မယုံရင်ကြည့်ပေါ့
Thursday, September 10, 2009 8:34ဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။ ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး ကိုယ့်လူ။ သတင်းကြေညာမလို့ လုပ်ကတည်းက ပြက္ခဒိန်သေချာကြည့်ပြီးသား။ ခင်များသာ ပြက္ခဒိန် ကြည့်တတ်တဲ့ အလေ့အထလေး လုပ်ထားအုံး”
“အာ… ဒီလူ ပြက္ခဒိန် ကတော့ ဒီလိုပြမလားဗျ။”
“မယုံရင် ဒီမယ် ကြည့်ကိုယ့်လူ ပြက္ခဒိန်မှ ပြက္ခဒိန် စစ်စစ်။”
“ဟာ မဖြစ်နိုင်ဘူး… မဟုတ်ဘူး … မဟုတ်ဘူး”
“ဘာမဟုတ်ရမှာလဲ ကိုယ့်လူ။ ဒီလောက် အတိအလင်း ဖော်ပြထားတာကို မှားတယ် လုပ်အုံးမလို့လား။”
“မဟုတ်သေးဘူးလေ…. ဒါက …. တခုခုကြောင့်”
“တိတ်… ဘာမှ လာမရှင်းပြနဲ့။ ပြက္ခဒိန်အတိုင်းပဲ ကျုပ်ဆက်ကြေညာမယ်…
ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်စွာ….”
“ဟာ ဒီလူ ဇွတ်ကိုကြေညာတော့တာပဲ”
“ခင်များကို ပြက္ခဒိန် ပြထားပြီးပြီလေ။ တိတ်တော့..”
“သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်စွာ…….”
“ဟာဗျာ ဟေ့လူ……”
“မဟုတ်လို့လားဗျာ ပြန်ကြည့် ခု”
“ဟာဗျာ.. ဒါတော့ ……………”
“အာ.. မယုံရင် ကြည့်ဆို… ”
“အဟင့်.. ဒါကလေ .. ဟို..”
“……………………”
“…………………..”
To see a bigger picture pls L-click at the calender.
လာမယ့် ကျွန်တော့်မွေးနေ့ စက်တင်ဘာ (၁၃) ရက်နေ့ဟာ မြန်မာလို ဘာရက်ဖြစ်လဲလို့ ကြည့်မိရင်း (၁၂) ရက်နေ့က အမှားလေးကို သတိထားမိလို့ ရေးလိုက်တာပါဗျာ။ Burmese classic ရဲ့ calender တခုခုမှားသွားတယ် ထင်ပါတယ်။ ဘာရယ်မဟုတ်ပါဘူး ဟာသသဘောရေးလိုက်တာပါ။ မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိကြောင်းပါ
ဗြောင်နိမ် ဗြောင်နိမ် ဗြောင်နိမ် ဗြောင်နိမ် ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ ၁၂ ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် ၉ ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။ ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး ကိုယ့်လူ။ သတင်းကြေညာမလို့ လုပ်ကတည်းက ပြက္ခဒိန်သေချာကြည့်ပြီးသား။ ခင်များသာ ပြက္ခဒိန် ကြည့်တတ်တဲ့ အလေ့အထလေး လုပ်ထားအုံး”
“အာ… ဒီလူ ပြက္ခဒိန် ကတော့ ဒီလိုပြမလားဗျ။”
“မယုံရင် ဒီမယ် ကြည့်ကိုယ့်လူ ပြက္ခဒိန်မှ ပြက္ခဒိန် စစ်စစ်။”
“ဟာ မဖြစ်နိုင်ဘူး… မဟုတ်ဘူး … မဟုတ်ဘူး”
“ဘာမဟုတ်ရမှာလဲ ကိုယ့်လူ။ ဒီလောက် အတိအလင်း ဖော်ပြထားတာကို မှားတယ် လုပ်အုံးမလို့လား။”
“မဟုတ်သေးဘူးလေ…. ဒါက …. တခုခုကြောင့်”
“တိတ်… ဘာမှ လာမရှင်းပြနဲ့။ ပြက္ခဒိန်အတိုင်းပဲ ကျုပ်ဆက်ကြေညာမယ်…
ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ ၁၂ ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် ၉ ရက် စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်စွာ”
“ဟာ ဒီလူ ဇွတ်ကိုကြေညာတော့တာပဲ”
“ခင်များကို ပြက္ခဒိန် ပြထားပြီးပြီလေ။ တိတ်တော့..”
“သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်စွာ…….”
“ဟာဗျာ ဟေ့လူ……”
“မဟုတ်လို့လားဗျာ ပြန်ကြည့် ခု”
“ဟာဗျာ.. ဒါတော့ ……………”
“……………………”
“…………………..”


Aung Tha Nge က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 9:02 am
ဘယ်လိုတွေ ဖြစ်ကုန်တာလဲ….း)
သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 9:27 am
သိတော့ပါဘူးဗျာ။ ကျနော်လဲ ခုမှ ကြည့်မိပီး သတိထားမိတော့တာပဲ။ မျက်စိကို လည်…လို့
သင်ကာ က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 11:16 am
တစ်ရက်ထဲ ချွန်ထွက်နေတာပေါ့။
အားကျမခံ ကြိုပစ်လိုက်။
Waing က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 11:45 am
တခါတလေ မှားသွားတာဖြစ်မှာပေါ့ အကိုရာ….
ဝေလေး က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 6:13 pm
ရေလောင်းရမယ် ဒါဆိုရင်တော့..
ShwunMi က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 6:44 pm
ရီနေရတယ်.. မနက်ဖန်အတွက် ဟက်ပီးဘတ်ဒေးပါနော်..
မွေးနေ့အမီ ရေလောင်းခံချင်လို့ အကြံအဖန်လုပ်တာများလား =)
ShwunMi က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 6:48 pm
သူတို့ ပြင်လိုက်ပါပြီ ကိုမင်းကျန်..
လက်မြန်တယ် =)
ဒါပေမယ့် ပြင်မှန်းသိသာအောင်ကို ၁၂ က ခေါင်းလေးပြတ်နေတာ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်
သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 7:36 pm
ကိုသင်ကာ@ အတာအိုးတောင် ပြန်ရှာရမယ့်ပုံပဲဗျို့
waing@ ဟုတ်ကဲ့ ပညာရှိသတိဖြစ်ခဲဖြစ်ပုံရတယ်
ဝေလေး@ လုပ်လိုက်ပါနဲ့ဗျား)
ရွှန်းမီ@ မွေးနေ့မှာ ရေတော့ လာမလောင်းပါနဲ့ဗျာ။ အရက်ခွက်ထဲ ရေက ရောပီးသား
layma က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 8:25 pm
အလဲ့.. မွေးနေ့ ဆိုပါလား..။ ဘာတွေ ကြေငြာမှာပါလိမ့်လို့  မွေးနေ့ ကိုး..။ အကြိုနေ့ ဆိုတာ မောင်ကျန်ရဲ့ မွေးနေ့ အ ကြိုနေ့ လို့  ရေးထားတာနေမှာပေါ့.။ နာမည်တပ်ထားရင် တဲ့တိုးချည်း။ မကောင်းတတ်လို့  သင်္ကြန်အကြိုလို့  ရေးတာနေမှာပေါ့..။
နွေကဗျာ က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 9:24 pm
ဟာ့ဟ
တော်သလင်းလကြီးလည်း သင်္ကြန်အကြိုဖြစ်သွားလိုက်သေးတာနော်
မြင်လည်းမြင်တတ်ပ
မွေးနေ့မှာ ဘာစားရမှာလဲ
မောင်နွေသစ် က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 9:04 pm
မှားတဲ့အခါလဲ မှားပေမပေါ့..အကိုရာ..အမှတ်တရဖြစ်သွားတာပေါ့…:D
ဖြိုးငယ် က ဒီလိုရေးသွားတယ် >>
September 12th, 2009 at 4:32 pm
နည်းနည်းတောင် စဉ်းစားရခက်သွားတယ်
Army Soul က ဒီလိုရေးသွားတယ် >>
September 16th, 2009 at 12:18 pm
အဖြစ်အပျက်လေးတစ်ခုကို ဟာသရေးလိုက်တာ ကောင်းတယ်။ ဖတ်ဖတ်ခြင်းတော့ ဘာများဖြစ်မတုန်းဆိုပြီး အောက်နားရောက်တော့မှ အဖြေရှုင်းတော့တယ်။