Posts Tagged ‘စာပေရပ်ဝန်း’
စိတ်မကောင်းဖြစ်မိခြင်း
Tuesday, February 12, 2008 9:01 5 Commentsဒီနေ့ မနက် စောစော နိုးလာတယ်။ မနေ့က ကျောင်းပြန် ပင်ပန်းပြီး စောစောအိပ်သွားလို့ မနက်ပို့စ်အသစ် ရေးမယ်ဆိုပြီး ထလာတာ။ အွန်လိုင်း ဝင်ပြီး မျက်စိတစ်ချက်ဝေ့လိုက်ရုံပဲ ရှိသေးတယ် စိတ်မကောင်းစရာက စတွေ့တော့တာပဲ။ ညကလဲ မလေးမ အပြောခံရလို့ စိတ်မကောင်းလဲဖြစ် စိတ်လဲတိုနေရတာ။ ခုတလော ဘာလို့ အဆင်မပြေတာတွေ ဖြစ်နေကြတာလဲ မသိတော့ဘူး။ ခုလည်း ကိုစိုးထက် နားပြီတဲ့။ တခြားဘက်မှာတော့ ပြောင်းရေးနေမှာပါတဲ့။ စာရေးဖို့ အားတင်းပြီး ထလာတဲ့ ကျနော် တော်တော်ကို စိတ်ဓါတ်ကျသွားတာဗျာ။ အရင်ရက်တွေကလည်း နှုတ်ဆက်သွားတဲ့ သူတွေ တယောက်ပြီး တယောက်တွေ့နေခဲ့ရတယ်။ ကျနော်တို့ဟာ မိဝေးဖဝေး ရေခြား မြေခြားမှာ မိဘဆွေမျိုးတွေ လွမ်းတဲ့စိတ်ကို မျိုသိပ်ပြီး မမြင်ဖူး မတွေ့ဖူးသူချင်းတွေ ခင်မင်ရင်း တစ်ယောက်နဲ့ တစ်ယောက် [...]

