ဘလော့အပေါ်အမြင်
Sunday, November 18, 2007 14:36ကျွန်တော့်က ဘလော့စွဲနေသူမို့လားတော့မသိဘူး။ တခြားသူငယ်ချင်းတွေဆီ လည်ဖြစ်တဲ့ သူကလည်း ကိုယ်မသိသေးတဲ့ဗဟုသုတတွေရနိုင်သလို ရေးသူကလည်း ကောင်းနိုးရာ ရာတွေ ရေးပေးနိုင်ဖို့ အမြဲလေ့လာနေမှာမို့ အာရုံတွေ အမြဲလန်းဆန်းနေမယ်လို့ ခံစားရတယ်။ လုပ်ငန်းတာဝန်တွေပြီးတဲ့အချိန် ဒီတစ်နေ့တာအတွက် ကိုယ့်အတွေးထဲမှာ စူးစမ်းခဲ့တဲ့ မှတ်သားစရာလေးဖြစ်ဖြစ် ပြန်ပြောပြစရာလေးတွေဖြစ်ဖြစ် ရှိနေတတ်သူတွေက ဘလော့ဂါတွေပါပဲ။ ဗုဒ္ဒဘာသာဝင်တွေမို့ကိုယ်သိထားတာလေးတွေက တခြားသူအတွက် အကျိုးရှိသွားမယ်ဆိုရင် ကုသိုလ်တောင်ရကြမှာပါ။ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ မိဘနဲ့လဲဝေး ညီအကိုမောင်နှမအရင်းတွေလဲမရှိတဲ့ ကျွန်တော့်လို့ ရပ်ဝေးကသူငယ်ချင်းတွေ အချင်းချင်း အဖော်ပြုရင်းနဲ့ လွမ်းစိတ်တွေဖြေရင်း ပျော်စရာလေးတွေ ရနိုင်တာ ဒီဘလော့ ကွန်ယက်လေးအတွင်းမှာလို့ ထင်မိပါတယ်။
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.


thinyu က ဒီလိုရေးသွားတယ် >>
December 30th, 2007 at 2:42 am
hello.