Posts Tagged ‘Art’
Collection of Paper Art Album
Thursday, December 10, 2009 12:35 3 Commentsဝါသနာပါရာ စိတ်ကူးနဲ့ တီထွင်ဆန်းသစ်ပြီး တစ်မျိုးစီ ရူးသွပ်မှုတွေထဲက လက်ဝင်လှတဲ့ One Paper Art ကို စုမိထားသလောက် အဟောင်းတွေရော အသစ်တွေပါ အားလုံးစုပြီး တင်ပေးလိုက်တာပါ။ လိုချင်ရင်တော့ ဒီမှာ Download နိုင်ပါတယ်။
အနုပညာလမ်းလေး (၁)
Thursday, August 27, 2009 23:40 6 Commentsဒီလမ်းလေးမှာပေါ့ အနုပညာစုံတယ်။ ခံစားချက်စုံတယ်။ အသွေးအရောင်စုံတယ်။
ခုလိုပွင့်လင်းရာသီမှာ မော်စကိုမြို့ရဲ့ အထင်ကရနေရာတွေက သာမန်အချိန်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာတယ်။ တစ်သက်တာမှာ ရောက်ဖူးခဲ့တဲ့ လမ်းလေးထဲမှာ ဒီလမ်းလေးကတော့ အမှတ်တရအရှိဆုံး။ ဒီလမ်းလေးဟာ ဇတ်ခုံတစ်ခုအဖြစ် ဘဝပေါင်းများစွာ ရှင်သန် လှုပ်ရှားနေကြတာကို အခင်းအကျင်း အစုံအလင်နဲ့ ပြသတယ်။ နိုင်ငံခြားသားတွေကို လည်ပတ်ချင်စေဖို့ အလှဆုံး ဖိတ်စာတစ်ခုလို ရိုက်နှိပ်တယ်။ ဗဟုသုတတွေကို အခမဲ့ ပြခန်းတစ်ခုလို တင်ဆက်တယ်။ ဖျော်ဖြေမှုပေါင်းမျိုးစုံ သူ တတ်ကျွမ်းတယ်။ ပွဲလမ်းသဘင် တစ်ခုခုကို အမြဲ ထမ်းပိုးထားတယ်။
မြေအောက်ရထား ဘူတာထဲက ထွက်လိုက်လို့ ဒီလမ်းလေးရဲ့ အဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ လူတွေမျက်နှာဟာ သာမန်လူတွေမှာ မြင်ရတဲ့ ဘဝအမောတွေ ပြေပျောက်နေတာကို တွေ့ရတယ်။ လမ်းလေးထဲကို စရောက်တာနဲ့ မျက်လှည့်ပြပွဲလေး တစ်ခုက ဆီးကြိုနေတတ်တယ်။ အင်တာနက်မှာ မြင်ရတဲ့ [...]

