Posts Tagged ‘ချစ်သူများနေ့’
ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ
Thursday, February 14, 2008 5:15 6 Commentsမနေ့က မနက် နိုးနိုးချင်းပဲ (နိုးနိုးချင်းဆိုတာကလဲ နေ့လည် ၂ နာရီ ) ညီလေး သားဖြိုးက ချစ်သူများနေ့အတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ ဂိမ်းပွဲလေး တစ်ခုလုပ်ဖို့ ပြောလာတယ်။ ဘလော့ဂါတွေမှာ ချစ်တဲ့ ကောင်မလေးတွေနဲ့ ထပ်တူ ချစ်ရတဲ့ ကိုယ့်ဘလော့လေးနဲ့ ပတ်သက်ပြီး ပြိုင်ကြမယ့် ကစားပွဲလေး တစ်ခုပါ။ အကြောင်းအရာလေးတွေနဲ့ စည်းကမ်းချက်လေးတွေပါ သတ်မှတ်ထားလေရဲ့။ ဖတ်ကြည့်လိုက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ပဲ ညီလေးက တခြား ဘလော့ဂါတွေဆီလဲ မေးလ်ပို့ပြီး ကစားပွဲလေးကို ဖတ်ဖို့ ပြောတာနဲ့ အသိအားလုံးဆီ မေးလ်ပို့ခဲ့တယ်။ အွန်လိုင်း ရှိသမျှ သူငယ်ချင်းတွေကိုလဲ ချက်ချင်း ဖိတ်ခဲ့တယ်။ တစ်နေ့လုံး လူရော လက်ရော ဦးနှောက်ကော နားကို မနားလိုက်ရဘူး။ အကြောင်းအရာနဲ့ [...]
ရခဲ့ဖူးတဲ့ ချောကလက်တစ်တောင့်
Wednesday, February 13, 2008 2:53 6 Commentsချစ်သူများနေ့ဆိုတဲ့ နေ့လေးတစ်နေ့ ရင်ထဲကို စတင်ရိုက်ခတ်လာတဲ့ အချိန်ကတော့ ၉တန်း အရွယ်လောက်က စတာပါ။ အချစ်ဆိုတာ ဘာလဲလို့ စူးစမ်းနေတဲ့ အချိန်ပေါ့။ မတောက်တခေါက် ချစ်ချစ်မလေးတွေနဲ့ ပို့စ်ကတ်လေးတွေ လဲခဲ့ဖူးပါတယ်။ ခုချိန်ပြန်မြင်ယောင်မိတိုင်း ပြုံးယောင်သန်းမိပါတယ်။ ရည်းစားပါးလေး ဝလာတဲ့ နှစ်ရောက်တော့ လက်ဆောင်ရတဲ့ ချောကလက်တွေကို သူငယ်ချင်းတွေကို ပြုံးဖြဲဖြဲ ကြွားရင်း လိုက်ကျွေးဖူးလိုက်သေးသဗျ။ နောက်တနှစ်မှာတော့ မှတ်မှတ်ရရ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးသူကတော့ လက်ဦးဆရာအဖြစ် စာသင်ပေးတဲ့ အသက် ၆၀ လောက်ရှိသူ ရုရှားဆရာမကြီးပါပဲ။ ကျနော်တို့ကို စာသင်တာဟာ သူ့ဘဝရဲ့ နောက်ဆုံး စာသင်နှစ်ပါပဲလို့ သူပြောခဲ့တဲ့ စကားတွေကိုလည်း မမေ့နိုင်သေးဘူး။ ပင်စင် ယူတော့မယ်တဲ့လေ။ မြန်မာပြည်မှာ ရှိနေပေမယ့် ချစ်သူများနေ့မှာ အဓိပ္ပါယ်မဲ့ပြီး ယောင်တောင်တောင် ဖြစ်နေကြတဲ့ သူ့ကျောင်းသား [...]

