ညငှက်တို့မျက်ရည်
Sunday, December 13, 2009 7:01ကဏ္ဍအမျိုးအစားကဗျာ
တစ်နေသေလို့ မှောင်ရီပြိုးပြ
ခပ်ကြွကြွလေး မာယာခြယ်
ဘဝတူသူငယ်ချင်းတွေနဲ့
သူတို့ပဲ ညကစားထွက်ကြတယ်…
အကြောင်းပြချက်အမျိုးမျိုး
တိုးပြီးရင်းတိုးတတ်လွန်းတယ်
ငွေကြေးကိုလမ်းတိုအလိုက်မှာ
ခပ်မိုက်မိုက်လေးအရဲစွန့်ရတော့
ဟိုတယ်ကားဂိတ်ဘူတာတံတား
ချောင်ကြိုချောင်ကြားအားလုံး
သူတို့နေရာတွေချည်း…..
ဗန်းစကားအခေါ်ဝေါ်စုံအောက်မှာ
ပြုသမျှနုပေးရမယ့် အငှားခန္ဒာအတွက်
ငွေရွှင်သူတို့ တဏှာကိုဂျိုတပ်တော့
သူမတို့ဘဝကို တန်ဖိုးဖြတ်ကြတယ်….
ပြုံးနေရလဲ မပျော်ဘူး
သူတို့ရင်ဘတ်မှာ ရှိုက်သံထပ်နေလိမ့်မယ်
ထောင်နှုတ်ခမ်းကိုနင်း အလှပန်းကိုရင်းပြီး
ဒါလား “ဘဝ”လို့ ဟားတိုက်အရယ်
အမှန်သိပြီး မပြင်နိုင်တဲ့ မျက်ရည်အကျမှာ
အဆိပ်နံ့တွေပဲ လှိုင်လှိုင်ဝေသွားလိမ့်မယ်……
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.


Rainbow က ဒီလိုရေးသွားတယ် >>
December 13th, 2009 at 7:50 am
အတွေးလေး အရမ်းကောင်းတယ်။ တကယ်ကို ရင်နာစရာကောင်းတဲ့ ဘ၀တွေပေါ့…။ အဆိပ်နံ့တွေကို ရုပ်သိမ်းနိုင်ကြပါစေ…….
ဇောင်း က ဒီလိုရေးသွားတယ် >>
December 13th, 2009 at 11:00 am
:::ဘ၀ က အဖြစ်စရာတွေနဲ့ မွမ်းမံထားတော့ ကံဆိုးသူဟာ ကံဆိုးရင်းပေါ့လေ၊ စိတ်မကောင်းစရာ ဘ၀တွေပါပဲ:::
စီချယ်ထားတဲ့ စာသားတွေကတော့ မိုက်တယ်ဗျာ ကိုကျန်စစ်ရေ
ပေါ့ဆိမ့် က ဒီလိုရေးသွားတယ် >>
December 13th, 2009 at 6:20 pm
ညငှက်တို့မျက်ရည်
ဘဝပြဇာတ်အချို့သက်သေ
ရှက်နေလဲ အခက်ပွေဆဲမို့
ထွက်နေကြရတာ သဘာဝတွေဘဲလားနော်…
ချစ်သူ က ဒီလိုရေးသွားတယ် >>
December 14th, 2009 at 6:16 am
မြို့လယ်ခေါင်ရောက်ဖို့ လမ်းတွေ အများကြီးရှိရဲ့နဲ့ လမ်းတိုကိုမှ လိုက်တတ်တော့….
သက်ပြင်းလေးချ၊ ငေးပြန်သွားတယ်…
မိန်းကလေးများ ဘဝကိုနားလည်ပြီး..
ငွေရွှင်သူတို့ တဏှာဂျိုတွေ ငုတ်ဝင်ပါစေဗျာ..
sainge က ဒီလိုရေးသွားတယ် >>
December 15th, 2009 at 1:38 am
အော်…တပ်မသား…စိတ်မကောင်းစရာပဲ…မင်းညီမလေးအဲလိုဖြစ်သွားတာ
:jk
သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>
December 15th, 2009 at 2:14 am
Rainbow@ ဆုတောင်းတွေ ပြည့်ပါစေဗျာ


ဇောင်း@ ကဗျာလက်နဲ့ ကယ်ထုတ်ကြည့်တဲ့သဘောပါ
ပေါ့ဆိမ့်@ ရတက်ပွေလို့ ဆုံးပါအုံးမလားဗျာ
ချစ်သူ@ ငုတ်ဝင်တာထက် ပြတ်သွားရင် အေးရောပေါ့ မအားငိုင်ရေ
sainge@ များပီ များပီ !!!
ဟိုတနေ့က မင်းကောင်မလေးကို မြင်ခဲ့ပြီးနောက်ပိုင်း ရေးချင်စိတ်ဖြစ်သွားတာ
ခိုင်ခိုင် က ဒီလိုရေးသွားတယ် >>
December 15th, 2009 at 8:13 am
တကယ်ကိုရင်နာစရာကောင်းတဲ့အဖြစ်တွေပါ။ ဘ၀အမောတွေပြေနိုင်ကြပါစေ။ ကဗျာလေးက လှတယ်။ သူတိုဘ၀လေးကို ခံစားတင်ပြထားတာ အရမ်းကိုကောင်းပါတယ်။
မောင်နွေသစ် က ဒီလိုရေးသွားတယ် >>
January 2nd, 2010 at 2:40 am
အကိုရေ…ကဗျာလေးဖတ်ပြီး..ရင်ထဲ
ထိသွားတယ်…တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ
ဘ၀နဲ့ ခန္ဓာရင်းပြီး…ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို
မြင်သာစေတယ်…။
သိ င်္ဂါ ရ က ဒီလိုရေးသွားတယ် >>
May 21st, 2010 at 1:51 pm
ဟုတ်ပ ဗျာ … သနားစရာပေပေါ့ …
တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ …