Posts Tagged ‘ဖွဲ့တည်ရာ’
အိုဘယ့် မိုးကြိုး
Friday, July 24, 2009 4:02 2 Commentsအသင် မိုးကြိုးပစ်ခံရဖူးပါသလား ??
မိုးကြိုးပစ်ခံရသူတို့ ဘယ်လိုခံစားရပါသလဲ ??
မိုးကြိုးဘာ့ကြောင့်ပစ်ရသလဲ ??
အချိန်ကား မိုးဦးရာသီ၏ ပူအိုက်လွန်းသော နေ့လယ်ခင်း။ မိုးကောင်းကင်တွင် ကူးမျူးလပ် တိမ်စိုင်တိမ်လိပ်များ ရှိနေသည်။ တိမ်စိုင်များ၏အောက် မြေပြင်တွင် သက်လတ်ပိုင်း အမျိုးသား တစ်ဦး လမ်းလျှောက်နေသည်။
ထိုစဉ် လေဖိအားမြင့်ရပ်ဝန်းတစ်ခု ရောက်ရှိလာပြီး မိုးကောင်းကင်သည် အုံ့မှိုင်းမှိုင်း ဖြစ်သွားသည်။ လေထုအပေါ် အမြင့်လွှာတွင် လေစီးကြောင်းဖြစ်ပေါ်လာပြီး တိုက်ခတ်နေသော လေထုထဲမှ မော်လီကျူးများကို တွန်းရွှေ့ရာ မော်လီကျူးအချင်းချင်း ပွတ်တိုက်မိကုန်ကြသဖြင့် လျှပ်စစ်ဓါတ် ဆောင်သော အမှုန်များထွက်ပေါ်လာသည်။ ထိုအချက်သည် မိုးကြိုးပစ်ရန် လမ်းစဖြစ်သည်။
လမ်းလျှောက်နေသော ခေတ်ပညာတတ်ထိုသူကလည်း မိုးတိမ်များ၏ ပြောင်းလဲသွားသော အခြေအနေကို သတိပြုမိသည်။ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ကျယ်ကျယ်လောင်လောင် မြည်လာသည်။ ထိုမိုးခြိမ်းသံတို့က သူ့ကို ခြောက်လှန့်စေလေသည်။
မိုးကြိုးပစ်ပုံကို အနေအထားအရ သုံးမျိုးခွဲခြားနိုင်သည်။ တိမ်တိုက်အတွင်း မိုးကြိုးပစ်ခြင်း [...]
ချစ်သူသို့ သတိကဗျာ
Thursday, July 23, 2009 23:51 1 Commentချစ်သူရေ….
ကြိုက်သလောက် ချစ်လိုက်စမ်းပါ
နှောင်ကြိုးတော့မဖြစ်စေပါနဲ့
အချစ်ဆိုတာ တို့နှစ်ယောက်ကြားက
လွတ်လွတ်လပ်လပ် သွားလာနေတဲ့
နားလည်မှုတစ်စုံတစ်ရာလေးပဲ ဖြစ်ပါစေ…
ချစ်သူရေ…
ချစ်ခြင်းကို ယုံကြည်မှုတွေနဲ့မွန်းမံလိုက်ပါ
သဝန်တိုစိတ်တွေ မဖြစ်လိုက်ပါနဲ့
လောကကြီးမှာ ဝန်ဆောင်မှုတွေများလို့
အသုံးအဆောင်ပိုလှလာတယ်ဆိုပေမယ့်
အလျော့တွက်လက်ခပိုလာတာမျိုး မဖြစ်ပါစေနဲ့…
တစ်နှစ်ပြည့်ဖွဲ့တည်ရာ ထွက်ပြီ
Wednesday, February 11, 2009 2:36 1 Commentသိရတာနဲ့ ချက်ချင်းသွားယူပြီး ဖတ်နေတုန်းဗျို့။ အကုန်ဖတ်လို့ မပြီးသေးပေမယ့် အပြင်အဆင်ရော ဖတ်ပြီးသမျှတွေရော တကယ့်အားရစရာပါပဲ။ အယ်ဒီတာအဖွဲ့လည်း မောပေမယ့် ကြည်နူးပီတိတွေ ဖြစ်နေလောက်ရောပေါ့။ ဖွဲ့တည်ရာ အမြဲအောင်မြင်နေပါစေ။ အနုပညာမြောက်စွာ အမြဲလှပနေ ပါစေဗျာ။ ဖတ်နေရင်းနဲ့ ပို့စ်ချက်ချင်းရေးပြီး တင်လိုက်တာဗျာ။ ကျွန်တော့်က ကဗျာတစ်ပုဒ်နဲ့ သုတဆောင်းပါးတစ်ပုဒ် ပါဝင်ဆင်နွဲထားပါတယ်။ ဖွဲ့တည်ရာမီဒီယာ မှာ ဒေါင်းလုပ်ချနိုင်သလို ကျွန်တော်လဲ ထပ်တင်ထားလိုက်ပါတယ်ဗျာ။ ဒီမှာ Download (14.29MB) နိုင်ပါတယ်။ ဆက်ဖတ်လိုက်အုံးမယ်ဗျို့
ဖွဲ့တည်ရာ မဂ္ဂဇင်း အမှတ် (၄)
Friday, August 8, 2008 16:03 2 Commentsတခါထက်တခါ မရိုးရအောင် ၊ အရည်အသွေး ပိုပိုကောင်းလာတဲ့ ဖွဲ့တည်ရာမဂ္ဂဇင်း အမှတ်(၄) ထွက် လာပြန်ပါပြီ။ (၄) ရက်နေ့ကတည်းက ထွက်တာပါ။ ကလောင်ရှင် အဟောင်းတွေရော အသစ် တွေပါ ရေးထားတဲ့ ဆောင်းပါးကောင်း ကဗျာကောင်းတွေ ဖတ်ရတာ ရသရှိလှပါတယ်။ ကျနော်ကသာ ရှေ့တစ်လလုံး မအားဖြစ်လို့ ဒီတစ်ပတ် ဆောင်းပါးကောင်း တစ်ပုဒ်မှ မရေးဖြစ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တစ်ခု လို့တောင် ခံစားရပါတယ်။ အယ်ဒီတာအဖွဲ့ရဲ့ စီစဉ်ပေးမှုကြောင့်သာ ကဗျာတစ်ပုဒ် ပါခွင့်ရသွားတဲ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်းပါ။ မဖတ်ဖူးသေးသူများ သိနိုင်ကြစေဖို့ ထပ်ကြေညာပေးလိုက်ပါတယ်။ ဒီမှာ Download နိုင်ပါတယ်။ ဖွဲ့တည်ရာ ဒီထက်မက အောင်မြင်ပါစေ…
ဖွဲ့တည်ရာ မဂ္ဂဇင်းထွက်ပြီ
Monday, March 3, 2008 14:52 No Commentsကဗျာ ၊ ဟာသ ၊ ဆောင်းပါး ၊ ဝတ္ထုတို ၊ နည်းပညာရပ်များ ၊ အင်္ဂလိပ် အရေးအသားများ ပါဝင်သော အယ်ဒီတာ ကိုသင်ကာရဲ့ ရသစုံလင်စွာနဲ့ ရေးသွားဖွဲ့စည်းထားတဲ့ ဖွဲ့တည်ရာ မဂ္ဂဇင်း ထွက်လာပါပြီ။ တခါတည်း ဖတ်နိုင်အောင် တင်ပေးထားပါတယ်။ လေ့လာချင်ရင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ ဒီမှာ Download ပါ ခင်ဗျာ။

