Posts Tagged ‘နာဂစ်’
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြရန်
Sunday, May 25, 2008 20:40 6 Commentsရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများ အနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI) မှ လက်ခံရရှိသော အလှူငွေ US $ 2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့ လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှတစ်ဆင့် ဆက်သွယ် ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။
၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ငွေကျပ် (၁၀) သိန်း အား ထပ်မံ ထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န်ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ထံသို့ [...]
တခါက တို့ကျောင်းဆောင်လေး
Friday, May 9, 2008 3:36 16 Comments“ ဖောက် ! ”
“ ဖောက် ! ”
“ ဖောက် ! ”
“ဟာ သွားပြီ။ ဟေ့ကောင် ငါ့စာအုပ်ပေါ် မိုးရေတွေ စိမ့်ကျလာပြီ။”
“အေးကွ ငါ့စာအုပ်ပေါ်လဲ ကျလာပြီ။”
“ကဲ တပည့်တို့ စာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး အတန်းနောက်မှာ စုပြီး ထိုင်နေကြနော်။”
ကျောင်းဆောင်အိုလေးရဲ့ သက်ကယ်မိုးတို့ မိုးရွာသည့်အခါတိုင်း မိုးစက်တို့ကို သူ့ရဲ့ မလုံမလဲ အကာအရံအောက်မှာ စာသင်နေသော ကျနော်တို့ဆီ လက်လျှော့ စွန့်လွှတ်လိုက်မြဲ။ မိုးပေါက်တို့ စာအုပ်ကျလာသည်ကို စာသင်နေဆဲ ဆရာမကလည်း သတိထားမိသွား သည်ထင်။ စာသင်ဆောင်ရဲ့ နောက်နားက မိုးအနည်းငယ်လုံသော မြေကွက်လပ်လေးဆီ စုထိုင်ခိုင်းလိုက်လေသည်။ ရေးလက်စ စာအုပ်ကို အမြန်လွယ်အိတ်ထဲ ထိုးထည့်ပြီး အတန်းနောက်လေးမှာ စုထိုင်နေလိုက်ကြသည်။ စာသင်ခုံတွေပေါ်မှာ မိုးရေတို့ တဖြည်းဖြည်း ရွှဲစိုလာသည်ကိုသာ ထိုင်၍ကြည့်နေရတော့သည်။

