• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

အနုပညာလမ်းလေး (၁)

Thursday, August 27, 2009 23:40
ကဏ္ဍအမျိုးအစားဘ၀မှအမှတ်တရများ, တွေ့ကြုံမိရာ
6 Comments

ဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။

ခုလိုပွင့်လင်းရာသီမှာ မော်စကိုမြို့ရဲ့ အထင်ကရနေရာတွေက သာမန်အချိန်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။ တစ်သက်တာမှာ ရောက်ဖူးခဲ့တဲ့ လမ်းလေးထဲမှာ ဒီလမ်းလေးကတော့ အမှတ်တရအရှိဆုံး။ ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။

မြေအောက်ရထား ဘူတာထဲက ထွက်လိုက်လို့ ဒီလမ်းလေးရဲ့ အဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ လူတွေမျက်နှာဟာ သာမန်လူတွေမှာ မြင်ရတဲ့ ဘဝအမောတွေ ပြေပျောက်နေတာကို တွေ့ရတယ်။ လမ်းလေးထဲကို စရောက်တာနဲ့ မျက်လှည့်ပြပွဲလေး တစ်ခုက ဆီးကြိုနေတတ်တယ်။ အင်တာနက်မှာ မြင်ရတဲ့ ၊ ရှုံတင်ပြသတဲ့ တချို့ ပြကွက်တွေကို ဒီလမ်းလေးရဲ့ လမ်းဘေးက လူတစ်စုလေးဆီမှာ တိုးဝှေ့ကြည့်လို့ရနိုင်တယ်။ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ သဒ္ဒါသလောက် ငွေကြေးလေးတွေနဲ့ ဂုဏ်ပြုရင် သူတို့ သိပ်ပျော်ကြတယ်။

မျက်လှည့်ပွဲလေးပြီးလို့ ဆက်လျှောက်လိုက်ရင် သူ့အထိမ်းအမှတ် သူ့အဖွဲ့လေးတွေနဲ့ တီးဝိုင်းလေးတွေ ဆိုနေ တီးနေတာကို တွေ့ရလိမ့်မယ်။ လမ်းဘေးတီးဝိုင်းလေးမို့ ခပ်ပေါ့ပေါ့လေးလို့တော့ မတွေးလိုက်နဲ့အုံး ပစ္စည်းကိရိယာ အစုံအလင်နဲ့ဗျာ။ ရပ်ကြည့်နေတဲ့ ပရိတ်သတ်က ရတဲ့ အပိုဒ်လေးတွေမှာ သံပြိုင် လိုက်ဆိုကြတယ်။ တိုက်တွေကြားက ဒီလမ်းလေးရဲ့ သီချင်းပဲ့တင်သံဟာ စတူဒီယို တစ်ခုအလားပါပဲ။

SANYO DIGITAL CAMERA

(ပုံအကြီးမြင်ရန် L-click ပါ။)

SANYO DIGITAL CAMERA

သီချင်းဆိုလည်း ကောင်းတယ်။ တီးတဲ့ တူရိယာကလည်း ဆန်းတယ်။ ချောလည်း ချောတဲ့ ရုရှားမလေးပါ။ ;)

နောက် ဒီလမ်းလေးမှာ ပန်းချီ ပညာပေါင်းများစွာ မြင်တွေ့ခွင့်ရတယ်။ ပုံတူပန်းချီ ၊ ရုပ်ပြောင်ပန်းချီ တထိုင်တည်း ဆွဲပေးတယ်။ ပန်းချီဆရာတွေကလဲ သူ့ပညာနဲ့သူ ခဲပန်းချီ ဆေးပန်းချီ စုံလို့။ မိဘတွေက သားသမီးကို ပုံတူပန်းချီလေး ဆွဲပေးနေတာကို ကြည့်ရင်း ကြည်နူးနေကြတာ ရှိသလို ၊ ချစ်သူစုံတွဲတွေ အမှတ်တရ ပန်းချီဆွဲခံရင်း ကြည်နူးနေကြတာကိုလဲ အမြဲတွေ့ရတယ်။ ရုပ်ပြောင် ပန်းချီဆို တခါကြည့်လိုက် တခါရယ်လိုက်နဲ့ အတောမသတ်နိုင်လောက်အောင်ပဲပေါ့။

SANYO DIGITAL CAMERA

နောက် ရောင်းတန်းဝင် ဆီဆေးပန်းချီတွေ။ ရုရှားရဲ့ အထင်ကရတွေ ဥတုရာသီနဲ့ သဘာဝအလှတွေ ရေးဆွဲထားတဲ့ ပန်းချီတွေက အဲဒီလမ်းလေးရဲ့ လမ်းလည်ခေါင်မှာ ရှိနေသေးပေမယ့် ပန်းချီပညာ အနုပညာအဆင့် မနိမ့်လှတာ သိသာလှတယ်။ တချို့ ဆိုင်ရှင်တွေက သူတို့ ပန်းချီကို ဓါတ်ပုံ အရိုက်မခံကြဘူး။ ရိုက်မိသူတွေကို ပြန်ဖျက်ပေးဖို့ တောင်းဆိုကြတယ်။ နိုင်ငံခြားသားဆိုရင်တော့ အင်္ဂလိပ်လို မတောက်တခေါက်လေး ဖျက်ပေးဖို့ ပြောရင်း သူတို့ ပန်းချီကို အတုယူ ရေးဆွဲမှာ စိုးရိမ်လို့ပါလို့ ရှင်းပြတတ်ကြတယ်။ သူဖန်တီးတဲ့ ပညာအပေါ် တန်ဖိုးထားတဲ့ သူတို့ကို ရိုက်မိသူကလည်း တလေးတစား ပြန်ဖျက်ပေးရလေ့ရှိတယ်။ ဒါ ဒီလမ်းလေးရဲ့ ဓလေ့။

SANYO DIGITAL CAMERA SANYO DIGITAL CAMERA SANYO DIGITAL CAMERA

ဒါကတော့ ပိတ်စနဲ့ ဆွဲတဲ့ပန်းချီပါ။

ဒီခေတ်နောက်ပိုင်းမှာ ဆန်းသစ်လာတဲ့ မှုတ်ဆေးပန်းချီ (Spray Paint) ဆွဲနေတာကိုလည်း ဒီလမ်းလေးမှာ ကြည့်လို့ရတယ်။ ဘာကို ရည်ရွယ်ပြီး ဆွဲလိုက် ဖျက်လိုက် လုပ်နေတယ်ဆိုတာကို တစ်ထပ်ပြီး တစ်ထပ်မှုတ်နေတဲ့ သူ့မှုတ်ဆေးတွေ ကြားမှာ ရပ်ကြည့်နေသူတွေ ကြိုတင်မှန်းလို့ကို မရနိုင်ပေမယ့် နောက်ဆုံး ထွက်လာတဲ့ လက်ရာကိုတော့ တအံ့တသြ ဖြစ်စေတာ သူ့အနုပညာတစ်ခုပါပဲ။ ဆေးရေးပန်းချီတွေထဲက ဖောက်ထွက်လာတဲ့ သူ့ထူးခြားမှု တစ်ခုပေါ့။

SANYO DIGITAL CAMERA

SANYO DIGITAL CAMERA

နောက်ထပ် ဆန်းတဲ့ ပန်းချီတစ်ခုကတော့ သစ်သားပြားပေါ်မှာ ဖောင်းကြွပုံဖော်ထားပြီး spray မှုတ်ထားတဲ့ ပန်းချီပါ။ ဆေးရောင်စုံနဲ့ မဟုတ်ပေမယ့် one color, two color နဲ့ အရုပ်ဖော်ထားတာပါ။ ကျနော်တော့ တစ်ခါမှ မမြင်ဖူးပါဘူး။ ပန်းချီဆရာကတော့ ကပိုကရို မိန်းကလေးပုံကို သရုပ်ဖော်တာ များပါတယ်။ တချို့ပုံဆို အမြင်မတော်လို့ အမြင်တော်သလောက် ပုံလေးပဲ တင်ပေးလိုက်ပါတယ်။

SANYO DIGITAL CAMERA

တချို့ဖောင်းကြွတွေက ကြွေ ၊ အုတ် တို့နဲ့ လုပ်ထားတဲ့ ဖောင်းကြွပုံတွေပါ။ သူတို့ ပြောတာကတော့ ဒီလမ်းဟောင်းက တူးရတာလို့ ပြောပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။

SANYO DIGITAL CAMERA

ခွဲခြားတတ်သလောက် အမျိုးအစား ခြောက်မျိုးကျော်လောက် ရှိမယ်ထင်တယ်။ ပန်းချီပုံစံ အမျိုးမျိုး ဆွဲတတ်တဲ့ ဒီလမ်းလေးမှာ ပန်းချီအရောင်းဆိုင်တွေ ၊ တထိုင်တည်း ဆွဲတဲ့ ပန်းချီဆရာတွေ လျှောက်လမ်းတလျှောက် မပြတ်အောင်ပါပဲ။ လမ်းလျှောက်သူတွေလဲ ဘယ်ငေး ညာငေးနဲ့  တရွေ့ရွေ့ သွားနေကြရင်း ဒီလမ်းလေးပေါ်က အနုပညာတွေကို နူးညံ့စွာ ခံစားတတ်ကြတယ်။

SANYO DIGITAL CAMERA

SANYO DIGITAL CAMERA

ပန်းချီအကြောင်းနဲ့တင် တော်တော်ကို ရှည်သွားပြီ။  ပန်းချီဆွဲသူတွေက ဝမ်းရေးအတွက် ဒီလမ်းလေးမှာ အချိန်တွေ နှစ်မြုပ်တယ်။ ပန်းချီမြတ်နိုးသူတွေက ဒီလမ်းလေးမှာ ရေးဆွဲစေကြတယ် ငေးမောကြတယ်။ ဘယ်လိုအဆင့်တန်း ဘယ်လိုဘဝဖြစ်ဖြစ် ဒီလမ်းလေးမှာ ခဏတာတော့ ဆုံကြတယ်။

ပန်းချီအကြောင်း သိရသလောက် ရေးပြီးပေမယ့် ဒီလမ်းလေးနဲ့ ပတ်သက်လို့ ဆက်ရေးဖို့ အများကြီး ကျန်နေသေးတယ်။

ဆက်ရန်ရှိသေးသည်။ မျှော်… ပေါ့ ;)

You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
စာအညွှန်း- Art, Moscow, Арбат

6 Responses to “အနုပညာလမ်းလေး (၁)”

  1. mm thinker က ဒီလိုရေးသွားတယ် >>

    August 28th, 2009 at 1:15 am

    အိုး
    breathtaking
    စပရေးပန်းချီ (မှုတ်ဆေးပန်းချီ) ကို သေချာ တင်ပေးပါလားဗျာ။
    အဲဒါကို စိတ်ဝင်စားတယ်။

    ဥရောပကို မြင်ရတယ်။ အဲဒီနေရာမှာ။

  2. သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>

    August 28th, 2009 at 1:55 am

    ကိုသင်ကာ – အဲဒီလမ်းမှာတုန်းက လူကြပ်လို့ ဗွီဒီယို မရိုက်ဖြစ်ခဲ့လိုက်ဘူးဗျာ။
    တခြားမှာကြည့်ဖို့ လင့်တွေတော့ ပေးလို့ရပါတယ်။

  3. အိမ် က ဒီလိုရေးသွားတယ် >>

    September 1st, 2009 at 12:04 pm

    အဲဒါမျိုး တွေခဏခဏတွေ့ဖူးတယ်ဗျ စကတ်ဆွဲတာ တခါဆွဲ ယူရို၂၅ကျပ်ဆိုတော့.. ဟီး.. အသေသာခံလိုက်မယ် မဆွဲဘူး…. ပန်ချီကားတွေကလဲ ဈေးကြီးမှကြီး ဆိုတော့… မျက်စေ့နဲ့ပဲ အရသာခံလိုက်တယ်ဗျာ…။

  4. သိင်္ဂါရမောင် » အနုပညာလမ်းလေး (၂) က ဒီလိုရေးသွားတယ် >>

    September 3rd, 2009 at 6:35 pm

    [...] အနုပညာလမ်းလေး အပိုင်း (၁) သို့ You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site. စာအညွှန်း- Moscow, Арбат [...]

  5. Waing က ဒီလိုရေးသွားတယ် >>

    September 4th, 2009 at 7:43 am

    လမ်းကြုံလို့တခါတည်း ၀င်ကြည့်တာ။ လမ်းတလျှောက်လုံး ဆေးရေးပန်းချီတွေအပြည့်ပဲနော်။ ဖောင်းကြွပုံဖော်ထားပြီး spray မှုတ်ထားတဲ့ ပန်းချီတွေကတော့ ၀ိုင်းလည်း အခုမှ တွေ့ဖူးတာ။ မြင်သမျှ တွေ့သမျှ အားလုံးသဘောကျတယ်။

  6. သိင်္ဂါရမောင် » မော်စကို……..သို့……….ချစ်သူ က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 5:02 am

    [...] တီးခဲ့ကြတယ်။ ငါရေးခဲ့ဖူးတဲ့ အနုပညာလမ်းလေး ရဲ့ ရသတွေကို အတူခံစားကြတယ်။ [...]

Leave a Reply

« အောက်တန်းကျတဲ့ အနုပညာ
Password အကြောင်း သိကောင်းစရာ »

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 9 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • ခန့်မိုးခက်: ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။ ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်...
  • သိ င်္ဂါ ရ: တကယ်ရောက်လာတာများလား လို့ ... :)...
  • သိ င်္ဂါ ရ: ဟုတ်ပ ဗျာ ... သနားစရာပေပေါ့ ... တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ ......
  • Sai: ကောင်းတယ်ညီရေ..ကလောင် ရည် ကတော့ ရှယ်ပဲ၊ မရောက်တာကြာလို့ ဘာတွေရေးထားလဲ လာကြည့်တာ၊...
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  •  

  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • ယခုလအတွင်း ရေးသောရက်များ

    September 2010
    M T W T F S S
    « Dec    
     12345
    6789101112
    13141516171819
    20212223242526
    27282930  
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts