Posts Tagged ‘ကျပ်’
မြန်မာငွေစက္ကူများ
Monday, February 9, 2009 12:55 11 Commentsငယ်ဘဝလေးကို ပြန်သတိရမိရင်း ဝမ်းနည်းစရာ တမ်းတစရာတွေထဲမှာ ရောယှက်ပြီး ပါလာခဲ့တယ်။ အရင်ကပေါ့ ဒီစက္ကူလေးတွေ မုန့်ဖိုးအဖြစ်ရတဲ့အခါ ပျော်ခဲ့ဖူးတယ်။ သမိုင်းစာတွေ ကျက်ရင်း ဒီစက္ကူလေးတွေပေါ်က မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ အမည်နဲ့ ရုပ်ပုံတွေကို မှတ်သားရင်း သူတို့ လုပ်ဆောင်ချက်တွေကို အကျယ်တပွင့်ပြောပြခဲ့တဲ့ ဖေဖေကြောင့် အမျိုးသားရေး စိတ်ဓါတ်တွေ တက်ကြွခဲ့ဖူးတယ်။ ဒီစက္ကူလေးတွေ တော်တော်များများ စုမိနေတဲ့ မိသားစုလေး ကံဆိုးမိုးမှောင် ကျခဲ့ဖူးတယ်။
နေ့စဉ် အကြွေစိလေးတွေပဲ မုန့်ဖိုးရနေတဲ့ ကလေးတစ်ယောက် ဒီစက္ကူလေး ရတဲ့နေ့ ကွန်ပါဘူးထဲမှာ သေချာလေး သိမ်းထားဖူးတယ်။ ဒီစက္ကူလေးတစ်ထုပ်နဲ့ မြို့တက်ပြီး ဈေးဝယ်တဲ့မိသားစု ဈေးဆိုင်ရှေ့ ရောက်တဲ့အချိန် ဒီစက္ကူတွေဟာ တရားမဝင်တော့တဲ့အကြောင်း သုံးခွင့်မရှိတော့တဲ့အကြောင်း ကြေညာသံကြောင့် ဒီစက္ကူတွေကို ပိုက်ရင်း မျက်ရည်တွေနဲ့ အိမ်အပြန်လမ်းမှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးတယ်။ ဒီလို မိသားစုပေါင်း [...]

