Posts Tagged ‘ဟာသ’
မယုံရင်ကြည့်ပေါ့
Thursday, September 10, 2009 8:34 13 Commentsဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။ ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး [...]
သင်္ချာတွက်နည်း
Friday, July 24, 2009 1:15 No Commentsသင်္ချာပုစ္ဆာများကို အဖြေမြန်မြန်ရအောင် အောက်ပါနည်းများအတိုင်း တွက်ချက်ပါ……..
ကိုင်း… အဲလို တွက်ပစ်တော့ မမြန်ဘူးလား ခုရက်ပိုင်းအတွင်း ဖွဲ့တည်ရာမဂ္ဂဇင်း ဖတ်နေလို့ အသစ်မရေးဖြစ်နိုင်တာနဲ့ ဓါတ်ပုံတွေကိုပဲ ဆားချက်ချက်လိုက်တယ်ဗျာ။ သင်္ချာမှာ ခုလို ထူးချွန်နိုင်ပါစေ…
နှစ်ပေါက်အကြွေး
Monday, October 27, 2008 5:57 9 Commentsဘလော့ဂ်ကို ပြန်ဝင်ပြီမို့ Gtalk လေး ပြန်ဝင်ပြီး သူငယ်ချင်းတွေနဲ့ ဟိုပွား ဒီပွားလေး လုပ်ကာစရှိသေး တုံ! တုံ! ဆိုပြီး တက်လာလိုက်တဲ့ message က မရွှန်းမီရဲ့ “Tag… Tag” တဲ့။ တစ်လကျော်ပြီမို့ မေ့ချင်ယောင်ဆောင်နေတာ သူက မမေ့ပဲ တွေ့တွေ့ချင်း ချက်ချင်း အကြွေးတောင်းတော့တာ။ သူ့ဆီက ပိုက်ပိုက်ချေးဖို့ ဘယ်တော့မှ စိတ်ကူးတော့ဘူး (အကြွေးတောင်း သန်လွန်းလို့ ဟိ)။ ဒါနဲ့ပဲ မျက်နှာချိုသွေးပြီး “ခုညပဲ ရေးပေးပါမယ် ညကတည်းက မအိပ်ရသေးလို့ ခုနေ့လည် ခဏအိပ်လိုက်အုံးမယ်” ပေါ့။
“တကယ်လား” တဲ့။ ကဲကြည့် ! မေးပုံကိုက မယုံမကြည်နဲ့
“တကယ်ပေါ့” ဘာညာဘာညာ ရွှီးပေးလိုက်တာ တကယ်ယုံသွားတယ်နဲ့ တူပါတယ်။
“ဒါဆို စောင့်နေပြီ” တဲ့။
“သု သု” [...]
ရယ်ရွှင်ပြုံး
Saturday, October 25, 2008 8:24 1 CommentAvast Anitvirus အကြောင်း လေ့လာရင်းနဲ့ တွေ့မိတဲ့ ဗီဒီယိုလေး တစ်ခု တင်ပေးလိုက်တယ်ဗျာ။ ဒီလို ဆိုးသွမ်းနေတဲ့ကောင်ကို နောက်ဆုံး Avast ကပဲ ထိမ်းလိုက်နိုင်တယ်ဆိုတဲ့ သဘောပေါ့။ အပျင်းပြေ ပြုံးပျော်နိုင်ပါစေဗျာ။
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်
Saturday, September 20, 2008 3:02 14 Commentsဟိုတခါတုန်းက တက်တာတွေ ခေတ်စားလိုက်တုန်းက ဘလော့တွေမှာ ပြဿနာ နည်းနည်းဖြစ် ပြီးကတည်းက တက်တာတွေ ရပ်သွားလိုက်တာ ခုပြန်ပေါ်လာပြန်ပီပေါ့။ ရှေ့တစ်လကျော်လောက် ကတည်းက မအားဖြစ်လို့ ဘလော့ကို ပစ်ထားမိတာ တက်ကြွေးရေးပေးဖို့လဲ တော်တော်ကို နောက်ကျသွားတယ်။ နောက် – မွေးနေ့တုန်းကလဲ ပွဲလုပ်ပေမယ့် ဘာမှမရေးဖြစ်တာ ဘာရယ်မဟုတ် ပါဘူး မအားတာရယ် နောက် ဘလော့ဘက်မှာ ကွာနေတာကြာပြီး ခုရက်မှ ထမရေးတယ်ဖြစ်မှာ စိုးလို့ပါ။ သိသွားလို့ လာနှုတ်ဆက်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို အားနာနာနဲ့ ကျေးဇူးတင်မိပါတယ်။ ကဲ … တက်ဂိမ်းစလိုက်တဲ့ မီးငယ် နဲ့ ဘော့ဒကာကြိမ်း ကြိမ်းနေတဲ့ မောင်ငယ် ရေ …. စပြီကွ။
နာမည် ——– မင်းကျန်စစ် (ဘာလို့ ပေးမိလိုက်လဲတော့ နောက်မှ ရေးတော့မယ်)
သူငယ်ချင်းတွေက [...]
ထားဝယ်သားရယ်…
Tuesday, August 12, 2008 15:16 18 Commentsထားဝယ်သား သူငယ်ချင်းတစ်ယောက် အိပ်သို့လာလည်သောအခိုက် …
“အောင်ကျော်ထွင်းရာ …… မင်းအတွက် ထားဝယ်ကနေ ပုဆိုး ခွင်နထည် ဝယ်လာတာ တစ်ထည်က တွင့်ကျေနေလို့ မီးပူထိုးလိုက်တာ မီးကျွင်းသွားလို့ ခြောက်ထည်ပဲ ပါလာရ တော့တယ်”
အောင်ကျော်ထွန်းက လဖက်သုတ်စားနေရင်း နားလည်အောင် မနည်းနားထောင်နေ၏။
“အောင်ကျော်ထွင်းရာ ဧည့်သည်ကို ဧည့်ခံတဲ့ လဖက်သုတ် မင်းပဲစားနေတယ်။ ငါ့လဲ ဇွင်းပေးပါအုံးကွ”
“မင်းစကားနားထောင်ရတာလဲ မျက်စိလည်လိုက်တာကွာ။ ဇွန်းတော့ ပီအောင်ပြောပါဟ။”
“ထားဝယ်သား ထားဝယ်သံပဲ ထွက်မှာပေါ့ အောင်ကျော်ထွင်းရ”
“မြန်မာလို မပီရင် အင်္ဂလိပ်လို ပြောကွာ။ ပီအောင် ပြောနိုင်မှ ပေးမယ်”
“စပွင်းးးးး”
တက္ကသိုလ်တက်တုန်းက ထားဝယ်သားတွေကို နောက်ခဲ့တာကို သတိရလို့ ပြန်ရေးမိတာဗျာ။ ထားဝယ်သားတွေ လာဖတ်မိရင် ခွင့်လွှင့်ပေးကြပါ
ကျွန်မသိပြီ
Friday, August 8, 2008 16:47 7 Commentsဂီတပညာရှင်ကြီး မစ္စတာထင်ပေါ် နှင့် မစ္စစ်ထင်ပေါ်တို့၏ အိမ်ထောင်သက် အနှစ် လေးဆယ်ပြည့် မင်္ဂလာပွဲသို့ မစ္စတာ ထုံပေတို့ ဇနီးမောင်နှံလာရောက်ကြသည်။ ဧည့်ခံပွဲတွင် စားသောက်ကြပြီးနောက် မစ္စတာထုံပေမှာ အတော်လေး မူးနေပြီဖြစ်သည်။ အပေါ့သွားချင် သဖြင့် မစ္စတာ ထင်ပေါ်အား ရေအိမ်ရှိရာကို မေးမြန်းပြီး တယိမ်းတယိုင်ဖြင့် သွားခဲ့ရသည်။
ဧည့်ခံပွဲမှ အပြန်တွင် မစ္စတာထုံပေက သူ့၏ဇနီး မစ္စစ်ထုံပေအား
“ထင်ပေါ်တို့ ချမ်းသာလိုက်ပုံများ ဆီးသွားတဲ့ခွက်ကိုတောင် ရွှေနဲ့ လုပ်ထားတယ်ကွာ။ အံ့ရောပဲ”
“ဟုတ်ပမလားရှင်…။ ရှင်မူးနေခဲ့လို့ အမြင်မှားတာ နေမှာပါ။ ကျွန်မတော့ မယုံဘူး”
စိတ်မကောင်းစွာနဲ့…
Saturday, July 5, 2008 3:22 19 Commentsဘဝက ဆိုးလိုက်ပုံများဗျာ။ ပြောကို မပြောချင်တော့ပါဘူး ရှက်လဲ ရှက်ပါရဲ့။ ခုလအတွက် အင်တာ နက်ကို စားစရာနဲ့ လဲလိုက်ရတယ်ဗျာ။ နွေရာသီ ကျောင်းအားရက်မှာ အချိန်လေးပိုတုန်း ဘလော့ကို အားစိုက်လိုက်မယ်လို့ မှန်းထားတာ ခုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ မိုက်မိတာလေ အရင်နှစ်တွေ လတွေက မစုမဆောင်းပဲ အမြဲ သုံးဖြုန်းနေခဲ့တာ ခုတော့ အင်တာနက်ကြေး လေးတောင် သွင်းစရာ မကျန်တော့လောက် အောင်ပဲဗျာ။ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခေတ္တခွဲနေရတာ တကယ်ကို စိတ်မကောင်းဖြစ်နေပါတယ်။ သူငယ်ချင်းအားလုံးကို သတိရနေပါ့မယ်။ ဒီလကျော်လို့ အဆင်ပြေတဲ့ တစ်နေ့မှ ပြန်ဝင်လာခဲ့မယ်ဗျာ…
သူမနဲ့ အဟောင်းများ
Friday, June 27, 2008 20:42 32 Commentsချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။
လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။
အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။
မန်းနေးဂျင်းသို့ …
Tuesday, May 20, 2008 1:46 20 Commentsသို့ /
မန်နေးဂျင်း ဒါရိုက်တာ (သို့) ဘော့စ်
အကြောင်းအရာ။ ။ လစာမဲ့ခွင့် ခံစားခွင့်တောင်းခံခြင်း။
ကျွန်တော် အနုပညာ ဖြန့်ဖြူးရေး ကိုယ်စားလှယ် ကိုကျန်သည် ယခုရက်ပိုင်းအတွင်း ဇနီးသည် မပရိုဂရမ်မှာ ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည်ကတစ်ကြောင်း ၊ သမီးငယ် သီအိုရီ၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကတစ်ကြောင်း ၊ ( 0 နှင့် 1 ) နှစ်လုံးတည်းသာသိကာ ဥာဏ်ရည်မမှီဖြစ်နေသော သားကြီး မောင်ဒစ်ဂျစ်တယ်ကို သွန်သင် ဖြောင့်ဖြပေးနေရသည်က တစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းများကြောင့် ရုံးတက်ချိန်မမှန် ၊ စာရင်းစစ်များ လာသော်လည်း စာရင်းရှင်းတမ်းများ ထုတ်မပေးနိုင် ၊ နယ်လက်ခွဲများလို့ ဖြန့်ဖြူးရာတွင်လည်း လစ်ဟင်း နှောင့်နှေးခဲ့သည်များကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ယုတ်လျော့ခဲ့ရသည်။ မန်းနေးဂျင်းတို့၏ နားလည် ခွင့်လွှတ်ပေးမှုများကြောင့်သာ [...]

