Posts Tagged ‘ပြက္ခဒိန်’
မယုံရင်ကြည့်ပေါ့
Thursday, September 10, 2009 8:34 13 Commentsဗြောင်နိမ်… ဗြောင်နိမ်…. ဗြောင်နိမ်… ဗြောင်နိမ်… ဗြောင်ဗြောင်….
“အခုချိန်ကစပြီး သတင်းများကို ကြေညာပါတော့မယ် ခင်ဗျာ…”
“ဒီကနေ့ ခရစ်သက္ကရစ် ၂၀၀၉ ခု စက်တင်ဘာလ (၁၂) ရက် ၊ မြန်မာသက္ကရစ် ၁၃၇၁ ခု တော်သလင်းလဆုတ် (၉) ရက် စနေနေ့ သတင်းများကို ကြေညာပါမယ်။ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ အားလျှော်.. လျှော်.. လျှော်”
“အာ…. ဟိုး ဟိုး ဟေ့လူ တိုက်ရိုက်လွှင့်နေတာဗျ။ သတင်းကြေညာနေတာ နောက်စရာမှတ်နေလား။ ဘယ့်နှယ့် တော်သလင်းလကြီးမှာ သင်္ကြန်အကြိုနေ့ လုပ်နေရတာတုန်း။”
“ဘာဗျ ကျုပ်က သတင်းလိမ်ပြီး ကြေညာနေတယ် ထင်လို့လား။ ဒီနေ့ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြိုနေ့စစ်စစ် ဟွန်း”
“ဟာဗျာ ဒီလူတော့ ဒုက္ခပဲ။ စက်တင်ဘာလလေဗျာ။ ဖြစ်နိုင်မလား သေချာစဉ်းစားပါအုံး”
“ဘာမှ စဉ်းစားစရာမလိုဘူး [...]

