Posts Tagged ‘စကားပုံ’
လွဲမှားနေတဲ့ စကားပုံများ
Wednesday, November 4, 2009 1:59 9 Commentsစကား စကား စရင်းနဲ့ကားလေသလားပဲမသိဗျာ။ တဆင့်စကား တဆင့်နားနဲ့ ပျက်လာရတဲ့ စကားပုံလေးတွေကို ကြုံတာနဲ့ သိခွင့်ရလိုက်တာလေး ပြန်ပြီး မျှဝေချင်ပါတယ်။ ဒါလေးတွေ စသိသိချင်း ကျနော်ကိုယ်တိုင်ပဲ လက်ခံထားတဲ့ ဒီစကားတွေ တဆင့် တဆင့် မှားယွင်းစွာ လက်ခံလာတဲ့ စကားပုံတွေ ဘယ်လောက်တောင် ရှိလိမ့်အုံးမလဲ သိချင်လာမိတယ်။
ထားဝယ်ယိုကြပ်ခိုး >> ထားဝယ်ရိုးကြက်ခိုး
စကားပုံရဲ့ မူရင်းအဓိပ္ပါယ်ကတော့ ထားဝယ်ယိုဟာ ကြပ်ခိုးလို မဲပါတယ်။ ထားဝယ်သူ ထားဝယ်သားတွေလဲ အသားညိုပေမယ့် စိတ်ထား ဖြူစင်ရိုးသားကြပြီး စကားချိုသာတာကို တင်စားတဲ့ သဘောနဲ့ပါ။ အချိန်တွေ ကြာလာတော့ ဖြစ်လာပုံက ထားဝယ်တွေ ရိုးတယ်ဆိုတာ အနည်းဆုံး ကြက်တော့ ခိုးတတ်သလို ပြောဆိုလာကြ ၊ နားလည်လာကြရပါတော့တယ်။
ရှမ်းရိုးလင်ကိုး >> ရှမ်းရိုးလင်ခိုး / လင်ကိုး(ယောက်)
ရှမ်းရိုးရာ ရှမ်းသူတို့ဟာ သူတို့ရဲ့ [...]

