• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

လွဲမှားနေတဲ့ စကားပုံများ

Wednesday, November 4, 2009 1:59
ကဏ္ဍအမျိုးအစားတွေ့ကြုံမိရာ
9 Comments

စကား စကား စရင်းနဲ့ကားလေသလားပဲမသိဗျာ။ တဆင့်စကား တဆင့်နားနဲ့ ပျက်လာရတဲ့ စကားပုံလေးတွေကို ကြုံတာနဲ့ သိခွင့်ရလိုက်တာလေး ပြန်ပြီး မျှဝေချင်ပါတယ်။ ဒါလေးတွေ စသိသိချင်း ကျနော်ကိုယ်တိုင်ပဲ လက်ခံထားတဲ့ ဒီစကားတွေ တဆင့် တဆင့် မှားယွင်းစွာ လက်ခံလာတဲ့ စကားပုံတွေ ဘယ်လောက်တောင် ရှိလိမ့်အုံးမလဲ သိချင်လာမိတယ်။

ထားဝယ်ယိုကြပ်ခိုး >> ထားဝယ်ရိုးကြက်ခိုး

စကားပုံရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ထားဝယ်ယိုဟာ ကြပ်ခိုးလို မဲပါတယ်။ ထားဝယ်သူ ထားဝယ်သားတွေလဲ အသားညိုပေမယ့် စိတ်ထား ဖြူစင်ရိုးသားကြပြီး စကားချိုသာတာကို တင်စားတဲ့ သဘောနဲ့ပါ။ အချိန်တွေ ကြာလာတော့ ဖြစ်လာပုံက ထားဝယ်တွေ ရိုးတယ်ဆိုတာ အနည်းဆုံး ကြက်တော့ ခိုးတတ်သလို ပြောဆိုလာကြ ၊ နားလည်လာကြရပါတော့တယ်။

ရှမ်းရိုးလင်ကိုး >> ရှမ်းရိုးလင်ခိုး / လင်ကိုး(ယောက်)

ရှမ်းရိုးရာ ရှမ်းသူတို့ဟာ သူတို့ရဲ့ လင်ယောက်ျားကို ကိုးကွယ်ကြတယ်။ လင်ယောက်ျားကို ရှမ်းမများက ကိုင်တိုင် အလုပ်အကျွေးပြုကြတယ်။ ဒီဓလေ့လေးကို ဆိုလိုတာပါ။ ဒီကနေ ပြောင်းလာလိုက်တာက ရှမ်းသူများ ရိုးတဲ့သူတောင် သူများလင်ခိုးတတ်သလိုလို ၊ အနည်းဆုံး လင်ကိုးယောက်ပဲ ရှိသလိုလို ပြောင်းလဲပစ်ကြတယ်။ တိုင်းရင်းသားတွေရဲ့ ချစ်စရာအလေ့အထနဲ့ စကားပုံတွေ ညစ်ညမ်းသွားတာ စိတ်မကောင်းစရာပါ။

ပန်းပဲတူငြိမ် >> ပန်းပဲလူလိမ်

မူရင်းက ပန်းပဲဆရာတို့ဟာ သူတို့ရဲ့ လက်မှုထည် ပန်းပဲပစ္စည်းတွေ လက်ရာကောင်းကောင်း ရစေဖို့အတွက် သူတို့ရဲ့ တူချက်ဟာ ငြိမ်ဖို့လိုတယ်ကို ဆိုလိုပါတယ်။ ဒီကနေ ပန်းပဲဆရာတွေကို လူလိမ်တွေအဖြစ် မြင်စေအောင် ပန်းပဲလူလိမ်ရယ်လို့ ပြောင်းလဲလာပါတယ်။

ပန်းတိမ်ရွှေခို >> ပန်းတိမ်ရွှေခိုး

ဒါလဲပန်းပဲဆရာလိုပါပဲ။ ပန်းတိမ်ဆရာတွေဟာ ကျွမ်းကျင်လာရင် ဖြစ်စေချင်တဲ့ လက်ဝတ်ရတနာကို ရသလောက်ရွှေနဲ့ ရွှေကို ခို (လျော့) ပြီး လုပ်ပေးနိုင်စွမ်းရှိတာကို ပန်းတိမ်သမားတွေကပဲ ရွှေခိုးကြသလိုဖြစ်သွားပါတယ်။

သံဖြူမအေးလို >> သံဖြူမအေ–ိုး

သံဖြူဆိုင်တွေမှာ လိုရာပစ္စည်းတွေ လုပ်တဲ့အခါမှာ သံကို မီးကင်ပြီး မအေးခင်မှာ လုပ်ရပါတယ်။ အေးတဲ့အခါမှ လုပ်ရင် ကွဲတတ်ပါတယ်။ ဒါကို မဆီမဆိုင် ညစ်ညမ်းပစ်လိုက်တာပါတဲ့။

မယားနေစ ချောင်သေမှ >> မယားနေစ ကြောင်သေမှ

ဒါကတော့ အသုံးအများဆုံး ၊ လက်ခံထားကြဆုံး စကားပုံပါ။ မူရင်းက အိမ်ထောင်စကျကာစ အမျိုးသမီးဟာ အိမ်မှုကိစ္စနိုင်နင်းလို့ အိမ်ရဲ့ ချောင်ကြို ချောင်ကြားတောင်မှ နိုင်နိုင်နင်းနင်း သန့်ရှင်းထားနိုင်ခြင်းကို ဆိုလိုပါတယ်။ ဒါကို ယောက်ျားက မိန်းမယူကာစ မိမိ မိန်းမရှေ့မှာ ကြောင်ကို သေအောင် ရိုက်ပြပြီး ချောက်လှန့်ထိမ်းသိမ်း ထားရမယ်လို ဖြစ်သွားပါတယ်။

ဒီလို စကားပုံတွေ ပြောင်းလဲလာတာ ကြည့်ရင် လူတွေရဲ့ ဖျက်လိုဖျက်ဆီး စိတ်က သိသာလှပါတယ်။ ဒီလို အချိန်တွေ ကြာလာတာနဲ့အမျှ လွဲမှားစွာ လက်ခံထားကြတာကို အမှန်သိရင် ပြင်ကြရအောင်လားဗျာ။ ဒီလို ပြောင်းလဲလာတာတွေကို ဓမ္မစေတီဆရာတော် တရားတော်မှ တဆင့် သိခဲ့ရလို့ ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်။

You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
စာအညွှန်း- စကားပုံ

9 Responses to “လွဲမှားနေတဲ့ စကားပုံများ”

  1. Rainbow က ဒီလိုရေးသွားတယ် >>

    November 5th, 2009 at 12:34 am

    Thanks for sharing your knowledge. Yeah, once we know the mistake, we should change it. Keep up with your writing. Cheers…

  2. Waing က ဒီလိုရေးသွားတယ် >>

    November 5th, 2009 at 8:10 am

    စကားပုံဆိုလို့ တစ်ခုမှတ်မိသေးတယ် မြန်မာရုပ်ရှင်ကားတွေကြည့်တုန်းက မင်းသားပဲဖြစ်ဖြစ်၊ မင်းသမီးပဲဖြစ်ဖြစ် ရည်းစား၂ယောက်ထားတတ်ကြရင် ငါးရံ့၂ကောင်ဖမ်းတတ်တယ်လို့ပြောတယ်လေ အဲ့ဒီမှာ ၀ိုင်းရဲ့ အမေက ငါးခူ၂ကောင်ဖမ်းတာဆိုပြီး နောက်ပြောင်ပြောလိုက်တာ
    နောက်တစ်ခါ အဲ့ဒီလိုကားမျိုးတွေနဲ့ ကြည့်မိရင် ငါးရှဉ့်၂ကောင်ဖမ်းတယ်ဖြစ်သွားပြန်ရော…အဲ့ဒါနဲ့ တကယ့်ငါးကို ပြောခါနီး မေ့ကုန်ရောလေ မနည်းစဉ်းစားရတာ အခုထိလည်းမှားတုန်းလေ ဟိး))))

    အထက်က ပြောသွားတဲ့ စကားပုံအမှန်တွေကိုလည်း အခုမှ သိတော့တယ် ကျေးဇူးပါနော် ပျော်ရွှင်ပါစေ

  3. ဂျေဂျူဝိုင် က ဒီလိုရေးသွားတယ် >>

    November 5th, 2009 at 2:58 pm

    ဟ ရှမ်းရိုးလင်ကိုး ဆိုတဲ့ စကားပုံကို ရှင်းလင်းပေးတာနဲ့ တင် ဒီပိုစ့်ကို ဖတ်ရတာ တန်သွားပြီဗျို့။ နောက် တစ်ခွန်းက မယားနေစ ချောင်သေမှ ဒါလေးလည်း ခုမှ အမှန်သိတာ။ တော်တယ်ဗျို့။

  4. nyimg က ဒီလိုရေးသွားတယ် >>

    November 9th, 2009 at 8:03 am

    တခါက စုံးထောက်ဦးနံပြားမှာဖတ်ဖူးတာရှိသေးတယ်.
    သူက….. မျက်စိနာချောင်ပို့ ဘုန်းကျီလီနဲ့တို့ တဲ့… ဘုန်းကျီလီအရွက်လားမသိပါဘူး. နာတဲ့မျက်စိကိုတို့ရတာ.. အဲဒါကို တလွဲ ဆိုသွားရောဗျာ..
    အဖြေကိုတော့ စဉ်းစားသာကြည့်တော့. ရိုင်းလို့မပြောပြတော့ဘူးဗျို့..

  5. Mg Ogga က ဒီလိုရေးသွားတယ် >>

    November 9th, 2009 at 8:33 am

    ကောင်းပါဗျာ ကောက်အယူလွဲကြတာတွေထောက်ပြပေးတာကောင်းပါတယ်ဗျာ

  6. သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>

    November 9th, 2009 at 7:28 pm

    Rainbow >> Thx
    Waing >> ဖြစ်တတ်တာတွေပေါ့း)
    ဂျေဂျူဝိုင် >> ရှမ်းတွေ ဘက်က ပြန်ကာကွယ်ပေးစရာ ရသွားပီပေါ့လေ
    nyimg >> ဟုတ်တယ်ဗျ။ မျက်စိနာချောင်ပို့ ဘုန်းကြီးလီနဲ့တို့ ဆိုတဲ့ စကားအမှန်က မျက်စိနာနေတဲ့လူက အလင်းမခံနိုင်လို့ အမှောင်ရှိတဲ့ ချောင်ထဲမှာပဲနေရပီး သဖုန်းကြီးမြစ်နဲ့ မဲဇလီမြစ်ကို သွေးလိမ်းရင် ပျောက်တာကို ဆိုလိုတာပါ။ အဲဒါကို ပေါင်းပီး ဘုန်းကြီးလီ လို့ ကာရန်လိုက်ထားတာပါ။ ဒါကို ပြင်လိုက်ကြပုံကတော့ …. ဟတ်ဟတ် အပြောတော့ဝူး :P
    Mg Ogga >> ဟုတ်တယ်ညီရေ ဖြစ်ပုံက ဂလို ဂလိုတွေ :)

  7. မောင်နွေသစ် က ဒီလိုရေးသွားတယ် >>

    November 15th, 2009 at 7:56 pm

    ဟုတ်တယ်အကိုရေ….
    ညီတောင်…ဟိုတစ်နေ့ကမှ အဲဒီစကားပုံတွေ ပြောင်းလဲလာပုံကို ရေးကြည့်မလို့စဉ်းစားနေတာ…။

  8. နွေကဗျာ က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 4:45 pm

    အင်းနော် မှားတတ်ကြတာကလည်း
    တင်ပြပေးတာလေးတွေ အရမ်းကောင်းပါတယ်

    ပျော်ရွှင် ကျန်းမာလျှက်
    စာတွေ အများကြီး ရေးနိုင်ပါစေနော် :)

  9. ခန့်မိုးခက် က ဒီလိုရေးသွားတယ် >>

    July 16th, 2010 at 1:45 pm

    ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။

    ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်နေပါတယ်။ တကယ့်အမှန်ကိုတော့ ကျွန်တော် သိတာမကြာသေးပါဘူ။ ပန်းပဲတူလိမ် ဆိုတာက ကျွန်တော်တို့ ပန်းပဲလုပ်တဲ့အခါ ပန်းပဲဆရာတွေဟာ တူကိုလိမ်ဖယ်လိမ်ဖယ်ကိုင်ပြီး ဓား၊လှံထုနှစ်ရလို့ ပေါ်လာတာပါ။ ပန်းထိမ်ရွှေခိုးမဟုတ်ပါဘူး။ ပန်းထိမ်ရွေပိုးပါ ။ လိုအပ်တဲ့နေရာလေးတွေမှာ ရွှေလေးတွေပိုးပိုးပြီးတော့လုပ်ပေးကြတဲ့ ပန်းတိမ်ဆရာတွေအကြောင်းပါ။
    ဒီတော့
    ကျွန်တော်ကြားနာမှတ်သားဖူးတာကတော့
    ပန်းပဲတူလိမ် ပန်းထိမ်ရွှေပိုးဆိုတဲ့အကြောင်း စေတနာနှင့်အကြောင်းကြားပါတယ်ဗျာ။ မှားခဲ့ပါရင်လည်း ခွင့်လွှတ်ဦးဗျို့။ ကျေးဇူးပါဗျာ။အခုလိုတင်ပေးထားတာ။

Leave a Reply

« သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ
ကမ္ဘာကျော်ပုဂ္ဂိုလ်များ »

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 9 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • ခန့်မိုးခက်: ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။ ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်...
  • သိ င်္ဂါ ရ: တကယ်ရောက်လာတာများလား လို့ ... :)...
  • သိ င်္ဂါ ရ: ဟုတ်ပ ဗျာ ... သနားစရာပေပေါ့ ... တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ ......
  • Sai: ကောင်းတယ်ညီရေ..ကလောင် ရည် ကတော့ ရှယ်ပဲ၊ မရောက်တာကြာလို့ ဘာတွေရေးထားလဲ လာကြည့်တာ၊...
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  •  

  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • ယခုလအတွင်း ရေးသောရက်များ

    September 2010
    M T W T F S S
    « Dec    
     12345
    6789101112
    13141516171819
    20212223242526
    27282930  
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts