Posts Tagged ‘ယပ်တောင်’
သူ…
Tuesday, February 19, 2008 2:08 8 Commentsဘဝထဲကို သူရောက်လာတော့
ပိန်ပိန်ပါးပါး အရိုးကားနဲ့
ခန္ဓာပြားပြားလေးပါ။
အထင်တော့ မသေးလိုက်နဲ့
လူမှုရေးမှာ လက်မနှေးဘူး။
သာရေးမှာလဲ ဝိုင်းကူပေးတယ်
နာရေးမလဲ မခိုကပ်ဘူး
နွေဆိုရင်လဲ ရောက်အောင်လာမယ်။
မိုးစက်တို့ ဒဏ်
နှင်းရိုက်တဲ့ ဒဏ်တွေကြောင့်
ပင်ကိုယ်ရောင်တွေ လွင့်လာတော့
မီးဖိုချောင်က မီးတောက်လေးရဲဖို့
သူ့ကို သုံးကြသေးတယ်။
သူ့ မသန်စွမ်းတော့ရင်တော့
မီးတောက်လေးရဲဖို့
သူ့ခန္ဓာတွေ စတေးရတယ်။
အေးမြခြင်းတလှည့်
ပူခြင်းတဖုံ ပေးစွမ်းတဲ့
သူ့နာမည် “ယပ်တောင်” တဲ့…

