Posts Tagged ‘ဘ၀မှအမှတ်တရများ’
တခါက မီးလောင်ပြင်မှာ (၂)
Friday, February 29, 2008 3:38 5 Commentsမနေ့က တန်းပလိတ်ပြင်နေလို့ အပြီးသတ်မရေးနိုင်ဖြစ်နေတာ။ Mozilla နဲ့ အဆင်ပြေပေမယ့် IE နဲ့တော့ နည်းနည်း အဆင်မပြေတာတွေ ရှိသေးတယ်။ ခါးနာတော့လဲ ကွန်ပျူတာရှေ့ ကြာကြာမထိုင်နိုင်တာ ပါပါတယ်။ ဒါပေမယ့် ညနေမှာတော့ စိတ်ညစ်တာတွေ ဖြေဖျောက် နိုင်ခဲ့လို့ လန်းလန်းဆန်းဆန်းနဲ့ စာပြန်ရေးနိုင်ခဲ့ပါပြီ။ ကဲ.. ဆက်ပါတော့မယ်။
လေအဝှေ့မှာ ပျော်နေတဲ့ မီးညွန့်တွေက ကျနော်တို့ ပစ်ပေါက်နေတဲ့ ရေသန့်ဗူးတွေ ၊ ပက်နေတဲ့ ရေတွေက သူ့ကို ကြည်စယ်နေတယ် ထင်ပ။ ရေကလည်း မလုံလောက်တော့ ထိထိမိမိ ပက်နိုင်အောင် လူက တောက်နေတဲ့ မီးတောက်နား တိုးသွားချိန်မှာ အသံ ကျယ်ကျယ် တစ်ခုမြည်ပြီး မီးလုံးကြီးတစ်လုံး မြောက်တက်သွားတာကို မြင်လိုက်ရပါတယ်။ လူကို ကြက်သေသေ သွားသလိုပဲ။ ရေတွေ ချွေးတွေ [...]
တခါက မီးလောင်ပြင်မှာ (၁)
Wednesday, February 27, 2008 2:33 7 Commentsခုတလော လူရော စိတ်ရော ထိခိုက်မှုတွေ များနေလို့ ဘလော့ဘက်မလှည့်ဖြစ်တာ တပတ်လောက်ဖြစ်သွားမိတယ်။ လူက ခါးနာလိုက် လက်ကို ဆီပူလောင်လိုက်နဲ့ ဖြစ်နေတာများ ပြောကို မပြောချင်တော့ဘူး။ ငယ်ငယ်လေးနဲ့ ခါးနာရလားလို့ မေးစရာတော့ရှိတယ်။ ကျနော် တက္ကသိုလ် ဒုတိယနှစ်ကတည်းက လေ့ကျင့်တဲ့ ဒါဏ်တွေကြောင့် ခါးရိုး အဆစ်လွဲခဲ့တာပါ။ ဒုတိယနှစ် ခွင့်ရက်ရလို့ အိမ်ပြန်တော့ မနက်တွေဆို ကျနော် ဘယ်လိုမှ မထနိုင်ဘူး ဖြစ်နေခဲ့တာကို မိဘတွေက သတိထားမိတော့ ဓါတ်မှန်ရိုက်ဖို့ အတင်းခေါ်တာနဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။ ဓါတ်မှန်ပြားထွက်လာတော့ မေမေက ငိုလိုက်တာ…။ သူ့သား ဒီလောက် ပင်ပန်းခဲ့ရတယ်ဆိုပြီးတော့။ ကျနော်လဲ တော်တော် စိတ်ညစ်သွားခဲ့တာ။ ဆေးတွေ အများကြီး သောက်ခဲ့ရပေမယ့် လုံးဝပျောက်သွားတယ် မရှိပဲ တခါတခါ ပြန်နာတတ်တယ်လေ။ ဆီပူလောင်တာတော့ အိမ်ရှင်မမရှိသေးတော့ [...]
ရခဲ့ဖူးတဲ့ ချောကလက်တစ်တောင့်
Wednesday, February 13, 2008 2:53 6 Commentsချစ်သူများနေ့ဆိုတဲ့ နေ့လေးတစ်နေ့ ရင်ထဲကို စတင်ရိုက်ခတ်လာတဲ့ အချိန်ကတော့ ၉တန်း အရွယ်လောက်က စတာပါ။ အချစ်ဆိုတာ ဘာလဲလို့ စူးစမ်းနေတဲ့ အချိန်ပေါ့။ မတောက်တခေါက် ချစ်ချစ်မလေးတွေနဲ့ ပို့စ်ကတ်လေးတွေ လဲခဲ့ဖူးပါတယ်။ ခုချိန်ပြန်မြင်ယောင်မိတိုင်း ပြုံးယောင်သန်းမိပါတယ်။ ရည်းစားပါးလေး ဝလာတဲ့ နှစ်ရောက်တော့ လက်ဆောင်ရတဲ့ ချောကလက်တွေကို သူငယ်ချင်းတွေကို ပြုံးဖြဲဖြဲ ကြွားရင်း လိုက်ကျွေးဖူးလိုက်သေးသဗျ။ နောက်တနှစ်မှာတော့ မှတ်မှတ်ရရ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးသူကတော့ လက်ဦးဆရာအဖြစ် စာသင်ပေးတဲ့ အသက် ၆၀ လောက်ရှိသူ ရုရှားဆရာမကြီးပါပဲ။ ကျနော်တို့ကို စာသင်တာဟာ သူ့ဘဝရဲ့ နောက်ဆုံး စာသင်နှစ်ပါပဲလို့ သူပြောခဲ့တဲ့ စကားတွေကိုလည်း မမေ့နိုင်သေးဘူး။ ပင်စင် ယူတော့မယ်တဲ့လေ။ မြန်မာပြည်မှာ ရှိနေပေမယ့် ချစ်သူများနေ့မှာ အဓိပ္ပါယ်မဲ့ပြီး ယောင်တောင်တောင် ဖြစ်နေကြတဲ့ သူ့ကျောင်းသား [...]

