• မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ

သိင်္ဂါရမောင်

နေ့သစ်တိုင်းအတွက် ဆန္ဒများပြည့်ငြိမ်းစေရာ

ῲῳῴ ٭ ₮Ĝ®๓§ ٭ Ṉếт

လေလွင့်ငှက်အတွက် နားကွန်းခိုရာ တစ်နေရာစာလေးတော့ ရှိချင်မိတယ်....

.

သူရူး

နှင်းဆီဆူး

နှင်းဆီပန်း လိုချင်ရင်တော့ ဆူးဆိုတာ ပါလာမှာပဲ။ ဆူးမပါတဲ့ နှင်းဆီဟာ စုတ်ချက်မပြည့်တဲ့ ပန်းချီကားတစ်ချပ်လိုပဲတဲ့လေ။

မော်စကို …….. သို့ ………. ချစ်သူ

ဒီမော်စကိုမြို့လေးကို မင်း ရောက်လာရင် လိုက်ပို့ဖို့ စိတ်ကူးထားတဲ့အတွေးတွေ ဒီရင်ဘတ်နဲ့ အပြည့်။ အခွံဖြစ်သွားတဲ့ ပုလင်းထဲက အခါးရည်တွေကလဲ ခုတော့ ဒီဗိုက်ထဲမှာအပြည့်။ ဒီလိုနဲ့ပဲ ညပေါင်းများစွာ ဒီရင်ဘတ်မှာ ရီဝေတယ် မူးတယ် မေ့တယ် မောတယ်။

7 VIPs

တောင်စွယ်မှာ နေမကွယ်သေးပါဘူး။ လျှပ်စစ်မီးတို့ မပြတ်တောက်ပါဘူး။ ဘယ်သူမှ အမှောင်မချပါဘူး။ ခပ်ပါးပါး နှင်းတို့လဲ ဖြူဖြူဖွေးဖွေးကျနေဆဲ။ ဒါပေမယ့် ဒီနေ့ ကျနော်တို့ရဲ့ စိတ်တွေ မည်းမှောင်နေခဲ့တယ်။ တနည်းအားဖြင့် မဲနက်သော အမှတ်တံဆိပ်ကို ရင်ဘတ်မှာ ကပ်ပြီး အပြုံးမျက်နှာတို့နဲ့ ဖြတ်သန်းကြတဲ့နေ့။ Black Label နဲ့ ဝိုင်းဖြစ်ကြတဲ့နေ့။

သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ

စီးကရက်တစ်ဗူးစာ ကျော်ရုံပဲရှိသေးတဲ့အသက် နောက်တစ်ဗူးစာမှ နေရပါ့မလား နောက်နှစ်ဗူးစာမှ နေရပါ့မလား ဒါ ငါ့အလုပ်မဟုတ်ဘူး ငါသေမယ့်ရက်စွဲ ငါကိုယ်တိုင် မဖြည့်ရရင်တော်ပြီ။

တခါက တို့ကျောင်းဆောင်လေး

မခိုင်မခံ့ပတ္တာတို့မှာ လေတိုးဒဏ်ကြောင့် တကျွိကျွိမြည်လျှက်။ တံခါးရွက်တို့မှာလည်း တဂျောက်ဂျောက်အော်နေဆဲ။ ကြောက်စိတ်ဖြင့် ငြိမ်သက်နေသော ကျနော်တို့ကြားမှာတော့ ဆရာမ၏ အားပေးသံနှင့် လေပြင်းတို့ စီးချင်းထိုးသံများ ကြီးစိုးလျှက်။

ဒီလမ်းလေးမှ အစချီ

ငါ့ဘဝမှာ တတ်မြောက်လာတဲ့ ကောင်းမှု မကောင်းတွေကြောင့် ငါဟာ ဆရာကောင်းတပည့် ပန်းကောင်းပန် ဖြစ်ဖူးသလို ငါကိုယ်ငါ ဆရာမှားခဲ့လို အင်္ဂုလိမာလလို လက်ညိုးတစ်ထောင် လိုက်ဖြတ်ဖူးတယ်။ မကောင်းမှုတွေ တတ်လာခဲ့ရတဲ့ ငါ့ကိုယ်ငါလဲ မုန်းမိပါရဲ့။

ဆီးဆောစိတ်ကူး

ဒီလိုအတွေးပေါင်းများစွာနဲ့ပဲ ဒီမြို့လေးမှာ ငါ့ကိုယ်ငါ ပြုတ်ကျလိုက် ဆွဲထူလိုက် ငါ့ကိုယ်ငါ ပျောက်သွားလိုက် ပြန်ရှာလိုက်နဲ့ ငါ့ကိုယ်ငါ ပြန်တွေ့တဲ့တစ်နေ့တော့ မင်းနဲ့ ပြန်တွေ့ချင်သေးတယ် မော်စကိုမြို့လေးရေ...

အနုပညာလမ်းလေး (၁)

ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။

အိုဘယ့် မိုးကြိုး

မိုးကြိုးပစ်ခံရခြင်းသည် တဒင်္ဂ လျှပ်စစ်ဓါတ်လိုက်ခြင်းကို ကြုံရစေသည်။ တစ်စက္ကန့်မျှသာရှိသော တဒင်္ဂဖြစ်သည်။ ကြုံတောင့်ကြုံခဲ့ တဒင်္ဂဖြစ်သည်။ ထူးခြားသောစွမ်းအင်ကို ရစေနိုင်သော တဒင်္ဂဖြစ်သည်။ တစ်ဘဝကို အဆုံးသတ်သွားစေနိုင်သော တဒင်္ဂလည်းဖြစ်လေသည်….

အာ… ဂလူ

ဘီယာသောက်ဖို့ အိပ်ကပ်ထဲမှာ Qualify မဖြစ်တာထက် အရက်ကျဲကျဲသောက်ဖို့တောင် အောင်မှတ်မသေချာတဲ့ကောင်။ “မင်းကဘာကောင်လဲ”လို့ မေးမေးပြီး “ငါကတော့ အကောင်မဟုတ်ဘူး လူ အာ..ဂလူ” လို့ ပြောလေ့ရှိတဲ့ကောင်။

သင်္ကြန်လေသွေး (၁)

ညငှက်တို့မျက်ရည်

ဒီလမ်းလေးမှ အစချီ

Tuesday, September 8, 2009 16:50
ကဏ္ဍခွဲအမျိုးအစား ကဗျာ, အတွေးအမြင်, တွေ့ကြုံမိရာ
8 ယောက်ရဲ့အမြင်များ
SANYO DIGITAL CAMERA

လျှောက်ခဲ့တဲ့လမ်းလေး
စိုပြေတလှည့် ခြောက်သွေ့တလှည့်
အနှစ်နှစ်တွေ ဖြတ်သန်း
နွမ်းတဲ့အခါ နွမ်းတယ်
လန်းတဲ့အခါ လန်းတယ်

ဒီလျှောက်လမ်းကို ရောက်ခဲ့တဲ့ အချိန်တွေမှာ တောတစ်အုပ်လုံး စိမ်းလန်းနေတာ မြင်ဖူးခဲ့သလို တောတစ်အုပ်လုံး ခြောက်သွေ့နေတာလဲ မြင်ဖူးခဲ့လေရဲ့။ ဒီတခါတော့ ထူးထူးခြားခြားပါပဲ။ လမ်းလေးရဲ့ တစ်ဖက်တောအုပ်က စိမ်းလန်းလို့ တဖက်တောအုပ်မှာတော့ ရိုးတံပြိုင်းပြိုင်းဖြစ်နေချိန်နဲ့ ကြုံခဲ့ရတယ်။ ရာသီစက်ဝန်းတွေ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ကဗျာ

အနုပညာလမ်းလေး (၂)

Thursday, September 3, 2009 17:11
ကဏ္ဍခွဲအမျိုးအစား ဘ၀မှအမှတ်တရများ, တွေ့ကြုံမိရာ
2 ယောက်ရဲ့အမြင်များ

ဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။

ဒီလမ်းလေးရဲ့ ဘေးဘယ်ညာတစ်လျောက်မှာ မော်စကိုရောက် အမှတ်တရလက်ဆောင် ရောင်းတဲ့ဆိုင်တွေ ပြည့်နှက်နေတယ်။ နိုင်ငံခြားသား အလာများတဲ့ ဒီလမ်းလေးမို့ အရောင်းစာရေးမလေးတွေက အင်္ဂလိပ်လိုလဲ နည်းနည်းပြောတတ်ကြတယ်။ သာမန်နေရာထက် ဒီနေရာက ရုရှားမလေးတွေကို ပိုပျူငှာကြအောင် ဒီလမ်းလေးက သင်ပေးထားသလိုပဲ။ ဆိုင်ထဲမှာလဲ မြန်မာနိုင်ငံရဲ့ ယွန်းထည်တွေလို သူတို့ အနုပညာ သူတို့လက်ရာနဲ့ လက်ဆောင်တွေ ခင်းကျင်းထားလေရဲ့။ ရုရှားလက်ဆောင်မှာ နာမည်အကြီးဆုံးကတော့ ဆိုတဲ့ ရုရှားမအရုပ်ပါပဲ။ မြန်မာ့ ပစ်တိုင်းထောင် နဲ့ နီး၂စပ်၂တူပါတယ်။ သူ့ထူးခြားချက်ကတော့ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- Moscow, Арбат

Password အကြောင်း သိကောင်းစရာ

Sunday, August 30, 2009 19:36
ကဏ္ဍခွဲအမျိုးအစား For computer, နည်းပညာစာပေ
4 ယောက်ရဲ့အမြင်များ

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- For computer, password

အနုပညာလမ်းလေး (၁)

Thursday, August 27, 2009 23:40
ကဏ္ဍခွဲအမျိုးအစား ဘ၀မှအမှတ်တရများ, တွေ့ကြုံမိရာ
6 ယောက်ရဲ့အမြင်များ

ဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။

ခုလိုပွင့်လင်းရာသီမှာ မော်စကိုမြို့ရဲ့ အထင်ကရနေရာတွေက သာမန်အချိန်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။ တစ်သက်တာမှာ ရောက်ဖူးခဲ့တဲ့ လမ်းလေးထဲမှာ ဒီလမ်းလေးကတော့ အမှတ်တရအရှိဆုံး။ ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။

မြေအောက်ရထား ဘူတာထဲက ထွက်လိုက်လို့ ဒီလမ်းလေးရဲ့ အဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ လူတွေမျက်နှာဟာ သာမန်လူတွေမှာ မြင်ရတဲ့ ဘဝအမောတွေ ပြေပျောက်နေတာကို တွေ့ရတယ်။ လမ်းလေးထဲကို စရောက်တာနဲ့ မျက်လှည့်ပြပွဲလေး တစ်ခုက ဆီးကြိုနေတတ်တယ်။ အင်တာနက်မှာ မြင်ရတဲ့ ၊ ရှုံတင်ပြသတဲ့ တချို့ ပြကွက်တွေကို ဒီလမ်းလေးရဲ့ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- Art, Moscow, Арбат

အောက်တန်းကျတဲ့ အနုပညာ

Wednesday, August 19, 2009 22:00
ကဏ္ဍခွဲအမျိုးအစား တွေ့ကြုံမိရာ
13 ယောက်ရဲ့အမြင်များ

မြန်မာဖြစ်ရတာ ရှက်ဖို့ မကောင်းပေမယ့် မြန်မာရယ်လို့ မော်ကြွားနိုင်စရာ နည်းပါးလာတာက ရှက်ဖို့ ကောင်းလာတယ်။ တခါက တတန်းတည်း စာသင်ကြတဲ့ ကုလား သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်စပ်မိပြီး သူက သူတို့ ကုလားကားတွေ ပေးကြည့်တယ်။ အကုန်နီးပါ သိပ်ကောင်းပါတယ်။ Kabhi Khushi Kabhie Gham ကားကို မြန်မာက ပြန်ရိုက်တဲ့အခါ သားအကြီး ရှရွတ်ခမ်းက လန်ဒန်ကနေ ဟတ်စကီးနဲ့ ပြန်အလာ ခြေချတဲ့အသံကို မိခင်ရဲ့ စိတ်က သိလိုက်တဲ့နေရာမှာ ဝါဝါဝင်းရွှေက ရန်ကုန်မှာ ကျောင်းတက်နေတဲ့ သူ့သား မန္တလေးကို ပြန်အလာ ခြံစည်းရိုးကို ကျော်ပြီး အိမ်ခြံထဲ ဝင်လာတဲ့ ခြေသံနဲ့ အစားထိုးထားတာ သတိထားမိလိုက်တယ်။ ကိုင်း.. မှတ်ကရော။ မြန်မာကားတစ်ခုခုလဲ သူကို ပြန်ပြပါဆိုတော့ ကင်းကိုက်တာပဲ။ ကံကောင်းပြီး အင်္ဂလိပ် စာတန်းထိုးတာဆိုလို့ “လှို့ဝှက်သောနှင်း” တစ်ကားလေးရှိတာနဲ့ ပေးပြလိုက်တယ်။ ဘယ်လိုလဲ မေးတော့ အားတောင့်အားနာနဲ့ မဆိုးပါဘူးတော့ ပြန်ပြောရှာတယ်။

ခုတလော အွန်လိုင်းက မြန်မာကားတွေ ကြည့်ရတာ စိတ်လဲတို မုန်းလဲမုန်းလောက်အောင် အောက်တန်းကျနေလိုက်တာဗျာ။ မူးတာနဲ့ တွေ့တဲ့မိန်းမကို စော်ကား လူမှား မိုးလင်းရင် ဘာမှမသိဘူးတဲ့။ အောက်တန်းကျလိုက်တဲ့ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- မြန်မာဗွီဒီယို

ခုတလောဆိုပါတော့

Tuesday, August 18, 2009 0:10
ကဏ္ဍခွဲအမျိုးအစား သူငယ်ချင်းတို့ တက်သမျှ
5 ယောက်ရဲ့အမြင်များ

အကြွေးတစ်ခုတော့ အလောသုံးဆယ် ဆပ်မှကို ဖြစ်တော့မှာမို့ ဆပ်လိုက်ပြီဗျာ။ အကြွေးမဆပ်ရင် လာသိမ်းတော့မယ်တဲ့ (Facebook က လယ်ကွင်းကို) :P ကဲ… ရွှန်းမီရေ လယ်ကိုတော့ မသိမ်းပါနဲ့ လူကိုတော့ ကြိုက်သလိုလုပ်ပါ အာ… မှားကုန်ပီထင်တယ် :mrgreen: ဝိုင်ဝိုင်းလိုပဲ ပြောလိုက်တော့မယ်။ (ရွှန်းမီရေ… ရွှန်းမီ ရေးပီနော်… စိတ်မကောက်ကြေး) ဟတ်ဟတ်

တွေးမိနေတာက – စာကောင်းတွေအများကြီးရေးနိုင်ဖို့

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက – လေ့လာဖို့အများကြီးလိုသေးတယ်။

ကျန်းမာရေး – သောက်တိုင်း မမူးတတ်တော့ဘူး

ဖတ်ဖြစ်တဲ့စာအုပ်က – ကြုံရာအတိုအထွာ

ရောက်ဖြစ်နေတာက – မော်စကိုမြို့ရဲ့ အထင်ကရနေရာများ

ရေးဖြစ်နေတာက – ဒိုင်ယာရီတစ်အုပ်

နားထောင်ဖြစ်တာက – Harmonica Lessons of Randy Weinstein, William Melton ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- tag

အာ… ဂလူ

Sunday, August 2, 2009 9:32
ကဏ္ဍခွဲအမျိုးအစား ကဗျာ
8 ယောက်ရဲ့အမြင်များ

ငါဆိုတဲ့ကောင်ကလေ ah-ga-lu
တကယ့်ကို ကန့်လန့်။
လမ်းလျှောက်တိုင်း
ဘယ်ခြေရှေ့ရောက်ရင်
ညာခြေနောက်ရောက်တုန်း။
ညာခြေရှေ့ရောက်ရင်
ဘယ်ခြေနောက်ရောက်တုန်း။

အလကားရတယ်ဆိုရင်
ရပ်ကွက်မီးလောင်တာတောင်
ထိုင်ပြီး မီးလှုံနေမယ့်ကောင်။

ဘယ်သူ့မှ ဒူးမထောက်ဘူးဟစ်ကြွေးနေတဲ့လူကို
မင်းဘယ်ဘာသာကိုးကွယ်လဲမေးချင်တဲ့ကောင်။

ဘီယာသောက်ဖို့ အိပ်ကပ်ထဲမှာ Qualify မဖြစ်တာထက် ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ကဗျာ

ဆီးဆောစိတ်ကူး

Saturday, July 25, 2009 4:41
ကဏ္ဍခွဲအမျိုးအစား ကဗျာ
9 ယောက်ရဲ့အမြင်များ

seesaw မချစ်သော်လည်း အောင့်ကာနမ်း…တဲ့
သုံးနှစ်သုံးမိုးတောင် ကျော်ခဲ့ပေါ့
ဒီမြို့လေးကို အောင့်နမ်းရင်းနဲ့ပဲ
တခါတလေ ပျို့အန်မိသလို
တခါတလေလဲ ချိုမြိန်လာတတ်လေရဲ့…

ငယ်ငယ်ကတည်းက စက်ဘီးချောက်ချက်
မီးပျက်ပျက်နဲ့ ငါပျော်ခဲ့တဲ့
တောင်တန်းလေးတွေကြားက
ဒေသလေးကို လွမ်းတဲ့အခါ
ဒီမြို့ကို သိပ်မုန်းတာပဲ…

ငါ့ဒေသက ကျောင်းအဟောင်းလေးရဲ့
တစ်လုံးတည်းသော ကွန်ပျူတာအသစ်လေး
Y2K ပြသနာကြောင့် နယူးရီးယားည၁၂နာရီမှာ
ထပေါက်ကွဲသွားမလား စိုးရိမ်မိတာတွေ
ရယ်စရာကောင်းမှန်း သိလာစေတဲ့အခါ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ကဗျာ

အိုဘယ့် မိုးကြိုး

Friday, July 24, 2009 4:02
ကဏ္ဍခွဲအမျိုးအစား စာပေရပ်ဝန်း
2 ယောက်ရဲ့အမြင်များ

အသင် မိုးကြိုးပစ်ခံရဖူးပါသလား ??
မိုးကြိုးပစ်ခံရသူတို့ ဘယ်လိုခံစားရပါသလဲ ??
မိုးကြိုးဘာ့ကြောင့်ပစ်ရသလဲ ??

အချိန်ကား မိုးဦးရာသီ၏ ပူအိုက်လွန်းသော နေ့လယ်ခင်း။ မိုးကောင်းကင်တွင် ကူးမျူးလပ် တိမ်စိုင်တိမ်လိပ်များ ရှိနေသည်။ တိမ်စိုင်များ၏အောက် မြေပြင်တွင် သက်လတ်ပိုင်း အမျိုးသား တစ်ဦး လမ်းလျှောက်နေသည်။

ထိုစဉ် လေဖိအားမြင့်ရပ်ဝန်းတစ်ခု ရောက်ရှိလာပြီး မိုးကောင်းကင်သည် အုံ့မှိုင်းမှိုင်း ဖြစ်သွားသည်။ လေထုအပေါ် အမြင့်လွှာတွင် လေစီးကြောင်းဖြစ်ပေါ်လာပြီး တိုက်ခတ်နေသော လေထုထဲမှ မော်လီကျူးများကို တွန်းရွှေ့ရာ မော်လီကျူးအချင်းချင်း ပွတ်တိုက်မိကုန်ကြသဖြင့် လျှပ်စစ်ဓါတ် ဆောင်သော အမှုန်များထွက်ပေါ်လာသည်။ ထိုအချက်သည် မိုးကြိုးပစ်ရန် လမ်းစဖြစ်သည်။

လမ်းလျှောက်နေသော ခေတ်ပညာတတ်ထိုသူကလည်း မိုးတိမ်များ၏ ပြောင်းလဲသွားသော အခြေအနေကို သတိပြုမိသည်။ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ကျယ်ကျယ်လောင်လောင် မြည်လာသည်။ ထိုမိုးခြိမ်းသံတို့က သူ့ကို ခြောက်လှန့်စေလေသည်။

မိုးကြိုးပစ်ပုံကို အနေအထားအရ သုံးမျိုးခွဲခြားနိုင်သည်။ တိမ်တိုက်အတွင်း မိုးကြိုးပစ်ခြင်း ၊ တိမ်တိုက်တစ်ခုမှ တစ်ခုသို့ မိုးကြိုးပစ်ခြင်း နှင့် တိမ်မှ မြေပြင်သို့ မိုးကြိုးပစ်ခြင်း ဟူ၍ဖြစ်သည်။ ဘေးဒုက္ခအပေးဆုံးမှာ တိမ်မှ မြေပြင်သို့ပစ်ခြင်း ဖြစ်သည်။

မိုးကြိုးမုန်တိုင်းတို့သည် မိုးနှောင်းထက် နွေဥတုမှ မိုးဥတုသို့ အကူးအပြောင်း မိုးအကြိုကာလတွင် ပိုမိုဖြစ်ပွားသည်။ မိုးအမြင့်ရှိ အထက်ပိုင်းလေမှာ အေးသောလေထု ရှိနေတတ်သည်။ မြေပြင်တဝိုက်မှာ နေပူရှိန်ကြောင့် ပူနေသည်။ ဆက်လက်ဖတ်ရှုရန် »

စာအညွှန်း- ဖွဲ့တည်ရာ, မဂ္ဂဇင်း

သင်္ချာတွက်နည်း

Friday, July 24, 2009 1:15
ကဏ္ဍခွဲအမျိုးအစား ဟာသ
စာဖတ်သူ၏သုံးသပ်ချက်မရှိသေးပါ။

သင်္ချာပုစ္ဆာများကို အဖြေမြန်မြန်ရအောင် အောက်ပါနည်းများအတိုင်း တွက်ချက်ပါ……..





ကိုင်း… အဲလို တွက်ပစ်တော့ မမြန်ဘူးလား :P ခုရက်ပိုင်းအတွင်း ဖွဲ့တည်ရာမဂ္ဂဇင်း ဖတ်နေလို့ အသစ်မရေးဖြစ်နိုင်တာနဲ့ ဓါတ်ပုံတွေကိုပဲ ဆားချက်ချက်လိုက်တယ်ဗျာ။ သင်္ချာမှာ ခုလို ထူးချွန်နိုင်ပါစေ… :P

စာအညွှန်း- ဟာသ
« စာစုအဟောင်းများသို့
စာစုအသစ်များသို့ »

အခြားဆိုဒ်များသို့

  • Advertisement
  • Advertisement
  • လတ်တလောစာစုများ
  • စာဖတ်သူတို့အမြင်
  • Popular Tags
  • စကားဝိုင်းလေးဖန်တီးခြင်း 1 Comment Since Tuesday, December 15, 2009, 13:36
  • ညငှက်တို့မျက်ရည် 9 Comments Since Sunday, December 13, 2009, 7:01
  • သူရူး 7 Comments Since Friday, December 11, 2009, 6:10
  • Collection of Paper Art Album 3 Comments Since Thursday, December 10, 2009, 12:35
  • 7 VIPs 6 Comments Since Monday, December 7, 2009, 18:10
  • ခန့်မိုးခက်: ကိုသိင်္ဂါရမောင်ရေ မှားနေတဲ့စကားပုံများဆိုပြီး ပြန်မှားနေလို့ပြောပါရစေ။ ပန်းပဲသူလိမ် ပန်းထိမ်ရွေခိုးဆိုပြီး လောကပတ်ဝန်းကျင်မှာ တော်တော်အပြောတွင်ကျယ်...
  • သိ င်္ဂါ ရ: တကယ်ရောက်လာတာများလား လို့ ... :)...
  • သိ င်္ဂါ ရ: ဟုတ်ပ ဗျာ ... သနားစရာပေပေါ့ ... တစ်ခါတစ်ခါ အမှားတွေက ပြန်ပြင်ဖို့ သိပ်ခက်တာပဲဗျာ ......
  • Sai: ကောင်းတယ်ညီရေ..ကလောင် ရည် ကတော့ ရှယ်ပဲ၊ မရောက်တာကြာလို့ ဘာတွေရေးထားလဲ လာကြည့်တာ၊...
  • TGRmg: မောင်နွေသစ်@ ပြောကြတာတော့အစုံပဲဗျာ။ ကျနော် ကြားဖူးတာကျတော့ နတ်က ကချင်နေတဲ့လူကို ဗုံတီးပေးလိုက်တော့ မြှောက်ပေးသလို ဖြစ်သွားတာကို ဆိုလိုတဲ့သဘောလဲ ပြောတာ...
  • မောင်နွေသစ်: နတ်ရူးဗုံမြှောက်လားအကို... ညီက..နတ်ရူးဘုံမြှောက်လားလို့ ရူးတူးတူးပေါတောတောနတ်ကို...ဘုံအမြင့်ကို မြှောက်တင်ပေးလိုက်တာမျိုးများလားလို့......
  • မောင်နွေသစ်: အကိုရေ...ကဗျာလေးဖတ်ပြီး..ရင်ထဲ ထိသွားတယ်...တကယ်ကောင်းတဲ့ကဗျာလေးပဲဗျာ ဘ၀နဲ့ ခန္ဓာရင်းပြီး...ရုန်းကန်နေရတဲ့..ဘ၀လေးတွေကို မြင်သာစေတယ်...။...
Art Avast Birthday For computer Moscow Software tag Арбат ကဗျာ ကျပ် ချစ်သူများနေ့ စက်ရုပ် စာပေရပ်ဝန်း နည်းပညာ နည်းပညာစာပေ နာဂစ် ပိုက်ဆံ ဖွဲ့တည်ရာ ဘဝမှအမှတ်တရများ ဘလော့ဂ်ရပ်ဝန်း ဘ၀မှအမှတ်တရများ မဂ္ဂဇင်း မီးဘေး ယပ်တောင် လျှူဒါန်းမှု ဝတ္ထုတို သင်္ကြန် ဟာသ အချစ် အမှတ်တရများ

RSS Subscription

Subscribe via RSS reader:
Posts RSSComments RSS
Subscribe via Email Address:
  • ကဏ္ဍခွဲများ

    • Art
    • For blog
    • For computer
    • Software
    • Uncategorized
    • ကဗျာ
    • စာပေရပ်ဝန်း
    • နည်းပညာစာပေ
    • ဘ၀မှအမှတ်တရများ
    • လျှူဒါန်းမှု
    • ဝတ္ထုတို
    • သီချင်း
    • သူငယ်ချင်းတို့ တက်သမျှ
    • ဟာသ
    • အချစ်
    • အတွေးအမြင်
    • အထွေထွေ
    • တွေးမိတွေးရာ
    • တွေ့ကြုံမိရာ
  •  

  • Meta

    • Register
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • My Guests

  • ရေးခဲ့ပြီးသော စာစုများ

    • December 2009
    • November 2009
    • September 2009
    • August 2009
    • July 2009
    • February 2009
    • January 2009
    • October 2008
    • September 2008
    • August 2008
    • July 2008
    • June 2008
    • May 2008
    • April 2008
    • March 2008
    • February 2008
    • January 2008
    • December 2007
    • November 2007
  • လတ်တလောအခြေအနေ

    စာမေးပွဲရာသီ...
  • နိုင်ငံအလိုက်လာလည်ကြသူများ

  • ဆက်သွယ်ရန် မေးလ်လိပ်စာ

    TGRmg@TGRmg.Net
  • ယခုအချိန်တွင်

    ယောက် စာဖတ်နေပါသည်။
  • ယခုလအတွင်း ရေးသောရက်များ

    September 2010
    M T W T F S S
    « Dec    
     12345
    6789101112
    13141516171819
    20212223242526
    27282930  
Get Adobe Flash playerPlugin by wpburn.com wordpress themes
  • မူလစာမျက်နှာ
  • စကားဝိုင်း
  • သိင်္ဂါရမောင်ဆိုတာ
အချိန်ပေးပြီး လာရောက်ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Posts RSSComments RSS
အပေါ်သို့

Installed by SimpleScripts