သူရူး
Friday, December 11, 2009 6:10ကဏ္ဍအမျိုးအစားကဗျာ
မင်းမေးချင်မှာပေါ့
ဘဝအမှားတွေ ချေဖျက်နိုင်ဖို့
ခဲဖျက်ဘယ်နှစ်တောင့်များပါခဲ့လဲလို့…
မင်းနဲ့အတွေ့မှာ မင်းအငွေ့သက်လေးတောင်
ထုပ်သိမ်းထားနိုင်တဲ့ ဝိညဉ်တစ်ကောင်အဖြစ်
မိုက်မိုက်မဲမဲ တွယ်ငြိပစ်လိုက်မယ်
ဘယ်တရားနဲ့မှ မကျွတ်စတမ်း
ဘယ်တော့များမှ သာဓုမခေါ်စတမ်းပေါ့…
နတ်ရူးကို ဗုံမြှောက်သတဲ့
ရူးလောက်တဲ့ မင်းမနက်စာတွေမှာ
ပဒိုင်းနံ့တောင် မွှေးနေသယောင်ယောင်
ကျွေးချင်ရာကျွေးပါစေ ချစ်သူ
ငါဟာ နှလုံးသားနဲ့ စားနေတဲ့ သူရူးတစ်ယောက်ပါ…
အမှားကျူးလွန်ပြီးရင် သင်ခန်းစာရတတ်သတဲ့
မှားပြီးမှရတဲ့ သင်ခန်းစာအတွက်
ငါ့ကိုယ်ငါ မနှစ်မြို့နိုင်တော့ဘူးဆိုတာ
မင်းရင်ဘတ်တံခါး ဖွင့်ကြည့်မှသိမယ်ချစ်သူ
တံခါးလေး ဖွင့်ကြည့်ရုံသက်သက်ရယ်ပါ…..
(နတ်ရူးကိုဗုံမြှောက် = နတ်ကချင်တဲ့အရူးကို ဆိုင်းဗုံတီးပေးခြင်း)
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.


ShwunMi က ဒီလိုရေးသွားတယ် >>
December 11th, 2009 at 7:53 am
တံခါးတွေကို ရဲရဲတွန်းဖွင့်ပစ်လိုက်နိုင်ပါစေ
နွေကဗျာ က ဒီလိုရေးသွားတယ် >>
December 11th, 2009 at 11:49 pm
မိုက်တယ်ကွာ ခိုက်သွားပြီ
အပြင်းစား အချစ်ကဗျာကတော့ အလန်းပဲ
ချစ်ကမ္ဘာ က ဒီလိုရေးသွားတယ် >>
December 12th, 2009 at 2:24 am
ဝုန်း၊ ဂလုံး၊ ဂွမ်း…. ( ရင်ဘတ်ကို တွန်းဖွင့်ရာမှ မြည်လာသော အသံပါ)….တွန်းဖွင့်တာဘဲ၊ အထဲမှာ ဘာရှိမှန်း ကြိုမပြောထားတော့၊ အိုးတွေ ခွက်တွေ တိုက်မိသွားတာ
sainge က ဒီလိုရေးသွားတယ် >>
December 12th, 2009 at 2:40 am
တပ်မသား… ခံစားချက်တွေ ပြင်းနေတယ်ထင်တယ် ….
စာလည်းရေးပေါ့… သတ်ပုံလည်းမမှားစေနဲ့
မဟုတ်ရင် ငါ့သိက္ခာ ကျတယ်
Rainbow က ဒီလိုရေးသွားတယ် >>
December 13th, 2009 at 7:47 am
“ဘယ်တရားနဲ့မှ မကျွတ်စတမ်း
ဘယ်တော့များမှ သာဓုမခေါ်စတမ်းပေါ့…” နားလည်မှုတံခါးလေးတွေ ဖွင့်ထားမယ် ဆိုတဲ့ သီချင်းလေးကို အမှတ်ရမိတယ်။ ဒီနံနက်စာတွေကို ဘယ်တော့မှ ငြီးငွေ့မသွားစေနဲ့နော့်….။ ရင်ခွင်တံခါးလေး ဖွင့်သွားတဲ့အခါ လေပြေနုနုလေးတွေနဲ့ သံဇင်ချိုချိုလေးတွေက ကြားရပါစေလို့ ဆုတောင်းပေးပါတယ်။ (@_@)
မောင်နွေသစ် က ဒီလိုရေးသွားတယ် >>
February 4th, 2010 at 4:08 am
နတ်ရူးဗုံမြှောက်လားအကို…
ညီက..နတ်ရူးဘုံမြှောက်လားလို့
ရူးတူးတူးပေါတောတောနတ်ကို…ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့…
TGRmg က ဒီလိုရေးသွားတယ် >>
February 4th, 2010 at 8:18 am
မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ ကြားဖူးတယ်။ ဘယ်ဟာအမှန်ဆိုတာထက် ကစားလုံးချုံ့ပီး သုံးလို့ ကောင်းတဲ့နေရာလေး ထည့်ရေးကြည့်တာ