• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

မော်စကို …….. သို့ ………. ချစ်သူ

Wednesday, November 18, 2009 5:02
ကဏ္ဍအမျိုးအစားဝတ္ထုတို, ဟာသ
10 Comments

ချစ်သူရေ… လွမ်းလိုက်ရတာကွာ။ ခုများဆို ဝေးနေကြရတာ ဘယ်လောက်တောင် ရှိပြီပဲ။ အင်းလေ… ဝေးနေကြရတယ်ဆိုတာထက် မနီးကြရသေးတာပေါ့။ ကမ္ဘာတခြမ်းဆီမှာနေရင်း လေထုတွေကတဆင့် ဝါယာတွေကတဆင့် ရုပ်ဝတ္ထုတွေကတဆင့် မင်းနဲ့ ဆုံခဲ့ကြတာမဟုတ်လား။ ရှေးကုသိုလ် ရေစက် သံသရာစက်ဝန်းရဲ့ ဆုံမှတ်တနေရာမှာ ချစ်နေကြရတဲ့ချစ်သူ… တနည်းအားဖြင့်… အင်တာနက်ချစ်သူ။

အပြင်မှာမမြင်ဖူးပေမယ့်

ရင်မှာအချစ်ထူးတယ်

အရူးမလေးရယ်…

မင်းနဲ့ တွေ့ကြရမယ့် အချိန်လေးတွေကို မျှော်လင့်မိပါရဲ့။ တွေ့ရမယ့် အချိန်တွေ ဝေးနေပြန်သေးတော့လဲ အချိန်မတိုင်မီ တွေ့ချင်တဲ့ စိတ်လေးဖြစ်မိသေးတယ်။ စိတ်ကူးယဉ်ရင်း လွမ်းတယ်။ လွမ်းရင်း မျှော်တယ်။ ကိုယ်က သူ့ဆီ မသွားနိုင်သေးတော့ သူအလာကို မျှော်မိတယ်။ ဒီလိုနဲ့ပဲ အခက်ခဲတွေကြားမှာ လွမ်းစိတ်ကို အပေါင်းသင်းနဲ့ ဖြေသိမ့်တယ်။ ဆိုတယ် ကတယ် တီးတယ် သောက်တယ်။ ဆိုကရေးတီး(Socrates)ကို  ဂုဏ်ပြုနေသည့်အလား။ ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ စိတ်ကူးထားတဲ့အတွေးတွေ ဒီရင်ဘတ်နဲ့ အပြည့်။ အခွံဖြစ်သွားတဲ့ ပုလင်းထဲက အခါးရည်တွေကလဲ ခုတော့ ဒီဗိုက်ထဲမှာအပြည့်။ ဒီလိုနဲ့ပဲ ညပေါင်းများစွာ ဒီရင်ဘတ်မှာ ရီဝေတယ် မူးတယ် မေ့တယ် မောတယ်။

နေရာတခြားဆီပေမယ့်

မင်းအနားခြေရာချချင်တယ်

သေနာမလေးရယ်…

ဒီနေ့ …. လွမ်းမောမှုတွေ ခဏတာ ချွေးသိပ်မယ့်နေ့။

လေညှင်းတခုတည်းကို အတူရှုရှိုက်ရမယ့်နေ့။

တနည်းအားဖြင့်… မော်စကို ….. သို့ ….. ချစ်သူ ခေတ္တရောက်လာမယ့်နေ့။

ရှိသမျှထဲက အလိုက်ဖက်ဆုံးလေးတွေ ရွေးဝတ်ပြီး ချပ်ချပ်ရပ်ရပ် မရှိတော့တဲ့ ရင်ခုန်သံတွေနဲ့ ကစင့်ကလျား ရှာနေတဲ့ မျက်လုံးပိုင်ရှင်ဟာ ငါပဲပေါ့။ တွေ့တွေ့ချင်းပဲ ကိုယ့်မျက်လုံးကိုယ် မယုံရဲသေးသလိုနဲ့ အပြေးတပိုင်း ခြေလှမ်းတို့နဲ့အတူ မင်းအနားကို ရောက်လာခဲ့ပြီး ပန်းစည်းလေး မင်းလက်ထဲ ဆက်သလိုက်တယ်။ ဒါ သာမန် ပန်းစည်းမဟုတ်ဘူးချစ်သူ ငါ့ဘဝတစ်ခုလုံးပဲ။

စက္ကန့်တို့ရေ…

ခုကစပြီး နှေးချင်သလို နှေးလိုက်စမ်း

ရင်ခုန်သံကကြိုးတွေ အစီအရီခင်းကျင်းတဲ့အချိန်

နာရီတွေအိပ်ကပ်ထဲကမထုတ်ကြေး မသာမလေးရေ

ဘယ်လို အားတင်းပြီး လာခဲ့ရကြောင်း ၊ လေဆိပ်မှာတင် လူတိုင်းကို အင်္ဂလိပ်လို ပြောလို့ အဆင်မပြေတော့တာ သိလိုက်ရကြောင်း ၊ ကို လာကြိုပါ့မလား တွေးပူနေမိသေးကြောင်းတွေ အမောတကောလေး ပြောနေတဲ့မင်းကို ငါ့ရင်ခွင်ထဲမှာ အမောပြေစေခဲ့တယ်။ ငါနေတဲ့အခန်းကျဉ်းလေးဆီ နှစ်ကိုယ်တူအလာ စိတ်ကူးထဲက မော်စကိုဟာ မင်းရောက်လာမှ ပြည့်စုံသွားတာပေါ့ ချစ်သူရယ်…

မော်စကိုဆိုတာလေ ဒီလို ဒီလိုပေါ့။ မနားတမ်း ရှင်းပြနေရတာတောင် ငါ မမောတတ်တော့ဘူး။ ရုရှားနန်းတော်  ၊ လီနင်အုတ်ဂူ ၊ ရင်ပြင်နီဆိုတဲ့ နေရာတွေမှာ လမ်းအတူ လျှောက်ခဲ့တယ်။ Tsar ခေါင်းလောင်းကြီး ကို  နှစ်အယောက်အတူ တီးခဲ့ကြတယ်။ ငါရေးခဲ့ဖူးတဲ့ အနုပညာလမ်းလေး ရဲ့ ရသတွေကို အတူခံစားကြတယ်။ ဒီလမ်းလေးမှာ ဘာလို့ ဒီလို စိတ်ကူးလေး ရတယ်ဆိုတာလေး ရှင်းပြမယ်။ ပန်းခြံတွေ ကစားကွင်းတွေ ပြတိုက်တွေ တိရိစ္ဆာန်ဥယာဉ်တွေ စုံလို့ပေါ့။ မော်စကိုတမြို့လုံး တို့ ခြေရာတွေချည်းပဲ ဖြစ်ခဲ့ကြတယ်။

အတူရှိချိန် နှင်းခဲတွေကြား

အနမ်းခတဲ့ တို့ပါးပြင်တွေ

နွေးနေကြတယ် ကောက်တေးမလေးရယ်

အပြင်မှာ လည်တဲ့ရက်တွေရှိသလို သူငယ်ချင်းတွေနဲ့ အဆောင်မှာ အတူချက်ကြ စလိုက် နောက်လိုက်ကြ အချိန်တိုင်းမှာ ပျော်စရာအတိ။ တနေ့တနေ့ ဘယ်လိုကုန်မှန်းမသိ ကုန်လာလိုက်တာ။ အချိန်တွေရယ် မြန်လွန်းလှချည်ရဲ့။ မင်း မော်စကိုမှာ နေဖို့ တရက်ပဲ ကျန်တော့တယ်။ ဒီနေ့ မော်စကိုမြစ်ထဲမှာ သဘောင်္စီးထွက်ကြမယ်။

Time Machine နဲ့ အချိန်ကိုဆိုင်း

ရင်ခုန်သံတိုင်းက အိမ်မပြန်ခိုင်းဘူးတဲ့

ဗိုင်းနာမလေးရယ်

အပြင်ထွက်ဖို့ ပြင်ဆင်ရင်း  သူ ရေချိုးမယ်လုပ်တော့ တဆောင်လုံး ရေပြတ်နေလေရဲ့။ ဒါနဲ့ပဲ နေတဲ့အထပ်ရဲ့ အများသုံး ရေကန်မှာပဲ ရေချိုးဖို့ ခေါ်သွားခဲ့ရတယ်။ အများသုံးကန်ဆိုတော့ တခါးဂျက်လဲ မရှိပြန်ဘူး။ ချစ်သူရေချိုးတာကို တခြားလူတွေ မမြင်စေချင်တော့ ဂျက်ချလို့ မရတဲ့ တံခါးကိုပိတ် ၊ ကျောမှီပြီး ခန့်ခန့်ကြီး ရပ်ပြီး မှီထားလိုက်တယ်။ ကျောင်းသွားခါနီး အချိန်မို့ သူငယ်ချင်း တယောက်နှစ်ယောက် ရေချိုးဖို့ ရောက်လာကြတော့ တောင်းပန်ပြီး စောင့်ထားခိုင်းရတယ်။ တဆောင်လုံး ရေမလာတာမို့ ဒီကန်ကိုပဲ စုပြုံရောက်လာကြလေတော့ လူတွေက တဖြည်းဖြည်း များလို့လာပြီ။ ချစ်သူကလည်း ရေချိုးလို့ မပြီးသေး….

“ကျောင်းချိန်နောက်ကြနေပြီကွ မင်းကောင်မလေးမပြီးသေးဘူးလား”

“အခန်းတွေမှာ ရေမလာဘူးဆိုမှ အများသုံးကန်ကို တယောက်တည်း ပိတ်သုံးရလားကွ”

“ကြာတယ်ကွာ ဝင်ကြမယ်”

“…………..”

“…………..”

“…………..”

အတွင်းထဲက ချစ်သူရှိရာ တံခါးကို ကာဆီးကာ မဝင်ကြဖို့ တောင်းပန်နေရတယ်။ ချစ်သူကလည်း ဒီနေ့မှ ရေချိုးတာ ဘာလို့ ဒီလောက်ကြာနေသည်မသိ။ သူငယ်ချင်းများကလည်း သည်မနက်မှ ဘာလို့ သည်းမခံနိုင်ကြသည်မသိ။ လူတွေ အော်သံတွေက နားထဲမှာ ဗလောင်ဆူနေသည်။ ချစ်သူအား စိုးရိမ်စိတ်ဖြင့် ရင်မှာ ပူလောင်နေသည်။ ချွေးဆီးချွေးပေါက်တွေကျကာ ခြေလက်တွေ မရပ်တည်နိုင်တော့ပြီ။

ကျနော် တံခါးနားမှာ ခွေခွေလေး လဲကျသွားသည်။

စောင့်နေကြသော သူငယ်ချင်းများ တံခါးဖွင့်ပြီး ဝင်သွားကြသည်။

နားထဲမှာ အသံတွေ…………… အသံတွေ…………. အသံတွေ…………

………. ~~~~~~~~ …………. ~~~~~~~~ ……………

အော်ဟစ်သံလည်း မဟုတ် ဆူညံသံလည်းမဟုတ် အားယူပြီး နားအစွင့်…

ခေါင်းအုံးအောက် ဖုန်းမှ alarm သံ ၊ ပြနေတဲ့ message က Good Morning…

ညက အသုံးတော်ခံခဲ့တဲ့ ပုလင်းတွေ ခွက်တွေနဲ့ ဂစ်တာလေးက ပိုးလိုးပက်လက် အိပ်စက်ဆဲ…

“ဟင်းးးးးးးးးး …. ” ချလိုက်သော သက်ပြင်းက မောဟိုက်နေမှုလား ၊ အခက်ခဲက လွတ်မြောက်မှုလား ၊ အိပ်မက်ကို နှမျောတမ်းတနေတာလား ဝေခွဲ၍မရ။ သေချာတာတော့ ဒီ အိမ်မက်လေးအတွင်းမှာ ချစ်သူနဲ့ ကြည်နူးခဲ့ရသည်။ အိမ်မက်အတွင်းက စိုးရိမ်စိတ်တို့က ခုတော့ ဟာသတစ်ပုဒ်အလား။ စောင်ခြုံထဲက ချွေးစေးတွေကတော့ မခြောက်သေး…

အိပ်မက်ထဲမှာတော့…..

မော်စကို ….. သို့ ….. ချစ်သူ ရောက်လာခဲ့သည်။

အိပ်မက်နိုးလေတော့ ကျနော် လုပ်မိတာက…..

မှ/ …. မော်စကို …… သို့ / …… ချစ်သူ လို့ရေး ၊ စာအိပ်လေး ပိတ်ပြီး ကျောင်းအသွား စာတိုက်မှာ စာထည့်ရမည်….

You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
စာအညွှန်း- Moscow, ဝတ္ထုတို

10 Responses to “မော်စကို …….. သို့ ………. ချစ်သူ”

  1. Rainbow က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 5:55 am

    တီဂျီအာလ်မောင် တော့လုပ်လိုက်ပီ။ ဇတ်ရှိန်ကောင်းနေမှ အိမ်မက်တဲ့။ :( တော်သေးတာပေါ့ စာလေးပို့လိုက်လို့။ စာတိုက်နဲ့ပို့ရတာ မကြာလွန်းဘူးလား။ အင်တာနက်ချစ်သူတွေပဲ အင်တာနက်နဲ့ပို့လိုက်ပေါ့။ ဟက်ဟက်။ ကောင်မလေးကို ခေါ်နေပုံများ ချစ်ဖို့ကောင်းလိုက်တာ သေနာမ၊ မသာမတဲ့ အမလေးလေး မကြားဝံ့စရာတွေနော်….။ :P အိမ်မက်လေးတွေ လက်တွေ့ဖြစ်လာပါစေကွားးးး။ ဆုတောင်းပေးတယ်။ အားတင်းထား တီဂျီအာလ်မောင်ရေ…..

  2. Waing က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 6:43 am

    ကောင်မလေးကို တင်စားထားတာများ မကြားဝံ့မနာသာ အပြင်မှာဆို အဲ့ဒီလို ခေါ်ကြည့်ပါလား မလွယ်ဘူးမှတ် တော်သေးတာပေါ့ နောက်မှ အိပ်မက်ဖြစ်နေတယ်တဲ့ :P

  3. ShwunMi က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 12:29 pm

    အရူးမ သေနာမ မသာမ ကောက်တေးမ ဗိုင်းနာမ .. . . . အင်း.. အပြင်မှာသာဆို မလွယ်ဘူး =)
    (အဆောင်ပေါ်ရေမလာ.. အများသုံးရေချိုးခန်း တံခါးချက်မရှိ ဆိုတာတွေက အိပ်မက်ပဲမဟုတ်လား)
    ရင်ခုန်စရာအိပ်မက်ပေါ့.. နိုးလာလို့ တော်သေးတယ်နော်..

  4. sainge က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 12:51 pm

    AhHaaHhaHAhaah
    လုပ်လိုက်ပြန်ပြီ တပ်မသားရ…..
    အိပ်မက်လုပ်မနေပါနဲ့ကွာ…..မူးကြောင်…မူးကြောင်ဖြစ်ရင်ဖြစ်တယ်ပေါ့….
    ရေချိုးခန်းကို လုဝင်တာတော့ ငါမဟုတ်လောက်ပါဘူးနော်…. :P

  5. Army Soul က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 12:58 pm

    တံခါးဂျက်မရှိတဲ့ အများသုံးကန်
    အခါးရည်ပြည့်တဲ့ဗိုက်..
    ချစ်သူလိပ်စာ
    အိပ်မှာပိတ်ကာ
    ထည့်ကာစာတိုက်..
    ပြောင်မြောက်အရေးအသား
    မလေးစားပဲမနေပဲ
    ဘေးမထားပဲ..အလေးထားပြီး
    မန့်ခဲ့ပါသည်။

  6. သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 1:24 pm

    Rainbow >> romantic ဆန်ဆန် စာအိတ်နဲ့ပဲ ပို့တော့မယ် :)
    Waing >> အပြင်မှာဆိုရင်တော့ ဗိုက်ခေါက်ဆွဲခံရမှာမို့ ခေါ်ရဲပါဘူးဗျာ ဟတ်ဟတ်
    Shwunmi >> အိပ်မက်ကနိုးမှပဲ။ မနိုးရင်လဲ ဘာဆက်ဖြစ်နေကြမလဲ အတွေးရဲဝူး :D
    sainge >> ငါသိတယ် မင်း ရှေ့ဆုံးက ဖြစ်မယ့်ကောင် :P
    Army Soul >> မန့်ခဲ့ခြင်းအား အသိမှတ်ထား ကျေးဇူးစကား ဆိုလိုက်ပါသည်။း)

  7. နွေကဗျာ က ဒီလိုရေးသွားတယ် >>

    November 18th, 2009 at 4:23 pm

    အမယ်လေးလေး ………!
    သူ့အိပ်မက်ကလည်း ကြည်နူးစရာ ကောင်းသလောက် ကြောက်စရာရီးး :}
    တော်သေးတယ် လန့်နိုးလာလို့နော် ဟာဟာ့
    တွေးလည်းတွေးတတ်ပါ့
    ချစ်သူကို ခေါ်ပုံက ကဗျာဆန်သားပဲ
    အပြင်မှာဆို
    ဗိုက်ခေါက် လိမ်ဆွဲခံရလောက်မှာတော့ သေချာတယ်ထင်တယ် ;)
    အားပေးလျက်…!!!!

  8. mm thinker က ဒီလိုရေးသွားတယ် >>

    November 19th, 2009 at 4:43 pm

    မင်းခိုက်စိုးစံရဲ့ သေချင်းဆိုးမလေးကို အားကျလို့လား အဟား

  9. မောင်နွေသစ် က ဒီလိုရေးသွားတယ် >>

    November 30th, 2009 at 10:50 pm

    ကိုကြီးတို့ကတော့…ဗျာ…ဟုတ်ပြီဟုတ်ပြီနဲ့ ဖတ်လာလိုက်တာ….ထိပ်ရောက်တော့မှ…သွားလဟယ်ဆိုပြီးကန်ချတယ်…တော်တော်ဆိုးတယ်ဗျာ…
    အားပေးသွားတယ်ကိုကြီးရေ….ဆက်လက်ရေးသားနိုင်ပါစေဗျာ…။

  10. မိုးထက်မြင့် က ဒီလိုရေးသွားတယ် >>

    December 12th, 2009 at 4:59 pm

    ကောင်းတယ်အကိုကြီးရေး တကယ် တောက်လျှောက်မြင့်တက်ပြီမှ ဖြုတ်ချတာ အကျ နာသဗျ :)

Leave a Reply

« ကမ္ဘာကျော်ပုဂ္ဂိုလ်များ
7 VIPs »

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 8 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
  • Taurus: ကျေးဇူးတင်ပါတယ် ..အသိဥာဏ်လေးတိုးပွားတာပေါ့  ... :)...
  • Rainbow: အထူးအဆန်းတွေ အမြဲရှာဖွေထားတတ်တဲ့ ဖိုးဆိတ်ဖြူလေးရေ... သူငယ်ချင်းတွေနဲ့ ပျော်ရွင်စွာ နောင်နှစ်ပေါင်းများစွာအထိ စာပေးကောင်းတွေ ရေးသားနေနိုင်ပါစေ..... :)...
  • ဆိုးသွမ်း: ဟ ဟ ဟ ... ဟုတ်ပါ့ကွာ... ရေခွက်မှန်း အရက်ခွက်မှန်း မသိအောင် ဖြစ်နေတာတော့... တော်တော် ဆိုးတယ် ဆရာကျန်ရေ ... :P...
  • ခိုင်ခိုင်: တကယ်ကိုရင်နာစရာကောင်းတဲ့အဖြစ်တွေပါ။ ဘ၀အမောတွေပြေနိုင်ကြပါစေ။ ကဗျာလေးက လှတယ်။ သူတိုဘ၀လေးကို ခံစားတင်ပြထားတာ အရမ်းကိုကောင်းပါတယ်။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  • အမှာစကားပါးရန်

  • Random Gallery

    SANYO DIGITAL CAMERA SANYO DIGITAL CAMERA L19 1paper art (15)
  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • နေ့စဉ်နဲ့အမျှ ဖတ်နေသူများ

    • 8Visitors today:
    • 10Visitors yesterday:
    • 14Visitors per day:
    • December 10, 2009Counter starts on:
  • ယခုလအတွင်း ရေးသောရက်များ

    February 2010
    M T W T F S S
    « Dec    
    1234567
    891011121314
    15161718192021
    22232425262728
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts