Posts Tagged ‘Birthday’
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ
Friday, September 11, 2009 3:11 15 Commentsသေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။
ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။
ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။
ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
ဪ် အမေ အမေ
Tuesday, January 29, 2008 4:44 7 Commentsသားကို မမွေးပေမယ့် ခုချိန်ထိ လူလားမြောက်အောင် ကျွေးလဲကျွေး တိုက်လဲတိုက်ခဲ့တဲ့ အမေစိန်ရေ … ခုဆိုရင် အသက် ၂၃ နှစ်တောင် ပြည့်ခဲ့ပြီနော် သားလေ… အမေ့မွေးနေ့ကို နိုးနိုးချင်း ဆုတောင်းပေးခဲ့ပေမယ့် အမေ့အတွက်တော့ သားရဲ့ ဆုတောင်းသံက အရင်ဆုံး မဖြစ်ခဲ့ရတဲ့အတွက်တော့ ချိတ်မတောင်းဘူး။ ဒါပေမယ့် သူများနဲ့ မတူတဲ့ မွေးနေ့လက်ဆောင်ပေးပြီး ဆုတောင်းပေးခဲ့တဲ့အတွက်တော့ ကျေနပ်ပါတယ်လို့ ပြောလို့ သားစိတ်တွေ လျှော့နိုင်ခဲ့တာ အမေ။ သားကို အလိုလိုက်ပြီး ကျွေးမွေးပြုစုခဲ့တာတွေအတွက်လဲ ကြည်နူးမိတယ် အမေ။ ချွေးမလေးကိုလဲ သားနဲ့မခြား အချစ်တွေ ပေးနိုင်တဲ့အတွက် အမေ့ကို ကျေးဇူးတင်နေမြဲပါ။ သားမျှော်လင့်တာတွေ နောင်တချိန်မှာ တကယ်ရှိလာရင်လေ အမေ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လိုပဲ

