သိင်္ဂါရမောင်ဆိုတာ
နာမည်ကတော့ မိဘတွေ ခေါ်တာ သားသား တဲ့ အင်တာနက်ပေါ်ရောက်လာတော့ မောင်ကျန် ၊ ကျန်စစ် ၊ ကျန်ရစ် ၊ ကြံဆစ် ၊ ကိုကျန် ၊ ဆြာကျန် ၊ ကျန်ကျောင်း ၊ ကြံဖတ် ၊ ညီတော် ၊ နယ်တား ၊ ဖွားဘက်တော် အစုံပဲဗျာ။ ဘယ်ဟာက နာမည်အရင်းမှန်း မမှတ်မိတော့ဘူး
ယောက်ဖတော်ချင်တဲ့သူတွေ ရှိရင်တော့ စိတ်မကောင်းဘူးဗျာ။ ကျနော်က တစ်ဦးတည်းသောသား။ တစ်ကောင်ကြွက်တော့ မဟုတ်ဘူးနော်။ အဲဒီ စကားနှစ်လုံး အဓိပ္ပါယ်က တော်တော်ကွာတယ်ဗျ။
ကောင်းကင်ကြီးကို ကြည့်ရင်း ဘာမှန်းမသိလွမ်းတတ်နေလို့ ထင်ပါရဲ့ အပြာနုရောင် ကြိုက်တတ်လာတယ်။
လောကကြီးနဲ့ အမြင်ကြည်လင်ချင်ရင် ပါဝါမျက်မှန်တစ်လက် အမြဲတပ်ထားရတယ်။
စာဖတ်လိုက် စာရေးလိုက် လေ့လာချင်စိတ်ပေါက်တာတွေ လေ့လာလိုက်နဲ့ ပေါ့ပေါ့ပါးပါးလေးနေထိုင်ပြီး လေးလေးနက်နက် အရာတစ်ခုကို တည်ဆောက်ချင်တယ်။
မသိသေးတာ တစ်ခုခုကို ကလိနေချင်တဲ့ ဝါသနာကြောင့် ရှိသမျှပစ္စည်းပျက်တယ် ပိုက်ဆံကုန်ရတယ် မျက်စိမွဲတယ်ဗျ။ မကောင်းဘူး
ဇာတိကတော့ သရေခေတ္တာ ( ပြည်မြို့)
စိတ်မဝင်စားဆုံးကတော့ လက်ရှိ ခုလုပ်နေရတဲ့ “စာ”
ဒီထက်ပိုပြီး စုံစုံလင်လင် သိချင်သေးရင် ဒီမှာ ဖတ်ကြည့်တော့ဗျာ။ ကိုယ့်အကြောင်း ကိုယ်ပြောနေရတာ လူကြေညာနေသလိုပဲဗျာ။ ဝယ်ဖို့တော့ စိတ်မကူးလေနဲ့ ဆန်ကုန်မြေလေး ဖြစ်ရင်ခက်မယ်

