အများကြီးဖြစ်ရတယ်ဗျာ။ ကျနော်ရေးထားတဲ့ ဝတ္ထုကို ဘလော့မှာ တင်တော့ အပိုင်းလိုက်ဖြစ်နေလို့ ဖတ်ရတာ အားမလို အားမရဖြစ်နေမှာ ၊ ဇတ်လမ်းကို အဆက်ပြတ်သွားတဲ့ သူတွေ ရှိနေမှာစိုးလို့ ကိုသင်ကာ နဲ့ ကိုဟန်သစ်ငြိမ်တို့ကို ဝတ္ထုစာအုပ်လေး တစ်အုပ်အဖြစ် လုပ်ပေးဖို့ ပူဆာလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ ကိုသင်ကာရဲ့ အိုင်ဒီယာ ၊ ပန်းချီလက်ရာနဲ့ ကိုဟန်သစ်ငြိမ်ရဲ့ အတွင်းဒီဇိုင်း အပြင်အဆင်တို့ကြောင့် သင်္ကြန်အကြိုနေ့ ညနေမှာပဲ ဝတ္ထုတစ်အုပ် အသွင်အတိုင်း ပြီးသွားခဲ့ပါတယ်။ ပြီးပြီးချင်း တင်မလို့ကို ဘယ်လိုမှ မအားပဲ သူငယ်ချင်းတွေဆီ ရောက်သွားလို့ ချက်ချင်း မတင်ဖြစ်ခဲ့လိုက်ဘူးဗျာ။ တခါတည်း ဖတ်လို့ရအောင် ဒီလိုလေး တင်ပေးလိုက်ပါတယ်။
စာအုပ်ဖိုင်ကိုတော့ ဒီမှာယူနိုင်ပါတယ်ဗျာ။ စိတ်ရောကိုယ်ပါ အားထည့်ပြီး လုပ်ပေးခဲ့ကြတဲ့ ကိုသင်ကာနဲ့ ကိုဟန်သစ်ငြိမ်တို့ကိုလည်း [...]
သင်္ကြန်လေသွေး (၆) ဇတ်သိမ်းပိုင်း
Tuesday, April 8, 2008 3:59 17 Commentsသင်္ကြန်ရေတွေ ပက်ဖြန်းခွင့်ရမယ့် နောက်ဆုံးနေ့ …
မနက်အိပ်ယာနိုးတာနဲ့ လေညှင်းထဲမှာ ပိတောက်ရနံ့တို့ စီးမျောလာသည်။ စိတ်ထဲမှာ ချက်ချင်းသိလိုက်၏။ ရွှေဝါပိတောက်တို့ ပွင့်လန်းလေပြီ။ မျက်နှာသစ်ပြီးတာနဲ့ လမ်းထိပ်က ပိတောက်ပင်ကြီးဆီ ထွက်လာခဲ့သည်။ ပိတောက်ပွင့်တို့ကို ကြည့်ရင်း ပျော်လာမိသည်။ ညက ရွာသွန်းခဲ့သည့် သင်္ကြန်မိုးကိုလည်း ကျေးဇူးတင်မိပါရဲ့။ တံခြူဖြင့် ခြူနိုင်လောက်သည့် အမြင့်တွင် အပွင့်ကောင်းကောင်းတို့ မရှိ။ ပိတောက်ပင် ပိုင်ရှင်အား ခွင့်တောင်းပြီး တက်ခူးခဲ့သည်။ ပိတောက်ပွင့်တို့ ညို့ယူအားကြောင့် တစ်ကိုင်းတချို့ဖြင့် စူးငြိ နာကျင်သော်လည်း မမှုအား။ ပိတောက်ခိုင်တို့ တပွေ့တပိုက်နှင့် အိမ်ပြန်ရောက်သောအခါ မေမေက တအံ့တသြ ကြည့်နေသည်။
“အများကြီးပါလား သားရဲ့။ ဝယ်လာတာလား”
သင်္ကြန်လေသွေး (၅)
Tuesday, April 8, 2008 1:52 1 Commentသင်္ကြန်အကြတ်နေ့။
ရေပက်ခံကားတွေ ဆိုင်ကယ်တွေ အလွန်ပင် စည်ကားနေ၏။ မဏ္ဍပ်မှာလည်း သူငယ်ချင်းတို့၏ သီချင်းသံတွေ ပျံ့လွင့်နေသည်။ သီတာတော့ ရောက်လာခဲ့သည်။ ခင်သူကတော့ ရောက်မလာသေး။ ရေပက်လိုက် သီချင်းဆိုလိုက်နှင့် တမနက်လုံး ပျော်နေခဲ့သည်။ ခင်သူ ဘယ်အချိန် ရောက်လာမလဲလို့တော့ မျှော်နေမိသည်။ သို့ပေမယ့် တမနက်လုံး ခင်သူ ရောက်မလာခဲ့။ နေ့လည် ခဏနားတော့ ခင်သူ့ဆီ ဖုန်းဆက်သည်။ နေမကောင်းချင်သလို ဖြစ်နေ၍ မလာတော့ကြောင်းဆိုသည်။ စိတ်ပူမိသွားသည်။ ညမှ သွားတော့မည်။ ခုနေ့လည် ခဏနားရင် ညနေအတွက် အားမွေးနေလိုက်သည်။ မိုးပြာကိုလဲ သတိရမိနေသည်။
ညနေဖက် တခါ ရေပက်ကြပြန်တော့ ကားတွေ မနက်ကထက်ပင် ပိုစည်လာသည် ပိုကြတ်လာသည်။ မဏ္ဍပ်တစ်ခုမှတခု ကူးနိုင်အောင် တော်တော် ရွှေ့ယူနေရသည်။ ဒါ့ကြောင့် အကြတ်နေ့ဟု သတ်မှတ်သည်ထင့်။
သင်္ကြန်လေသွေး (၄)
Monday, April 7, 2008 5:56 2 Commentsသင်္ကြန်အကျနေ့။
သကြားမင်းကြီး ဆင်းလာပြီထင့်။ သင်္ကြန်ကား မနေ့ကထက် ပိုမို၍ အသက်ဝင်လာသည်။ ခင်သူနဲ့ သီတာ တို့ လာခေါ်လို့ ထွက်လာပြီး သူငယ်ချင်းတွေ စုရပ်ဆီ လာခဲ့ကြသည်။ သူငယ်ချင်းများကလဲ အတွဲကိုယ်စီဖြင့် လည်ကြမယ့် သူငယ်ချင်းတွေနဲ့ ကားနဲ့ စဉ်းစားကြည့်လိုက်ရင် ကားက သေးနေမည် ထင်သည်။ အမိုးပွင့် ဂျစ်ကားလေး။ မိုးပြာနဲ့လဲ လွတ်လွတ်လပ်လပ် မဖြစ်နိုင်သဖြင့် သူစိတ်ဆိုးမှာလဲ စိုးရသေးသည်။ ထို့ကြောင့် ခင်သူနှင့် သီတာကို ကားနှင့်သာ လည်ခိုင်းလိုက်ပြီး ကျနော်နှင့် မိုးပြာကတော့ ဆိုင်ကယ်ဖြင့်သာ လည်တော့မည် ဖြစ်ကြောင်း ပြောလိုက်သည်။ သူတို့ကို ထားခဲ့ရမည် ဖြစ်သဖြင့် အားတော့နာမိသည်။ ဒါပေမယ့်လည်း ကားတစ်စီးလုံးလည်း သူငယ်ချင်းတွေချည်းသာ ဖြစ်သဖြင့် မျက်နှာပူပူဖြင့် ထားခဲ့ရသည်။ မိုးပြာနှင့် ချိန်းထားသည့် နေရာတွင် [...]
သင်္ကြန်လေသွေး (၃)
Saturday, April 5, 2008 10:30 4 Commentsအိမ်ပြန်ရောက်သည်နှင့် ခင်သူနှင့် သီတာကို လက်တို့ခေါ်ကာ မုန့်ချိုင့် တချိုင့်ဆွဲပြီး အမေ့အား တစ်အိမ်ကျန်သေးလို့ဟု ပြောကာ ထွက်လာခဲ့ကြသည်။ သူတို့ကတော့ နားမလည်သည့်အကြည့်တွေနှင့် ကြည့်နေဆဲ။ ခင်သူနှင့် သီတာက ဆိုင်ကယ်တစ်စီး ကျနော်က ဆိုင်ကယ်တစ်စီး။ လမ်းရှင်းသည့် နေရာတွင် ရပ်ပြီး ရှင်းပြရသည်။“သူ့နာမည်က မိုးပြာ ။ ……. မှာ နေတယ်လေ။ နင်တို့သိတယ်မလား။ သူနဲ့ငါနဲ့ မနှစ်က ခွင့်ပြန်တုန်းက ရည်းစားလိုလို ဘာလိုလိုဟ။ စာတွေပို့ ဖုန်းတွေ ဆက်ရင်း အဖြေရတာ။” စပ်ဖြဲဖြဲဖြင့် ရှင်းပြရသည်။“ဪ ငါတို့က စာကောင်းကောင်းသင်နေတယ် မှတ်တာ ။ နင်က ဒါတွေလုပ်နေတာကိုး။ ခု ငါတို့က ဘာလုပ်ပေးရမှာလဲ” သီတာက ဆောင့်အောင့်ပြီး ပြောသည်။“နင်တို့ သူ့အိမ်သွားပြီး မုန့်ပို့ရင်းနဲ့ သူ့ကို ခေါ်ထုတ်လာပေးဟာ။ [...]
သင်္ကြန်လေသွေး (၂)
Tuesday, April 1, 2008 4:33 5 Commentsသင်္ကြန်အကြိုနေ့…
မနက်အိပ်ယာထလို့ မျက်နှာသစ်ပြီး ခဏအကြာမှာပင် ခင်သူ ဆိုင်ကယ်လေးနှင့် ရောက်လာသည်။ သီတာကတော့ စက်ဘီးနှင့် လာရသည်မို့ နောက်ကျဟန်တူသည်။ ကျောပိုးအိပ် အသေးလေး အနည်းငယ် ဖောင်းနေသဖြင့် အဝတ်လေး အပိုတစ်စုံ ထည့်လာပုံရသည်။
“စိတ်ချရတယ်နော် မနေ့က ပြောတဲ့အတိုင်းပဲ”
“ကောင်စုတ် ကူလုပ်ပေးရအောင်လို့ စောစောလာတာပါ” မျက်စောင်းလှလှ ဖြင့် မိတ်ဆက်တော့သည်။
“သီတာလာမှ စ လုံးကြမယ်ဟာ။ ဘေးအိမ်က အမကြီးတွေရော တခြား သူငယ်ချင်းတွေလဲ ခေါ်ထားသေးတယ်လေ”
“ဟုတ်လား ဒါဆိုရင်တော့ ပျော်စရာကြီး”
“ဟုတ်ပ ငါပြန်လာတုန်းလေး ငါ့သူငယ်ချင်းတွေကို ပျော်စေချင်လို့။ မဟုတ်ရင် ဘဲတွေနဲ့ပဲ နှစ်ပါးသွားနေကြတာ ပျော်စရာ သိပ်မရှိမှာစိုးလို့ ”
“ဟာ သမီးတောင် ရောက်နေပြီကိုး။ သားကတော့ ခုမှ နိုးတာ ဝိရိယက ကောင်းမှကောင်းလေ” မေမေကပါ ဝင်ပြီး ချီးမွန်းခန်းဖွင့်သည်။
သင်္ကြန်လေသွေး (၁)
Sunday, March 30, 2008 7:25 8 Commentsမရောက်ဖူးသေးတဲ့ နေရာမို့ မျက်စိထဲ အမြင်စိမ်းနေသည်။ အိမ်အသစ်ပြောင်းထားတာမို့ ကျောင်းပိတ်ရက် ခွင့်ပြန်လာချိန် ကျနော့်မျက်စိထဲမှာ အရင်အိမ်လို ရင်းနှီးခြင်းမရှိသေး။ ရှားရှားပါးပါး များများစားစား သင်္ကြန်ကျောင်းပိတ်ရက်။ သင်္ကြန်အကြို မတိုင်ခင် တစ်ရက်။
တညလုံးခရီးပန်းလာမှုတွေ ဇာတိမြေလေးမှာ ရေချိုးလိုက်တာနှင့် ပြေပျောက်သွားသည်။
“သားရေ ရေအကြာကြီး စိမ်ချိုးမနေနဲ့လေ ရေပြောင်း မြေပြောင်းမှာ ဖျားနေလို့ သင်္ကြန်မှာ စောင်ခြုံနေရအုံးမယ်” မေမေက သတိပေးရင်း ရယ်စရာ စကားဆိုလာသည်။
“စိတ်ချ မေမေရေ သင်္ကြန်ရက်လေးမှာ လုံးဝမဖျားစေရဘူး” စပ်ဖြဲဖြဲနှင့်ပြောရင်း ရေချိုးတာ အဆုံးသတ်လိုက်တော့သည်။ မိဘများကို ကန်တော့ပြီး စကားစမြည် တမနက်လောက် ပြောပြီးသည်နှင့် ငယ်သူငယ်ချင်းတွေကို သတိရသည့် စိတ်က ဝင်လာတော့သည်။
“သား သူငယ်ချင်းတွေဆီ သွားလိုက်အုံးမယ်”

